သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ျမန္မာ့စိုက္ပ်ိဳးေရးအတြက္ အခ်ိန္ေပးရမယ့္ ေရအစီအမံ


Myanmar farm workers

ပီ။ ဒီတပတ္ေတာ့ စိုက္ပ်ိဳးေရးက႑ အတြက္ မရွိမျဖစ္ လိုအပ္တဲ့ ေရကို ေတာင္သူတိုင္း လက္လွမ္းမွီဖို႔ ကိုဗစ္၁၉ ကာလ အတြင္း လုပ္ႏုိင္တာေတြကို စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာထြန္းဝင္းကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


(ZAWGYI/ UNICODE)

Zawgyi

ဒီတပတ္ေတာ့ စိုက္ပ်ိဳးေရးက႑ အတြက္ မရွိမျဖစ္ လိုအပ္တဲ့ ေရကို ေတာင္သူတိုင္း လက္လွမ္းမွီဖို႔ ကိုဗစ္၁၉ ကာလ အတြင္း လုပ္ႏုိင္တာေတြကို စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာထြန္းဝင္းကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေဒါက္တာထြန္းဝင္း။. ။“၂၀၀၈ နာဂစ္ၿပီးတဲ့ ေနာက္ပိုင္းမွာ ရာသီဥတုက ေဖါက္ျပန္ေနတယ္။ ဒီကေန႔ အထိမွန္ေနတာက မိုးတြင္းမွာ၅ လလံုးေသခ်ာတာက ေရဖံုးမယ္၊ ေရမဖံုးရင္ မိုးေခါင္ရင္ ေရငတ္မယ္။ မိုးကို စာခ်ဳပ္နဲ႔ လုပ္တာ မဟုတ္ေတာ့ သူေပးမွ ရမွာ ဆိုေတာ့ မ်ားေသာအားျဖင့္ ျဖစ္ေနတာက ေရမ်ားရင္ စိုက္ခင္း သီးႏွံပင္ေတြ ေရဖံုးတယ္. မိုးမလာ ေတာ့ဘူး ဆိုရင္ ေခါင္တယ္။ အခုဆိုရင္ပဲ မုတ္သုန္ေလက မစို႔မပို႔ လုပ္သြားၿပီးေတာ့ ဇြန္လ ေႏွာင္းပိုင္းမွ တခါ ျပန္ၿပီးေတာ့ မိုးရြာမွာ ဆိုေတာ့၊ သီးႏွံ စိုက္ခ်ိန္ေတြက ေနာက္က်သြားျပန္ေရာ၊ ဒီလုိေနာက္က် သြားရင္ ေနာက္မွ စိုက္မယ့္ ေဆာင္းသီးႏွံမွာ သြားထိခိုက္ ျပန္ေရာ။

ဆိုေတာ့ ဒီလို မေသခ်ာ မေရရာ မိုးကို မွီၿပီးေတာ့ စိုက္ေနတာက က်ေနာ္တို႔ ႏိုင္ငံရဲ့ ၈၀ % ရွိတယ္။”

ေမး။.။“ ျမန္မာ့ စိုက္ပ်ိဳးေရး က႑မွာ ေရ အျပင္ လုိအပ္တာေတြ အမ်ားႀကီး ရွိေနပါေသးတယ္။”

ေဒါက္တာထြန္းဝင္း။. ။“လက္ရွိ အေနအထားမွာ လယ္သမားေတြ အားလံုးက ကၽြဲႏြား၊ ထြန္တံုး ထြန္တံေတြနဲ႔ သြားေနရတဲ့ အေနအထားမွာပဲ ရွိေသးတယ္။ ေနာက္ သူလိုခ်င္တဲ့ အခ်ိန္မွာ ေရမရဘူး။ ေရမရတဲ့ အတြက္ ေျမယာေတြ ထြန္ယက္တဲ့ ေနရာမွာ သူတို႔က အားလံုးက အဆင္မေျပဘူး။ ဘာလို႔လည္း ဆိုေတာ့ လယ္ယာလုပ္ငန္းမွာ လုပ္သားက မရွိသေလာက္ပဲ ရွားတယ္။ ေနာက္ ျပင္ပ ေစ်းကြက္ မရွိတဲ့ အတြက္ လယ္သမားက ရရာပဲ လုပ္တယ္။ ျဖစ္သလိုပဲ လုပ္တယ္။ ရာသီကလည္း ေစာေစာက ေျပာသလို နာဂစ္ေနာက္ပိုင္းမွာ ရာသီက ျပင္းထန္လာတယ္။ အထူးသျဖင့္ အပူခ်ိန္ ေပါ့ေနာ္။ အပူခ်ိန္က ၉ နာရီ ၁၀ နာရီဆို ဘယ္သူမွ ကြင္းထဲမွာ မေနႏိုင္ေတာ့ဘူး။

ဆုိေတာ့ လယ္ယာ ရဲ့ အေနထားက လုပ္သားရွားပါးတယ္။ ရာသီဥတုက ျပင္းထန္တယ္။ ေနာက္ၿပီး ေစ်းကြက္ မရွိတဲ့ အတြက္ လယ္သမားက စိတ္မဝင္စားပဲ ျဖစ္လာေနတဲ့ လယ္ယာလုပ္ငန္းႀကီးကို အစိုးရက ဒီအတုိင္း မ်က္ကြယ္ျပဳေနမယ္ ဆိုရင္ ေတာ့ တိုင္းျပည္သည္ ေရရွည္မွာ ကိုဗစ္ကလည္း ေႏွာက္ယွက္မယ္ ဆိုရင္ အေနထားက ေတာ္ေတာ္ကို ဆိုးဝါးမယ္။

