သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုထိုင်ဆ စံနှုန်း တပြေးညီသတ်မှတ်ဖို့


Grain moisture content testing to standardized in NIMM Myanmar
Grain moisture content testing to standardized in NIMM Myanmar

မြန်မာနိုင်ငံမှာ ကောက်ပဲသီးနှံတွေရဲ့ စိုထိုင်းဆကို တိုင်းတာဖို့ နိုင်ငံတကာ အဆင့်မှီ စံနှုန်း သတ်မှတ်နိုင်အောင် လုပ်ဆောင်နေတာတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းက ဒေါက်တာမျိုးအောင်ကျော်က ပြောပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ကောက်ပဲသီးနှံတွေရဲ့ စိုထိုင်းဆကို တိုင်းတာဖို့ နိုင်ငံတကာ အဆင့်မှီ စံနှုန်းသတ်မှတ်ထားတာ မရှိသေးပါဘူး။ ဒီလိုစံနှုန်းသတ်မှတ်နိုင်အောင် လုပ်ဆောင်နေတာတွေကို ဂျပန်- နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းက ဒေါက်တာမျိုးအောင်ကျော်က ပြောပြပေးမှာပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ သီးနှံအရည်အသွေးတွေနဲ့ ပတ်သက်ရင် အဓိကအရေးအကြီးဆုံး အချက်က အစိုဓါတ်ပါပဲ။ သီးနှံတွေမှာပါတဲ့ အစိုဓါတ် - Grain Moisture Content လို့ခေါ်ပါတယ်။ အဲဒီအစိုဓါတ်က သီးနှံအလိုက် သူတို့ကို ခြောက်သွေ့အောင်လုပ်ရမယ့် အစိုဓါတ်၊ ကြိတ်ခွဲမယ်ဆိုရင်လည်း ကြိတ်ခွဲရတဲ့ အစိုဓါတ်၊ သိုလှောင်ရင်လည်း သိုလှောင်သင့်တဲ့ အစိုဓါတ်၊ ဒါတွေက အဲဒီလို သတ်မှတ်ချက်တွေ ပေါ်မှာ သေသေချာချာ လိုက်နာမှသာလျှင် ဒီသီးနှံက အရည်အသွေး ကောင်းမှာ ဖြစ်ပါတယ်။ ပြောင်းဆိုလဲ ပြောင်းအလိုက် အစိုဓါတ်ဘယ်လိုလဲ၊ သိုလှောင်ရင် ဘယ်လိုလဲ၊ ရေငွေ့ကဘယ်လောက်ဆို လက်ခံသလဲ၊ ပဲပုပ်ဆိုလဲ အဲဒီလိုပဲ ပေါ့နော်။

နိုင်ငံတကာမှာ ကောက်ပဲသီးနှံတွေ အရောင်းအဝယ်လုပ်မယ်ဆိုရင် အစိုဓါတ်ပါဝင်နှုန်းကို တိုင်းတာပြီး အရည်အသွေးကို အကဲဖြတ်ကြတာပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ သီးနှံအလိုက်မှာ သူ့အစိုဓါတ်တွေကို တိုင်းတာတဲ့ ကရိယာတွေ အရမ်းအရေးကြီးလာတယ်။ တချိန်တုန်း ကတော့ စပါးဆိုရင် ပါးစပ်နဲ့ပဲကိုက်ပြီး ခြောက်တယ် စိုတယ်ပဲ ပြောကြတာ။ ခြောက်တယ်လို့ ပြောလိုက်ရင် ခြောက်တဲ့ range အတိုင်းအတာက ပမာဏက ဘယ်လောက်မှာ ရှိတယ် ဆိုတာ သူတို့ မသိကြပါဘူး။ ဒါက သိပ်အရေးကြီးပါတယ်။

ဥပမာ အစိုဓါတ် ၁၄.၅ ရာခိုင်နှုန်းကနေ ၁၀ % ကြားထဲမှာ ဘယ်လောက် ခြောက်တယ်ပေါ်မူတည်ပြီး ၁% ကွာသွားတိုင်း ဝိတ်လျော့တာနဲ့အမျှ သူတို့ဆီက ပါသွားတဲ့ဟာကလည်း တကယ်လို့ စပါး တတင်းကို ၆၀၀၀ ဆိုရင် တတင်းကွာတာနဲ့ ငွေ ၆၀၀၀ ကွာသွားတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့် စပါးတရာမှာ တတင်း ကွာသွားတယ် ဆိုရင်ပဲ သူတို့ လုပ်ငန်းအပေါ်မှာ အများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ပါးစပ်နဲ့ ကိုက်မယ့်အစား မှန်ကန်တဲ့၊ သေချာတဲ့၊ ယုံကြည်လောက်တဲ့ ကရိယာတွေနဲ့ တိုင်းတာဖို့ အရမ်းအရေးကြီးပါတယ်။

