သမ္မတ ဦးသိန်းစိန်လက်ထက် ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို လာမယ့် နှစ်တွေအတွင်းမှာပဲ ပြန်စနိုင်တဲ့ အနေထားတွေရှိနေတာမို့ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်က ဧရာဝတီမြစ်ဖျားခံရာ မေခ မလိခ မြစ်နှစ်သွယ်မှာ ဆောက်လုပ်မယ့် ရေကာတာအများအပြား ပါဝင်တဲ့ ဒီစီမံကိန်းကို ဆက်ပြီးလုပ်သင့်မလုပ်သင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက အတွင်းရေးမှုး ဦးစိုးသူရထွန်းရဲ့ အမြင်ကို ကြည့်ကြရအောင်ပါ။
သဘာဝဘေးအန္တရာယ်ရော၊ သဘာဝဝန်းကျင်ပါလေ့လာတဲ့ ပညာရှင်တယောက်အနေနဲ့ ကြည့်ရရင်တော့ ပထမဦးဆုံးတော့ အများပြည်သူက ကန့်ကွက်နေကြသလိုပဲ ဒီဧရာဝတီမြစ်ရဲ့ မြစ်ကြောင်းအတွက် ထိခိုက်နစ်နာမှုတွေကတော့ ဖြစ်နိုင်ပါတယ်။ စံနစ်တကျ မြစ်ကြောင်းတကြောင်းလုံးကို အသေးစိတ်လေ့လာခဲ့မှု မရှိပဲနဲ့ ကိုယ်လိုချင်တဲ့နေရာမှာ သွားပြီးတော့ ဆည်ပိတ်လိုက်မယ် ဆိုရင်၊ ဒီ့အတွက် အောက်ဖက်ပိုင်း ရေကြောင်းရေဖိအား လျော့နဲသွားတာတွေ။ အနည်တွေ သောင်ပြုပြီးထွန်းတာတွေ နောက်တခါ မြစ်အထက် မြစ်ညာနဲ့ မြစ်ကြေမှာ ရေရဲ့ ဓါတုဖွဲ့စည်းပုံ ပြောင်းလဲတဲ့ အတွက်ကြောင့် ရေနေ သတ္တဝါတွေ ထိခိုက်မယ် ဆိုတာကတော့ ပထမဆုံးတွေ့ရမယ့် ပြဿနာပါ။
ပရောဂျက်တွေ အားလုံးမှာ လုပ်ပြီဆိုရင် environmental ဆိုတဲ့ထဲမှာ environment ပါတယ်။ ဆိုရှယ် social လို့ခေါ်တဲ့ လူတွေရဲ့ အမြင်တွေ ပါတယ်။ နောက်တခုက cultural ယဉ်ကျေးမှု အဆောက်အအုံတွေ ဘာတွေရှိသလဲ ဆိုပြီးတော့ကြည့်တာလည်း ပါတယ်ပေါ့။ နောက်တခါ ရေလွှမ်းသွားတဲ့ နေရာမှာ မြုပ်သွားတဲ့ သဘာ၀ အရင်းအမြစ်တွေပေ့ါ။ ဥပမာ ရွှေတွေ၊ ငွေတွေလို သတ္တုသိုက်တွေ လည်း ရှိနိုင်တာပဲလေ။ ဆိုတော့ အဲဒီလိုဟာမျိုးတွေလည်း ပါတယ်။ နောက်တခါ traffic ပေါ့။ လူတွေသွားလာတာ သွားရေးလာရေးပေါ့။ အဲဒီလိုရှုဒေါင့်အမျိုးစုံပါပါတယ်။ တခြားလည်း ကျွန်တော်တို့ ဒီနေရာ ဒီဒေသကို သူတို့က ပတ်ဝန်းကျင် လေ့လာမှု လုပ်တယ်ဆိုကတည်းက ကျွန်တော်တို့သဘောမကျတဲ့ အချက်တွေ ပေါ့နော်။ ဆိုလိုတာက လိုအပ်တဲ့ scope အားလုံးကို cover လုပ်မသွားဘူးပေါ့။