ဒီအေနထားကေန ရုန္းထြက္ ႏိုင္ဖို႔ ဆိုရင္ ဒီအားလံုးကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းသည္ နံပတ္ ၁ ေရ အရင္းအျမစ္ေတြကို ေဖၚထုတ္ၿပီးေတာ့ ေရအစီအမံေတြကို စိုက္ႏုိင္တဲ့ လယ္သမားေတြ စိုက္ဖို႔ အဆင္သင့္ ျဖစ္ေအာင္ စီမံေပးရမယ္။ နံပတ္ ၂ ခုနက လက္ထြန္ပဲျဖစ္ေနတဲ့ အင္အားမဲ့ေနတဲ့ လယ္သမားကို အင္အားရွိတဲ့ လယ္သမားျဖစ္ေအာင္ စက္မႈကရိယာ၊ လယ္လုပ္ကရိယာေတြ တပ္ဆင္ေပးရမယ္။ ဒါသည္ မျဖစ္မေန လုပ္ရမယ့္ ႏိုင္ငံေတာ္ရဲ့ အဓိက လုပ္ငန္း လို႔က်ေနာ္ ျမင္တယ္။”

ေမး။. ။“ဟုတ္ကဲ့။ ဆိုေတာ့ ပထမဦးဆံုးက ေရ အရင္းအျမစ္ေတြ ေဖၚထုတ္ေပးရမယ္။ ဒုတိယက စက္ေတြ တပ္ဆင္ေပးရမယ္ေပါ့။

(ဟုတ္ပါတယ္။)

ဆိုေတာ့ ပထမဆံုး ေရအရင္းအျမစ္ေတြ ေဖၚထုတ္တာနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာျပည္မွာဆိုရင္ အေနအထားကလည္း ထူးျခားပါတယ္။ ေတာင္တန္းေတြေရာ၊ ေျမျပန္႔ေတြေရာ ပင္လယ္နဲ႔ ျမစ္ေခ်ာင္းေတြ၊ ရွိတယ္။ ျမန္မာႏုိင္ငံရဲ့ စိုက္ပ်ိဳးေရးကလည္း တေနရာနဲ႔ တေနရာ မတူပါဘူး။ ဆိုေတာ့ ေရအရင္းအျမစ္အတြက္ ဘယ္ေဒသမွာ ဘယ္လို လုပ္ႏိုင္တယ္ဆိုတာ ေျပာျပေပးပါ။”

ေဒါက္တာထြန္းဝင္း။. ။“ ေျပာရမယ္ဆိုရင္ ျမန္မာျပည္ေလာက္ ေရအရင္းအျမစ္ ေပါတာ မရွိဘူး။ ဒါေပမယ့္ အသံုးမခ်ဘူး။ အသံုးမခ်ဘူးဆိုတာက ဘာလဲ ဆိုေတာ့ နံပတ္ ၁ အခု ေမလ ကေန စရြာမယ့္ ေအာက္တုိဘာ အထိ ရြာမယ့္ မိုးသည္ အလြန္ကို -ရြာတဲ့ အခါမွာ သဲႀကီးမဲႀကီး ရြာတယ္။ ရြာသမ ွ် အားလံုး ေခ်ာင္းေတြ ေျမာင္းေတြထဲ ျမစ္ထဲ စီးၿပီးေတာ့ ဧရာဝတီကေန ေမ်ာ သြားတာပဲ။ ဒီေရေတြ အားလံုးကို ေရမရွိတဲ့ အခါ သံုးဖို႔ ဘယ္လို ေလွာင္မလဲဆိုတဲ့ အစီအမံ။

ဆုိေတာ့ ေရေလွာင္တမံေတြ ရွိရဲ့သားနဲ႔ ဒါကို ဘာလို႔ ေျပာသလဲ။ ေရေလွာင္တမံ ေတြရဲ့ ဒီကေန႔ အေနထားက ေရေလွာင္တမံေတြသည္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ေလာက္က ေဆာက္တာ ဆိုေတာ့ ေကာကုန္ၿပီ။ ေရေလွာင္တမံေတြရဲ့ ေရအရင္းအျမစ္ ရေအာင္ လုပ္ထားတဲ့ သစ္ေတာေတြသည္ ျပဳန္းကုန္ၿပီ။ ဒါေၾကာင့္မို႔ ယေန႔ ေရေလွာင္တမံေတြသည္ အခု ေႏြရာသီ စိုက္မယ္ ဆိုလို႔ရွိရင္ ေရမရွိေတာ့ဘူး။

ဥပမာ သဖန္းဆိပ္ ဆည္ႀကီးဆိုရင္ ဧက ၅ သိန္းကို ေရေပးဖုိ႔ ရည္ရြယ္ၿပီး ေငြကုန္ေၾကးက်ခံ ေဆာက္ထားတဲ့ ျမန္မာျပည္က အႀကီးဆံုး ဆည္ႀကီး ျဖစ္တယ္။ ဒီကေန႔ ဆိုရင္ ဧက ၅ သိန္းက တသိန္းေတာင္ မွ စပါး မစိုက္ႏုိင္ ေတာ့ဘူး။ ဘာျဖစ္လို႔လည္း ဆည္ႀကီး ေကာသြားၿပီးေတာ့ ေရမေလွာင္ႏုိင္လို႔။ ေကာတာလည္း ပါတယ္။ ေရအရင္းအျမစ္ေတြ ခန္းေျခာက္ ကုန္လို႔ ေရမဆင္းတာလည္း ပါတယ္။