ဒီကရိယာတွေကို နိုင်ငံစုံက ကုမ္ပဏီအမျိုးမျိုးက ထုတ်လုပ်ကြပါတယ်။ ဘယ်ကုမ္ပဏီထုတ်စက်က ဘယ်လောက်မှန်တယ်ဆိုတာ ရောင်းသူနဲ့ ဝယ်သူကြား တော်တော်လေး အငြင်းပွါးစရာမို့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ တပြေးညီ စံနှုန်းထားဖို့ လိုလာတာပါ။ စံနှုန်းကို တပြေးညီ သတ်မှတ်နိုင်ဖို့အတွက် စမ်းသပ်လေ့လာနိုင်မယ့် ဓါတ်ခွဲခန်းလိုပါတယ်။

ဒေါက်တာမျိုးအောင်ကျော်။ ။ ကျွန်တော်က ၂၀၁၄ က ထိုင်းနိုင်ငံမှာ အစည်းဝေးတခု သွားတက်ရင်းနဲ့ ထိုင်းနိုင်ငံရဲ့ သီးနှံအစိုဓါတ်တွေအတွက် စံချိန်စံညွှန်းနဲ့ ပတ်သက်တာကို လေ့လာရင်းနဲ့ ကျွန်တော့်ရဲ့ ပါတနာကုမ္ပဏီဖြစ်တဲ့ ဂျပန်က Cat Electric Laboratory ကုမ္ပဏီနဲ့ သေချာလေ့လာပြီးမှာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် တကယ့်ကို နိုင်ငံတကာ အဆင့်မှီ စံနှုန်းသတ်မှတ်ဖို့ အတွက် စကြိုးစားခဲ့တာပါ။

ဒီလိုတန်းဝင်ဖို့ ဆိုရင် လိုအပ်တဲ့ ဓါတ်ခွဲခန်းတွေ facility တွေ အများကြီးလုပ်ရတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ ချည်းပဲ မရတော့၊ JICA ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနဲ့ propose လုပ် ဖို့ ကိစ္စလေးတွေ ဖြစ်လာတယ်။ အဲဒီတော့ အဲဒါကို ဂျပန်က Cat Electric Laboratory ကုမ္ပဏီနဲ့ အတိုင်ပင်ခံကုမ္ပဏီဖြစ်တဲ့ Japan Development Service ပေါ့။ အဲဒီ ကုမ္ပဏီ ၂ ခုက နေပြီးတော့ ကျွန်တော်တို့နဲ့ အပြန်အလှန်ဆွေးနွေး။ ပြီးလို့ရှိရင် ကျွန်တော်တို့က ဒေသတွေသွား။ သွားပြီး စက်ပိုင်တွေကိုမေး၊ တောင်သူတွေကိုမေး၊ ကုန်သည်တွေကိုမေးပြီးမှ ရလာတဲ့ အချက်အလက်တွေပေါ် အခြေခံပြီးတော့မှ JICA ကို proposal တင်ရပါတယ်။ အဲဒါကလည်း အပြန်အလှန် လုပ်ရင်း ၂ နှစ်လောက် အချိန်ယူရတာ။ ပြီးခဲ့တဲ့နှစ် ၂၀၁၇ နိုဝင်ဘာရောက်မှပဲ JICA ကနေ ဒီဟာကို သဘောတူပြီးတော့ မြန်မာပြည်အတွက်ကို တကယ့်ကို နိုင်ငံတကာ စံချိန်စံညွှန်း အဆင့်မှီ ဓါတ်ခွဲခန်း လုပ်ပေးဖို့ သဘောတူညီချက်ရပါတယ်။

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံတကာအဆင့်မှီ စံနှုန်း မြန်မာနိုင်ငံအတွက် သတ်မှတ်ဖို့ လုပ်နေတာကို ကြည့်ရအောင်ပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ၂ နှစ်တာ လေ့လာမှု အရ ကျွန်တော်တို့မှာ စံချိန်စံညွှန်းနဲ့ ပတ်သက်ပြီး လုပ်တဲ့ အဖွဲ့ကြီးက အခုအခါမှာ ပညာရေးဝန်ကြီးဌာန အောက်က သုတေသနနဲ့ တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာန အောက်မှာ ရှိတယ်။ အခုဆိုရင် အဲဒီဌာန အောက်မှာ National Institute of Meteorology Myanmar ဆိုတဲ့ NIMM ဆိုတဲ့ Institute အသစ်ကြီး အဆောက်အဦးအသစ်ကြီးကလည်း အချိန်ကိုက် ပေါ်လာတော့ ကျွန်တော်တို့ရဲ့ ဓါတ်ခွဲခန်းကြီး တခုကလည်း အတော်ပဲ တခါထည်း ထားလိုက်နိုင်တယ်ပေါ့။

အဲဒီတော့ စံထားစရာ ကရိယာ primary standard unit ဆိုတဲ့ အစိုဓါတ်တိုင်း ကရိယာ ကို လုပ်ဖို့ ဆိုတာက ခုနပြောတဲ့ သိပ္ပံသုတေသနနဲ့ တီထွင် ဆန်းသစ်မှု ဌာနက တာဝန်ယူသလို ကျွန်တော်တို့ရဲ့ ဒီ တပြည်လုံးမှာ ပြန့်နှံ့နေတဲ့ ဒီလို ကရိယာတွေ

ဒေါက်တာမျိုးအောင်ကျော်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ ။

XS
SM
MD
LG