တကယ်ဆိုရင် သဘာဝပါတ်ဝန်းကျင်လေ့လာမှုဆိုတာက လူသိများတဲ့ အပင်တွေ သတ္တဝါတွေ ရေတွေတင်မကပဲနဲ့ ဒီလူအများစုရဲ့ ထင်မြင်ချက်တွေ ဒီမှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံအရ သူတို့တန်ဖိုးထားမှုတွေ ကနေ စပြီး ဒီ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ တန်ဖိုးထားတဲ့ နေရာဒေသတွေ၊ ရှုခင်းရှုကွက်တွေ ဒါတွေအားလုံးပါပါတယ်။ ဆိုတော့ အဲဒီအပိုင်းတွေကို သူတို့ အသေးစိတ် လေ့လာသွားမှု မရှိတဲ့အတွက်ကြောင့် မြန်မာပြည်သူ အများ မြင်သလိုပဲ ထိခိုက်နိုင်စရာတွေက အများကြီး ရှိနေတယ် ဆိုတာကို တွေ့ရပါတယ်။
ယဉ်ကျေးမှုနဲ့ ပါတ်သက်တဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ထိမ်းသိမ်းရမယ့် အဓိကအချက် အဲဒီနေရာမှာ ဘာတွေတွေ့ပါသလဲ။
ယဉ်ကျေးမှုဆိုတာက ကျွန်တော်တို့ သာမန် စဉ်းစားရင်တော့ ရှေးဟောင်းအဆောက်အအုံတို့ ဘာတို့လို့ ထင်လောက်စရာရှိတယ်ပေါ့။ ဒါပေမယ့်လို့ တဘက်ကကျတော့ ဒီမြစ်ဆုံဒေသရဲ့ ရှုခင်းရှုကွက် ကိုယ်တိုင်က ဒီ ကချင် တိုင်းရင်းသားတွေနဲ့ ဒေသခံ တိုင်းရင်းသားပြည်သူတွေ အင်မတန်မှ တန်ဖိုးထားတဲ့ နေရာကြီးတခုဖြစ်နေတယ်ပေါ့။ လွန်ခဲ့တဲ့ နှစ်များစွာကတည်းကပဲ ဒီကချင်ပြည်လို့ သူတို့ဒေသကို အထိမ်းအမှတ်ပြုလိုက်ရင် ဒါကိုပဲသူတို့က ကိုယ်စားပြုလို့ သဘောထားတဲ့ နေရာဖြစ်နေတယ်ပေါ့။ ဆိုတော့ အဲဒါကိုယ်တိုင်ကိုက ဘယ်လိုမှ မငြင်းပယ်နိုင်တဲ့ ကိစ္စပါပဲ။ ဆိုတော့ ဒီနေမှာ ဒါလုပ်လို့ ဖြစ်ကိုမဖြစ်နိုင်တဲ့ အစားထိုးပေးလို့မရတဲ့ နေရာဖြစ်နေပါတယ်။
အခုဒီ ဆိုရှယ်လို့ပြောတဲ့ လူမှု၊ ယဉ်ကျေးမှု ဆိုင်ရာသဘာဝပါတ်ဝန်းကျင် ထိခိုက်မှုတွေအပြင် တောတောင်ရေမြေ သဘာဝဝန်းကျင် ထိခိုက်မှု မှာရော ဘာတွေရှိပါသလဲ။
ဟုတ်ကဲ့။ ပထမဆုံး အဲဒါမျိုးတွေ ဖြစ်နိုင်ချေက ဘယ်မှာသွားပြီး ဖေါ်ပြသလဲ ဆိုတော့၊ ရေလွှမ်းတဲ့ ဧရိယာ များသွားတဲ့အခါ ဖေါ်ပြပါတယ်။ တကယ်လို့မြစ်ညာမှာသာ ဒီဆည်တွေ ဆောက်ဖို့ ရှိတယ်။ ဆောက်ဖို့လည်း အရေးတကြီး လိုအပ်တယ်၊ စီးပွါးရေး အရလည်း သူတို့ဘက်က ဒေသခံအတွက်ရော တိုင်းပြည်အတွက်ရော အကျိုးအမြတ်ရှိတယ်လို့ စဉ်းစားမယ်ဆိုရင်တော့ ရေလွှမ်းတဲ့ ဧရိယာနဲလို့ ှရှိရင်တော့၊ အတန်အသင့် သင့်တော်မှု ရှိနိုင်ပါတယ်။ ဒါပေမယ့် အခု မြစ်ဆုံစီမံကိန်းအတွက် သူတို့ပြထားတဲ့ နေရာမှာ ရေလွှမ်းတဲ့ ဧရိယာတွေက သိပ်ကိုများလွန်းနေတယ်။ ကျွန်တော်တို့ သိရသလောက်ကတော့ မြစ်ဆုံစီမံကိန်းမှာကိုက သူ့အထက်မှာ ဆည် ၆ ခုလောက် ပါနေပါတယ်။ နောက်တခါ ဧရာဝတီမြစ်ကို စီးဝင်တဲ့ အဲမိုင်ခပေါ့။ မေခမြစ်ရဲ့ မြစ်လက်တက် ဖြစ်တဲ့ နော်ချမ်းခ လိုမျိုး တခြားမြစ်ကြောင်းတွေမှာလည်း သူ့ရဲ့ ဆင့်ကဲ ဆင့်ကဲ ဆည်အငယ်လေးတွေလည်း အများကြီး ပါတယ်ဗျ။ ဆိုလိုတာက ကျွန်တော်တို့ အမြင်အရဆိုရင် ၁၀ ခုလောက်တောင် ရှိမယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီနေရာက ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်းပဲ အတော်များများဟာ မလေ့လာရသေးတဲ့ နေရာလည်း ဖြစ်တယ်။ သစ်တောကြီးတွေကလည်း အများကြီး ကျန်နေသေးတယ်။ သစ်တောတွေမှာ ဒီ bio diversity ကလည်း အရေးကြီးတဲ့ ဇီဝအရင်းအမြစ်တွေ အများကြီး ရှိနေပါတယ်။ ရေလွှမ်းတဲ့ ဧရိယာ ကျယ်လေလေ၊ ဒီဟာတွေ ဆုံးရှုံးမှုက များလေလေပါ။ ဆိုတော့ ရေလွှမ်းတဲ့ ဧရိယာ ကျဉ်းကျဉ်းလေးနဲ့ စီးပွါးရေးဖြစ်အောင် ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ တမျိုးစဉ်းစားလို့ ရပါတယ်။
ဒါက ကုန်းပေါ်မှာ ရှိတဲ့ သဘာဝ အရင်းအမြစ်ပေါ့။ မြေအောက်မှာ ရှိတဲ့ သယံဇာတတွေနဲ့ ပါတ်သက်ပြီးတော့ရော အဲဒီနေရာမှာ အလားအလာ ဘယ်လောက် ရှိပါသလဲ။ ဘယ်နေရာမျိုးတွေမှာ အဓိက ရှိနိုင်သလဲ ပြောပြပေးပါ။
အဲဒီမြစ်ကြီးနားရဲ့ အထက်ပိုင်းကတော့ ကျွန်တော်တို့က တြိဂံဒေသလို့ ခေါ်တာပေါ့လေ။ ဒီနေရာတွေ ကိုယ်တိုင်က အားလုံးသိတဲ့ အတိုင်းပါပဲ။ ဧရာဝတီမြစ်ကမ်းတလျှောက်မှာ ရွှေကျင်ပြီးတော့ စီးပွါးရေးလုပ်လို့ ရခဲ့တဲ့နေရာပဲလေ။ မြန်မာပြည်က အရင်တုန်းက ဒီရွှေသတ္တုမိုင်းကြီးတွေ မပေါ်ခင်တုန်းက ရွှေထွက်တယ် ဆိုရင် အဲဒီနေရာကပဲ ထွက်ပါတယ်။ နှုံးဆောင်တဲ့ အနည်တွေထဲကနေ အဲဒီမြစ်ကြောင်းကနေ ကျင်ယူကြတာပေါ့။
ဆိုတော့ အဲဒါတွေက ဘာကိုညွှန်ပြသလဲ ဆိုတော့။ သူ့အထက်မှာလည်း ပိုပြီးတော့ ရွှေလို တန်ဖိုးကြီးတဲ့ သတ္တုရိုင်းတွေ၊ မဖေါ်ထုတ်ရသေးတဲ့ နေရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို ပြနိုင်ပါတယ်။