ဒါေၾကာင့္ တမိုးတြင္းလံုး ေလွာင္ထား ေသာ္လည္း စိုက္ရမယ့္ အခ်ိန္ က်ေတာ့ ေရမရွိေတာ့ဘူး။ ဆိုေတာ့ ဒီအေနထား ေတြသည္ ဆည္ေတြ အေပၚမွာလည္း သူတို႔ ျပန္ၿပီးေတာ့ ျပဳျပင္ ထိန္းသိမ္းဖုိ႔ ေကာင္းတယ္။ ဆည္ေတြကို ပိုၿပီးေတာ့ ေလွာင္ႏုိင္အား ေကာင္းေအာင္ တူးဖို႔ လုိတယ္။ ဆည္ကို ေရလာေစတဲ့ ေတာေတာင္ေတြ ျပန္ၿပီေတာ့ ျပဳျပင္ဖို လိုတယ္။ ”

ေမး။.။“ ဒီလုိ တည္ေဆာက္ထားတဲ့ ဆည္ေရထက္ ေကာင္းတဲ့ အရင္းအျမစ္ေတြ ျမန္မာႏုိင္ငံ ေဒသအေတာ္မ်ားမ်ားမွာ ရွိေနတယ္ လို႔လည္း ေျပာပါတယ္။”

ေဒါက္တာထြန္းဝင္း။. ။“ရခိုင္ကမ္းေျမာင္ ေဒသတေလ ွ်ာက္ ဆင္းလာတဲ့ ေတာင္တန္းေတြ၊ ပဲခူးရိုးမရဲ့ အေရွ႕အေနာက္ သြယ္တန္း ဆင္းေနတဲ့ ေတာင္တန္းေတြ၊ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ရွမ္းရိုးမ ေတာင္တန္းတေလ ွ်ာက္မွာ ဟိုပုန္းခ်ိဳင့္ဝွမ္း၊ ဟဲဟိုးခ်ိဳင့္ဝွမ္း ေတာင္တန္းေတြ သြယ္ေျမာင္ ဆင္းသြားတယ္။ ေနာက္ ကယားျပည္နယ္သြားရင္ ကယား ေတာင္တန္းေတြ၊ တနသၤာရီ ေတာင္တန္းေတြ၊ ကရင္ေတာင္တန္းေတြ သြယ္ၿပီး ဆင္းသြားတယ္။ အဲဒီေနရာေတြမွာ လယ္သမားေလးေတြက တခ်ိဳ႕ ဘာလုပ္သလဲ ဆိုရင္ ေတာင္တန္းေတြ ကေနမွ ဆင္းလာတဲ့ ေခ်ာင္းေလးေတြ ကေန ေခ်ာင္းပိတ္ ေျမာင္းပိတ္ ဆည္ကေလးေတြ လုပ္ၾကတယ္။

သူတုိ႔က အင္အားက ရွိတာက ဘာရွိလည္း၊ သူတို႔မွာ ေက်ာက္တံုးေက်ာက္ခဲ ေတြ သစ္တုံုး သစ္ခက္ ကေလးေတြ၊ ဒါေလးေတြနဲ႔ တားၿပီး ေရတားဆည္ေလးေတြ လုပ္ၾကတယ္။ တကယ္လို႔ အဲဒီ လယ္သမားေလးေတြသာ ဆည္ႀကီးတည္ေဆာက္တာထက္ ဘိလပ္ေျမေလး အုတ္သဲေလး ေပး ေရတားဆည္ ကေလးေတြမ်ား တဦးခ်င္း ကို ႏိုင္ငံေတာ္ကေန ေထာက္ပံ့ ေပးမယ္ ဆိုရင္ေတာ့ လယ္သမားပိုင္၊ ကိုယ္ပိုင္ ဆည္ ေလးေတြ ျဖစ္ၿပီးေတာ့ ေရရွည္ခံမယ္၊ ေရရွည္ သူ႔ဟာသူ ျပဳျပင္ ထိန္းသိမ္းမယ္။ ဆိုရင္ေတာ့ ျမန္မာျပည္ တနံတလ်ားမွာ ေရရရွိေရး လုပ္ငန္းသည္ လက္ညွိဳးထုိးလို႔ မလြဲႏိုင္ပါဘူး ခင္ဗ်။ အမ်ားႀကီးပဲ။”

ေမး။.။“ ျမန္မာႏိုင္ငံ အလယ္ပိုင္း ပူျပင္းေျခာက္ေသြ႔တဲ့ေဒသေတြမွာ ေျမေအာက္ေရ သံုးႏိုင္ေအာင္ စီမံ ေပးဖို႔ လိုပါတယ္။”

ေဒါက္တာထြန္းဝင္း။.။“Dry zone - ပူျပင္းေျခာက္ေသြ႔တဲ့ ပတ္ဝန္းက်င္မွာ ေရခန္းတယ္။ သို႔ေသာ္ ေျမေအာက္ေရ ရွိတယ္။ ေျမေအာက္ေရမွာ - ဆားဓါတ္မပါတဲ့ ေရေပါ့- ဒါ ေရေတာ့ တိုင္းတာဖို႔ လိုတယ္။ ဆားဓါတ္မပါတဲ့ ေျမေအာက္ေရက အမ်ားႀကီး ရွိတယ္။ အဲဒါကို ေရသန္႔တြင္းေတြ၊ ၄ လက္မ တြင္းေလးေတြ၊ ေပ ၇၀ - ၈၀။ ေလးငါးဆယ္ ဆို ေရာက္ပါတယ္။ pump ေလးေတြ ေရတိုင္ေလးေတြ ထူမယ္ ဆိုရင္ ဒီလို ေရတိုင္ တတိုင္ ထူ လို႔ရွိရင္ ဧက ၈ ဧက။၁၀ ဧကေလာက္ သြားပါတယ္။ ၄ လက္မတြင္း။ ေရမရတဲ့ ေနရာမွာ။”

ေမး။.။“ ေရအရင္းအျမစ္ စီမံေရး အတြက္ တကယ္တမ္းလုပ္ရမယ့္ ေနရာကေတာ့ ဧရာဝတီျမစ္ဝ ကၽြန္းေပၚေဒသပါ။”

ေဒါက္တာထြန္းဝင္း။. ။“တကယ္လုပ္စရာ ေကာင္းတဲ့ ေနရာသည္ ဧရာဝတီ ျမစ္ဝကၽြန္းေပၚ ေဒသ။ အဲဒီေနရာသည္ မိုးတြင္းမွာ ဧက ၄ သိန္းေလာက္ စိုက္တယ္။ ေႏြမွာက ဘာမွကို မေတြ႔ရဘူး။ က်ိဳက္လတ္ ၿမိဳ႕နယ္ တၿမိဳ႕နယ္ ေလာက္ပဲ ေရေလး သဘာဝ ဝင္တဲ့ ၿမိဳ႕နယ္ ေလာက္ပဲ ေႏြစပါး စိုက္တယ္။

ဘာေၾကာင့္လည္း ဆိုေတာ့ ဒီျမစ္ေရဟာ ပင္လယ္ဆြဲအားနဲ႔ သြားေနေတာ့ တေန႔ကို ၂ ႀကိမ္တက္တယ္။ ၈ နာရီျခား၊ တေန႔ကို ၂ ႀကိမ္တက္တယ္။ ၂ ႀကိမ္က်တယ္။ ဒီေရ အတက္အက်နဲ႔ သြားေနတာ။ အဲဒီမွာ ေရခ်ိဳလႊမ္းတာက ဧရာဝတီက ဧက ၄ သန္းေလာက္မွာ ၂ သန္းေလာက္က ေရခ်ိဳလႊမ္းတယ္။ ၂ သန္းေလာက္က ပင္လယ္ပိုင္း။ ဒီ ၂ သန္းကို စိုက္ျခင္းအားျဖင့္ စပါးက တဧကသည္ တတန္ခြဲ ဆန္တတန္ခြဲထြက္တယ္။ ဆိုေတာ့စပါး ဒီ ဧက ၂ သန္း စိုက္ရင္ ဆန္တန္ခ်ိန္ ၃ သန္းက ေအးေအးေဆးေဆး ဧရာဝတီ တုိင္းကို အေျခခံၿပီး ေတာ့ ေႏြရာသီမွာ ေရေပးစံနစ္နဲ႔ စိုက္ႏုိင္တယ္။

ေရေပးစံနစ္ဆိုတာ ဘာမွ မခက္ဘူး။ က်ေနာ္တုိ႔ ေရထဲမွာ ေဖါင္ေလးေတြနဲ႔ pump ေရပန္႔ေလးေတြထိုင္ၿပီးေတာ့ လယ္ထဲကို ေရသြင္းေပး ၿပီးေတာ့၊ ေခ်ာင္းပိတ္ ေျမာင္းပိတ္ေတြ လုပ္ၿပီးေတာ့မွ ဒီစံနစ္ေတြမ်ား ဧရာဝတီ တိုင္းမွာ လုပ္မယ္ ဆိုရင္ေတာ့ ဧရာဝတီတိုင္းသည္ ျမန္မာႏုိင္ငံရဲ့ ေျမဆီ အထက္သန္ဆံုး ေနရာ။ ေႏြအခါမွာ ေနေရာင္ အျပည့္ရတယ္။ ေခ်ာင္းေတြ ေျမာင္းေတြကေန ဒီေရ အတက္အက်မွာ လယ္ႏႈတ္ခမ္းကို လာတင္ေနတဲ့ ေရေလးကိုပဲ အခုေခတ္ဆို အိတ္ဇယ္ flow ဆိုတဲ့ ပိုက္ႀကီးေတြနဲ႔မ်ား သြင္းၿပီးေတာ့ လုပ္လိုက္မယ္ ဆုိလို႔ ရွိရင္ေတာ့ ေတာ္ေတာ္ကို အလားအလာ ေကာင္းတယ္။ အေျခေနလည္း ေကာင္းပါတယ္။ ေရပဲ လိုတယ္။ ဘာမွမလိုဘူး လယ္သမားမွာ။

ဆိုေတာ့ ဒီေရနဲ႔ ပတ္သက္လို႔ ေရအစီအမံပဲ လိုတယ္။”

ေမး။.။“ ျမစ္ေၾကာင္း မတိမ္ေကာေအာင္ ေစာင့္ေရွာက္ေရးကိုလည္း အေလးထားရမွာပါ။”

ေဒါက္တာထြန္းဝင္း။.။“က်ေနာ္တို႔မွာ အခုဆို ျမစ္ေတြ ေခ်ာင္းေတြ အိုင္ေတြ၊ အင္းေတြ ေကာတယ္ေပါ့။ ဘာေၾကာင့္လည္း ဆိုေတာ့ သစ္ေတာေတြ ျပဳန္းတဲ့ အတြက္ အားလံုးက တုိက္စား ၿပီးေတာ့ ေကာတယ္။ ဧရာဝတီျမစ္ သည္ ျမစ္ဖ်ားကေန ေရႊမိုင္းေတြ၊ ေက်ာက္မိုင္းေတြ တူးတဲ့ တြင္းစာ ေတြက အဲဒီကေန ေမ်ာပါၿပီးေတာ့ဘယ္အထိ ပိတ္သြားလဲ ဆိုေတာ့ ပခုကၠဴအထိ. ပိတ္သြားတယ္။ ပခုကၠဴ အထိဆို ၃ မိုင္ေလာက္ရွည္တယ္။. ေတာ္ေတာ္ႀကီးတဲ့ ျမစ္ႀကီးပဲ ဒါေပမယ့္ အားလံုးက ႏံုးေတြ ခ်ည္းပဲ ဘယ္ေလာက္ အထိ ေရာက္သလဲ ဆိုေတာ့ မေကြးအထိ ေရာက္တယ္။