နောက်တခါ ဘူမိဗေဒ အနေအထားအရလည်း ဒီနေရာက Geological Structures တွေ၊ Fault ကြီးတွေ များတဲ့နေရာပေါ့။ ဒီလိုနေရာတွေက ပိုပြီးတော့ သယံဇာတတွေနဲ့ တွဲဘက်လေ့ရှိတယ်ပေါ့။ ဆိုတော့ အခုရေလွှမ်းတဲ့ နေရာတွေ ကျယ်သွားလေလေ၊ သယံဇာတက ရှာဖွေတွေ့ဖို့ အခွင့်အလန်းက နဲသွားလေပေါ့။ Geologist နဲနဲလောက်ကပဲ သွားနိုင်သလောက် သွားပြီးတော့ လေ့လာထားတဲ့ အချက်လောက်ပဲ ရှိတယ်ပေါ့။ တကယ့်တကယ် ကြီးကြီးမားမား လေ့လာပြီး ရှာဖွေ ဖေါ်ထုတ် သွားတာ ဘာမှ မရှိသေးပါဘူး။
ဆိုတော့ အဓိကကတော့ မြစ်ဆုံပေါ့နော်။ မြစ်ဆုံဒေသက ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်က ထိမ်းသိမ်းသင့်တယ်။ ဒီနေရာကို ထိမ်းသိမ်းပြီးတော့ သူ့ အပေါ်ဘက်တွေမှာ ကျန်တဲ့နေရာတွေမှာ ဆည်တွေ ဆောက်ရင်ကော။
အဲဒါဆိုရင်တော့ ကျွန်တော်တို့ တမျိုး စဉ်းစားသင့်ပါတယ်။ တခြားဆည်တွေ အထက်မှာ ဆောက်မယ်ဆိုရင် သူတို့ကြောင့်ဖြစ်လာမယ့် ပါတ်ဝန်းကျင်ထိခိုက်မှုတွေ Environmental Impact တွေအားလုံးကို အသေးစိတ်လေ့လာပြီးတော့၊ ဥပမာ ဆယ်ခု ဆယ့်ငါးခု တွဲမစဉ်းစားပဲနဲ့ တခုချင်းထပ်ပြီးတော့ စဉ်းစားမယ် ဆိုရင်တော့ စဉ်းစားသင့်တဲ့ အပိုင်းတွေ ရှိပါတယ်။
အဲဒီအထက်ဒေသတွေဟာ မြေမျက်နှာပြင် အနိမ့်အမြင့်ကိုက နေရာ တိုတိုလေး အတွင်းမှာ အများကြီး ကွာခြားပါတယ်။ တချို့နေရာလေးတွေကကျတော့ တိုက်ရိုက် ပါတ်ဝန်းကျင်ကို ထိခိုက်မှု အများကြီး နဲတယ်ပေါ့။ အဲလိုမျိုး လေး စဉ်းစားနိုင်ရင်တော့လည်း ကောင်းပါတယ်။
ငလျင်ကြောပေါ်မှာ ကျနေတာဆိုတော့ သူ့ရဲ့ အန္တရာယ် ဘယ်လောက်ရှိသလဲ၊ ဘယ်လောက် ရိုက်ခတ်နိုင်မလဲဆိုတာ အကျဉ်းချုံးလေး ပြောပြပေးပါ။
ငလျင်အန္တရာယ်ကလည်း အများကြီးအရေးကြီးတဲ့ အကြောင်းတခုပါပဲ။ ဒီနေရာက စစ်ကိုင်းပြတ်ရွေ့နဲ့လည်း အများကြီးနီးတယ်။ သူနဲ့ အတူ အလားတူ အသက်ရှင်လှုပ်ရှားဆဲဖြစ်တဲ့ပြတ်ရွေ့ တွေကလည်း အများကြီး ရှိနေပါတယ်။ ပြတ်ရွေ့က တကြောင်းထဲ မဟုတ်ပါဘူး၊ အဲဒီတော့ အားလုံးကလည်း ငလျင်လှုပ်နှိုင်ခြေကလည်း ရှိနေပါတယ်။