က်ေနာ္တို႔က သဘာဝ ေရအရင္းအျမစ္ ျပဳန္းတီးသြားတယ္။ တကယ္လို႔ ဒါေတြမ်ား တူးေဖၚၿပီးေတာ့မ်ား လုပ္္မယ္ ဆိုိလို႔ရွိရင္ ဧရာဝတီ ျမစ္ႀကီးသည္ က်ေနာ္တို႔ ေသာက္သံုးေရ၊ စိုက္ပ်ိဳးေရ၊ ျမန္မာျပည္ရဲ့ ကုန္ေတြ အထက္ ဗန္းေမာ္အထိ တင္လု႔ိရတဲ့ ကုန္ပစၥည္း တင္ပို႔ေရး အထိမ်ား စဥ္းစားမယ္ ဆိုရင္ေတာ့ အားလံုးက တခ်က္ခုတ္ အမ်ားႀကီး ျပတ္ပါတယ္။”

စိုက္ပ်ိဳးေရး ပညာရွင္ ေဒါက္တာထြန္းဝင္းရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸြံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

ပီ။ ဒီတပတ်တော့ စိုက်ပျိုးရေးကဏ္ဍ အတွက် မရှိမဖြစ် လိုအပ်တဲ့ ရေကို တောင်သူတိုင်း လက်လှမ်းမှီဖို့ ကိုဗစ်၁၉ ကာလ အတွင်း လုပ်နိုင်တာတွေကို စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒေါက်တာထွန်းဝင်း။. ။“၂၀၀၈ နာဂစ်ပြီးတဲ့ နောက်ပိုင်းမှာ ရာသီဥတုက ဖေါက်ပြန်နေတယ်။ ဒီကနေ့ အထိမှန်နေတာက မိုးတွင်းမှာ ၅ လလုံးသေချာတာက ရေဖုံးမယ်၊ ရေမဖုံးရင် မိုးခေါင်ရင် ရေငတ်မယ်။ မိုးကို စာချုပ်နဲ့ လုပ်တာ မဟုတ်တော့ သူပေးမှ ရမှာ ဆိုတော့ များသောအားဖြင့် ဖြစ်နေတာက ရေများရင် စိုက်ခင်း သီးနှံပင်တွေ ရေဖုံးတယ်. မိုးမလာ တော့ဘူး ဆိုရင် ခေါင်တယ်။ အခုဆိုရင်ပဲ မုတ်သုန်လေက မစို့မပို့ လုပ်သွားပြီးတော့ ဇွန်လ နှောင်းပိုင်းမှ တခါ ပြန်ပြီးတော့ မိုးရွာမှာ ဆိုတော့၊ သီးနှံ စိုက်ချိန်တွေက နောက်ကျသွားပြန်ရော၊ ဒီလိုနောက်ကျ သွားရင် နောက်မှ စိုက်မယ့် ဆောင်းသီးနှံမှာ သွားထိခိုက် ပြန်ရော။

ဆိုတော့ ဒီလို မသေချာ မရေရာ မိုးကို မှီပြီးတော့ စိုက်နေတာက ကျနော်တို့ နိုင်ငံရဲ့ ၈၀ % ရှိတယ်။”

မေး။. ။“ မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍမှာ ရေ အပြင် လိုအပ်တာတွေ အများကြီး ရှိနေပါသေးတယ်။”

ဒေါက်တာထွန်းဝင်း။. ။“လက်ရှိ အနေအထားမှာ လယ်သမားတွေ အားလုံးက ကျွဲနွား၊ ထွန်တုံး ထွန်တံတွေနဲ့ သွားနေရတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ နောက် သူလိုချင်တဲ့ အချိန်မှာ ရေမရဘူး။ ရေမရတဲ့ အတွက် မြေယာတွေ ထွန်ယက်တဲ့ နေရာမှာ သူတို့က အားလုံးက အဆင်မပြေဘူး။ ဘာလို့လည်း ဆိုတော့ လယ်ယာလုပ်ငန်းမှာ လုပ်သားက မရှိသလောက်ပဲ ရှားတယ်။ နောက် ပြင်ပ ဈေးကွက် မရှိတဲ့ အတွက် လယ်သမားက ရရာပဲ လုပ်တယ်။ ဖြစ်သလိုပဲ လုပ်တယ်။ ရာသီကလည်း စောစောက ပြောသလို နာဂစ်နောက်ပိုင်းမှာ ရာသီက ပြင်းထန်လာတယ်။ အထူးသဖြင့် အပူချိန် ပေါ့နော်။ အပူချိန်က ၉ နာရီ ၁၀ နာရီဆို ဘယ်သူမှ ကွင်းထဲမှာ မနေနိုင်တော့ဘူး။

ဆိုတော့ လယ်ယာ ရဲ့ အနေထားက လုပ်သားရှားပါးတယ်။ ရာသီဥတုက ပြင်းထန်တယ်။ နောက်ပြီး ဈေးကွက် မရှိတဲ့ အတွက် လယ်သမားက စိတ်မဝင်စားပဲ ဖြစ်လာနေတဲ့ လယ်ယာလုပ်ငန်းကြီးကို အစိုးရက ဒီအတိုင်း မျက်ကွယ်ပြုနေမယ် ဆိုရင် တော့ တိုင်းပြည်သည် ရေရှည်မှာ ကိုဗစ်ကလည်း နှောက်ယှက်မယ် ဆိုရင် အနေထားက တော်တော်ကို ဆိုးဝါးမယ်။

ဒီအနေထားကနေ ရုန်းထွက် နိုင်ဖို့ ဆိုရင် ဒီအားလုံးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသည် နံပတ် ၁ ရေ အရင်းအမြစ်တွေကို ဖေါ်ထုတ်ပြီးတော့ ရေအစီအမံတွေကို စိုက်နိုင်တဲ့ လယ်သမားတွေ စိုက်ဖို့ အဆင်သင့် ဖြစ်အောင် စီမံပေးရမယ်။ နံပတ် ၂ ခုနက လက်ထွန်ပဲ ဖြစ်နေတဲ့ အင်အားမဲ့နေတဲ့ လယ်သမားကို အင်အားရှိတဲ့ လယ်သမားဖြစ်အောင် စက်မှုကရိယာ၊ လယ်လုပ်ကရိယာတွေ တပ်ဆင်ပေးရမယ်။ ဒါသည် မဖြစ်မနေ လုပ်ရမယ့် နိုင်ငံတော်ရဲ့ အဓိက လုပ်ငန်း လို့ကျနော် မြင်တယ်။”

မေး။. ။“ဟုတ်ကဲ့။ ဆိုတော့ ပထမဦးဆုံးက ရေ အရင်းအမြစ်တွေ ဖေါ်ထုတ်ပေးရမယ်။ ဒုတိယက စက်တွေ တပ်ဆင်ပေးရမယ်ပေါ့။

(ဟုတ်ပါတယ်။)

ဆိုတော့ ပထမဆုံး ရေအရင်းအမြစ်တွေ ဖေါ်ထုတ်တာနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်မှာဆိုရင် အနေအထားကလည်း ထူးခြားပါတယ်။ တောင်တန်းတွေရော၊ မြေပြန့်တွေရော ပင်လယ်နဲ့ မြစ်ချောင်းတွေ၊ ရှိတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကလည်း တနေရာနဲ့ တနေရာ မတူပါဘူး။ ဆိုတော့ ရေအရင်းအမြစ်အတွက် ဘယ်ဒေသမှာ ဘယ်လို လုပ်နိုင်တယ်ဆိုတာ ပြောပြပေးပါ။”

ဒေါက်တာထွန်းဝင်း။. ။“ ပြောရမယ်ဆိုရင် မြန်မာပြည်လောက် ရေအရင်းအမြစ် ပေါတာ မရှိဘူး။ ဒါပေမယ့် အသုံးမချဘူး။ အသုံးမချဘူးဆိုတာက ဘာလဲ ဆိုတော့ နံပတ် ၁ အခု မေလ ကနေ စရွာမယ့် အောက်တိုဘာ အထိ ရွာမယ့် မိုးသည် အလွန်ကို - ရွာတဲ့ အခါမှာ သဲကြီးမဲကြီး ရွာတယ်။ ရွာသမ ျှ အားလုံး ချောင်းတွေ မြောင်းတွေထဲ မြစ်ထဲ စီးပြီးတော့ ဧရာဝတီကနေ မျော သွားတာပဲ။ ဒီရေတွေ အားလုံးကို ရေမရှိတဲ့ အခါ သုံးဖို့ ဘယ်လို လှောင်မလဲဆိုတဲ့ အစီအမံ။

ဆိုတော့ ရေလှောင်တမံတွေ ရှိရဲ့သားနဲ့ ဒါကို ဘာလို့ ပြောသလဲ။ ရေလှောင်တမံ တွေရဲ့ ဒီကနေ့ အနေထားက ရေလှောင်တမံတွေသည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ဆောက်တာ ဆိုတော့ ကောကုန်ပြီ။ ရေလှောင်တမံတွေရဲ့ ရေအရင်းအမြစ် ရအောင် လုပ်ထားတဲ့ သစ်တောတွေသည် ပြုန်းကုန်ပြီ။ ဒါကြောင့်မို့ ယနေ့ ရေလှောင်တမံတွေသည် အခု နွေရာသီ စိုက်မယ် ဆိုလို့ရှိရင် ရေမရှိတော့ဘူး။

ဥပမာ သဖန်းဆိပ် ဆည်ကြီးဆိုရင် ဧက ၅ သိန်းကို ရေပေးဖို့ ရည်ရွယ်ပြီး ငွေကုန်ကြေးကျခံ ဆောက်ထားတဲ့ မြန်မာပြည်က အကြီးဆုံး ဆည်ကြီး ဖြစ်တယ်။ ဒီကနေ့ ဆိုရင် ဧက ၅ သိန်းက တသိန်းတောင် မှ စပါး မစိုက်နိုင် တော့ဘူး။ ဘာဖြစ်လို့လည်း ဆည်ကြီး ကောသွားပြီးတော့ ရေမလှောင်နိုင်လို့။ ကောတာလည်း ပါတယ်။ ရေအရင်းအမြစ်တွေ ခန်းခြောက် ကုန်လို့ ရေမဆင်းတာလည်း ပါတယ်။