အဲတော့ ဆိုလိုတာက မှတ်တမ်းတွေ အရကလည်း ၁၉၄၆ နဲ့ သူ့ထက် စောတဲ့ကာလတွေမှာ လှုပ်ခဲတဲ့ ငလျင်တွေက ၇.၇ လောက်အထိ ကြီးတဲ့ ပမာဏရှိတဲ့ ငလျင်ကြီးတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုမှတ်တမ်းတွေလည်း ရှိနေတယ်။ ဆိုတော့ ငလျင်နဲ့ ပါတ်သက်ပြီးတော့ အသေးစိတ်လေ့လာပြီးတော့ မှသာ ထိုက်ထိုက်တန်တန် လုံလောက်တဲ့ ပြင်ဆင်မှု ရှိမှသာ ဒါကိုလုပ်လို့ ရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကနေ ဦးစီးပြီးတော့ မြစ်ဆုံဒေသမှာ ဆည်စီမံကိန်းတွေ လုပ်ခဲ့တယ် ဆိုတော့ တရုတ်နိုင်ငံမှာရော
Geologicallay အားဖြင့်ပေါ့ complex အရမ်းကို ရှုပ်ထွေးတဲ့ နေရာမျိုး ရယ်လို့တော့ မဟုတ်ဖူး။ ဒါပေမယ့် သူတို့ နိုင်ငံမှာလည်း ဆည်တွေကို အကြီးအကျယ် ဆောက်လုပ်ခဲ့ကြတယ်။ ဥပမာ သူတို့ရဲ့ လျှိုမြောင်သုံးသွယ် ဆည် ဆိုရင်လည်း သဘာဝ ပါတ်ဝန်းကျင်ကတော့ အကြီးအကျယ် သူတို့ကြောင့် ထိခိုက်တာဖြစ်ပါတယ်။ ဆိုတော့ သူတို့တွေ ဆောက်နိုင်တယ် ဆိုတဲ့ အရည်အချင်းတော့ ရှိကောင်း ရှိမယ်။ ဒါပေမယ့်လို့ အဲဒီဆည်တွေက ဘေးအန္တရာယ် ကင်းရှင်းအောင် ဘယ်လောက်အထိ သဘာဝပါတ်ဝန်းကျင် မထိခိုက်အောင် ဆောက်နိုင်မလဲ ဆိုတဲ့ အထောက်အထား ခိုင်ခိုင်ခန့်ခန့် မရှိပါဘူး။
ဆိုလိုတာက ကျွန်တော်တို့က သူတို့အတွက် ယုံကြည်ရလောက်အောင် လုပ်တဲ့အခြေနေမျိုး မလုပ်တာတွေ့ရပါတယ်။ သူတို့ရဲ့ transparency ပေါ့လေ။ ပညာရှင်တွေကလည်း လေ့လာ ထားတယ်။ သူတို့လည်း လုပ်ထားပါတယ်ပေါ့။ ဒါပေမယ့် သူတို့ လုပ်ထားတယ် ဆိုတာကို ကျွန်တော်တို့ပြည်တွင်းမှာ ရှိတဲ့ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဌာနတွေရှေ့မှာ ရှင်းရှင်းလင်းလင်းနဲ့ ဒါကိုစစ်ဆေးရေး ခံယူဖို့ သင့်ပါတယ်။ ဒါမှသာ အားလုံးက ဝိုင်းပြီးတော့ သူ့အမြင် ကိုယ့်အမြင်အရ ဖလှယ်လို့လည်း ရမယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုတွေမြင်ထားတာရှိတယ်။ သူတို့ရဲ့ လေ့လာမှုနဲ့ သူတို့ရဲ့ ပြင်ဆင်တဲ့ ဒီဇိုင်းပေါ့။ ပြည့်စုံလုံလောက်မှု ရှိလားဆိုတာ ဝိုင်းပြီးတော့ ဝေဘန် အကြံပေးနိုင်မှာဖြစ်ပါတယ်။
ဦးစိုးသူရထွန်းပါ။