ဒါကြောင့် တမိုးတွင်းလုံး လှောင်ထား သော်လည်း စိုက်ရမယ့် အချိန် ကျတော့ ရေမရှိတော့ဘူး။ ဆိုတော့ ဒီအနေထား တွေသည် ဆည်တွေ အပေါ်မှာလည်း သူတို့ ပြန်ပြီးတော့ ပြုပြင် ထိန်းသိမ်းဖို့ ကောင်းတယ်။ ဆည်တွေကို ပိုပြီးတော့ လှောင်နိုင်အား ကောင်းအောင် တူးဖို့ လိုတယ်။ ဆည်ကို ရေလာစေတဲ့ တောတောင်တွေ ပြန်ပြီတော့ ပြုပြင်ဖို လိုတယ်။ ”

မေး။. ။“ ဒီလို တည်ဆောက်ထားတဲ့ ဆည်ရေထက် ကောင်းတဲ့ အရင်းအမြစ်တွေ မြန်မာနိုင်ငံ ဒေသအတော်များများမှာ ရှိနေတယ် လို့လည်း ပြောပါတယ်။”

ဒေါက်တာထွန်းဝင်း။. ။“ရခိုင်ကမ်းမြောင် ဒေသတလေ ျှာက် ဆင်းလာတဲ့ တောင်တန်းတွေ၊ ပဲခူးရိုးမရဲ့ အရှေ့အနောက် သွယ်တန်း ဆင်းနေတဲ့ တောင်တန်းတွေ၊ နောက်ပြီးတော့ ကျနော်တို့ ရှမ်းရိုးမ တောင်တန်းတလေ ျှာက်မှာ ဟိုပုန်းချိုင့်ဝှမ်း၊ ဟဲဟိုးချိုင့်ဝှမ်း တောင်တန်းတွေ သွယ်မြောင် ဆင်းသွားတယ်။ နောက် ကယားပြည်နယ်သွားရင် ကယား တောင်တန်းတွေ၊ တနင်္သာရီ တောင်တန်းတွေ၊ ကရင်တောင်တန်းတွေ သွယ်ပြီး ဆင်းသွားတယ်။ အဲဒီနေရာတွေမှာ လယ်သမားလေးတွေက တချို့ ဘာလုပ်သလဲ ဆိုရင် တောင်တန်းတွေ ကနေမှ ဆင်းလာတဲ့ ချောင်းလေးတွေ ကနေ ချောင်းပိတ် မြောင်းပိတ် ဆည်ကလေးတွေ လုပ်ကြတယ်။

သူတို့က အင်အားက ရှိတာက ဘာရှိလည်း၊ သူတို့မှာ ကျောက်တုံးကျောက်ခဲ တွေ သစ်တုံး သစ်ခက် ကလေးတွေ၊ ဒါလေးတွေနဲ့ တားပြီး ရေတားဆည်လေးတွေ လုပ်ကြတယ်။ တကယ်လို့ အဲဒီ လယ်သမားလေးတွေသာ ဆည်ကြီးတည်ဆောက်တာထက် ဘိလပ်မြေလေး အုတ်သဲလေး ပေး ရေတားဆည် ကလေးတွေများ တဦးချင်း ကို နိုင်ငံတော်ကနေ ထောက်ပံ့ ပေးမယ် ဆိုရင်တော့ လယ်သမားပိုင်၊ ကိုယ်ပိုင် ဆည် လေးတွေ ဖြစ်ပြီးတော့ ရေရှည်ခံမယ်၊ ရေရှည် သူ့ဟာသူ ပြုပြင် ထိန်းသိမ်းမယ်။ ဆိုရင်တော့ မြန်မာပြည် တနံတလျားမှာ ရေရရှိရေး လုပ်ငန်းသည် လက်ညှိုးထိုးလို့ မလွဲနိုင်ပါဘူး ခင်ဗျ။ အများကြီးပဲ။”

မေး။. ။“ မြန်မာနိုင်ငံ အလယ်ပိုင်း ပူပြင်းခြောက်သွေ့တဲ့ဒေသတွေမှာ မြေအောက်ရေ သုံးနိုင်အောင် စီမံ ပေးဖို့ လိုပါတယ်။”

ဒေါက်တာထွန်းဝင်း။. ။“Dry zone - ပူပြင်းခြောက်သွေ့တဲ့ ပတ်ဝန်းကျင်မှာ ရေခန်းတယ်။ သို့သော် မြေအောက်ရေ ရှိတယ်။ မြေအောက်ရေမှာ - ဆားဓါတ်မပါတဲ့ ရေပေါ့- ဒါ ရေတော့ တိုင်းတာဖို့ လိုတယ်။ ဆားဓါတ်မပါတဲ့ မြေအောက်ရေက အများကြီး ရှိတယ်။ အဲဒါကို ရေသန့်တွင်းတွေ၊ ၄ လက်မ တွင်းလေးတွေ၊ ပေ ၇၀ - ၈၀။ လေးငါးဆယ် ဆို ရောက်ပါတယ်။ pump လေးတွေ ရေတိုင်လေးတွေ ထူမယ် ဆိုရင် ဒီလို ရေတိုင် တတိုင် ထူ လို့ရှိရင် ဧက ၈ ဧက။ ၁၀ ဧကလောက် သွားပါတယ်။ ၄ လက်မတွင်း။ ရေမရတဲ့ နေရာမှာ။”

မေး။. ။“ ရေအရင်းအမြစ် စီမံရေး အတွက် တကယ်တမ်းလုပ်ရမယ့် နေရာကတော့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသပါ။”

ဒေါက်တာထွန်းဝင်း။. ။“တကယ်လုပ်စရာ ကောင်းတဲ့ နေရာသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ။ အဲဒီနေရာသည် မိုးတွင်းမှာ ဧက ၄ သိန်းလောက် စိုက်တယ်။ နွေမှာက ဘာမှကို မတွေ့ရဘူး။ ကျိုက်လတ် မြို့နယ် တမြို့နယ် လောက်ပဲ ရေလေး သဘာဝ ဝင်တဲ့ မြို့နယ် လောက်ပဲ နွေစပါး စိုက်တယ်။

ဘာကြောင့်လည်း ဆိုတော့ ဒီမြစ်ရေဟာ ပင်လယ်ဆွဲအားနဲ့ သွားနေတော့ တနေ့ကို ၂ ကြိမ်တက်တယ်။ ၈ နာရီခြား၊ တနေ့ကို ၂ ကြိမ်တက်တယ်။ ၂ ကြိမ်ကျတယ်။ ဒီရေ အတက်အကျနဲ့ သွားနေတာ။ အဲဒီမှာ ရေချိုလွှမ်းတာက ဧရာဝတီက ဧက ၄ သန်းလောက်မှာ ၂ သန်းလောက်က ရေချိုလွှမ်းတယ်။ ၂ သန်းလောက်က ပင်လယ်ပိုင်း။ ဒီ ၂ သန်းကို စိုက်ခြင်းအားဖြင့် စပါးက တဧကသည် တတန်ခွဲ ဆန်တတန်ခွဲထွက်တယ်။ ဆိုတော့စပါး ဒီ ဧက ၂ သန်း စိုက်ရင် ဆန်တန်ချိန် ၃ သန်းက အေးအေးဆေးဆေး ဧရာဝတီ တိုင်းကို အခြေခံပြီး တော့ နွေရာသီမှာ ရေပေးစံနစ်နဲ့ စိုက်နိုင်တယ်။

ရေပေးစံနစ်ဆိုတာ ဘာမှ မခက်ဘူး။ ကျနော်တို့ ရေထဲမှာ ဖေါင်လေးတွေနဲ့ pump ရေပန့်လေးတွေထိုင်ပြီးတော့ လယ်ထဲကို ရေသွင်းပေး ပြီးတော့၊ ချောင်းပိတ် မြောင်းပိတ်တွေ လုပ်ပြီးတော့မှ ဒီစံနစ်တွေများ ဧရာဝတီ တိုင်းမှာ လုပ်မယ် ဆိုရင်တော့ ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံရဲ့ မြေဆီ အထက်သန်ဆုံး နေရာ။ နွေအခါမှာ နေရောင် အပြည့်ရတယ်။ ချောင်းတွေ မြောင်းတွေကနေ ဒီရေ အတက်အကျမှာ လယ်နှုတ်ခမ်းကို လာတင်နေတဲ့ ရေလေးကိုပဲ အခုခေတ်ဆို အိတ်ဇယ် flow ဆိုတဲ့ ပိုက်ကြီးတွေနဲ့များ သွင်းပြီးတော့ လုပ်လိုက်မယ် ဆိုလို့ ရှိရင်တော့ တော်တော်ကို အလားအလာ ကောင်းတယ်။ အခြေနေလည်း ကောင်းပါတယ်။ ရေပဲ လိုတယ်။ ဘာမှမလိုဘူး လယ်သမားမှာ။

ဆိုတော့ ဒီရေနဲ့ ပတ်သက်လို့ ရေအစီအမံပဲ လိုတယ်။”

မေး။. ။“ မြစ်ကြောင်း မတိမ်ကောအောင် စောင့်ရှောက်ရေးကိုလည်း အလေးထားရမှာပါ။”

ဒေါက်တာထွန်းဝင်း။. ။“ကျနော်တို့မှာ အခုဆို မြစ်တွေ ချောင်းတွေ အိုင်တွေ၊ အင်းတွေ ကောတယ်ပေါ့။ ဘာကြောင့်လည်း ဆိုတော့ သစ်တောတွေ ပြုန်းတဲ့ အတွက် အားလုံးက တိုက်စား ပြီးတော့ ကောတယ်။ ဧရာဝတီမြစ် သည် မြစ်ဖျားကနေ ရွှေမိုင်းတွေ၊ ကျောက်မိုင်းတွေ တူးတဲ့ တွင်းစာ တွေက အဲဒီကနေ မျောပါပြီးတော့ဘယ်အထိ ပိတ်သွားလဲ ဆိုတော့ ပခုက္ကူအထိ. ပိတ်သွားတယ်။ ပခုက္ကူ အထိဆို ၃ မိုင်လောက်ရှည်တယ်။. တော်တော်ကြီးတဲ့ မြစ်ကြီးပဲ ဒါပေမယ့် အားလုံးက နုံးတွေ ချည်းပဲ ဘယ်လောက် အထိ ရောက်သလဲ ဆိုတော့ မကွေးအထိ ရောက်တယ်။

ကျနော်တို့က သဘာဝ ရေအရင်းအမြစ် ပြုန်းတီးသွားတယ်။ တကယ်လို့ ဒါတွေများ တူးဖေါ်ပြီးတော့များ လုပ်မယ် ဆိုလို့ရှိရင် ဧရာဝတီ မြစ်ကြီးသည် ကျနော်တို့ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ မြန်မာပြည်ရဲ့ ကုန်တွေ အထက် ဗန်းမော်အထိ တင်လု့ိရတဲ့ ကုန်ပစ္စည်း တင်ပို့ရေး အထိများ စဉ်းစားမယ် ဆိုရင်တော့ အားလုံးက တချက်ခုတ် အများကြီး ပြတ်ပါတယ်။”

စိုက်ပျိုးရေး ပညာရှင် ဒေါက်တာထွန်းဝင်းရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG