သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စြန္႔ပစ္ပစၥည္းကေန ေလာင္စာအရည္ထုတ္ဖို႔


စြန္႔ပစ္ပစၥည္းကေန ေလာင္စာအရည္ထုတ္ဖို႔ - ေဒါက္တာမိုးသႏၱာၾကည္

စြန္႔ပစ္ပစၥည္းအမ်ိဳးမ်ိဳးကေန ေလာင္စာဆီထုတ္တဲ့နည္းေတြထဲက ပလပ္စတစ္နဲ႔ စိုက္ပ်ိဳးေရးစြန္႔ပစ္ပစၥည္းေတြကေန ေလာင္စာ အရည္ထုတ္ဖို႔ ျမန္မာႏိုင္ငံေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္မွာ လုပ္တဲ့ သုေတသနေတြ အေၾကာင္း ဒုပါေမာကၡခ်ဳပ္ ေဒါက္တာမိုးသႏၱာၾကည္က ေျပာျပေပးမွာပါ။

wastes to liquid fuel - Dr Moe Thanda Kyi
please wait

No media source currently available

0:00 0:07:05 0:00
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

(Zawgyi)

စြန္႔ပစ္ပစၥည္းအမ်ိဳးမ်ိဳးကေန ေလာင္စာဆီထုတ္တဲ့နည္းေတြထဲက ပလပ္စတစ္နဲ႔ စိုက္ပ်ိဳးေရးစြန္႔ပစ္ပစၥည္းေတြကေန ေလာင္စာ အရည္ထုတ္ဖို႔ ျမန္မာႏိုင္ငံေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္မွာ လုပ္တဲ့ သုေတသနေတြ အေၾကာင္း ဒုပါေမာကၡခ်ဳပ္ ေဒါက္တာမိုးသႏၱာၾကည္က ေျပာျပေပးမွာပါ။

ေဒါက္တာမိုးသႏၱာၾကည္။. ။“စြန္႔ပစ္ပစၥည္း ၂ မ်ိဳးကေန ထုတ္ပါတယ္။ ေလာင္စာဆီကိို။ ပထမ အေနနဲ႔က ပလပ္စတစ္ စြန္႔ပစ္ပစၥည္းေပါ့။ အေအးဘူးခြံေတြ၊ ေရသန္႔ဘူးခြံေတြ၊ ဆပ္ျပာရည္ဘူးခြံေတြ၊ အဲဒီလိုမ်ိဳး ေတြကေန ပိုင္အိုရိုက္စစ္ pyrolysis နည္းနဲ႔ ေလာင္စာဆီ ထုတ္တာတမ်ိဳးပါ။ ေနာက္တမ်ိဳးက biomass ဆိုတာေပါ့ေနာ္။ လယ္ယာထြက္ စြန္႔ပစ္ပစၥည္း ျဖစ္တဲ့ ေကာက္ရိုးတို႔ စပါးခြံတို႔ ပါမယ္။ ေနာက္ woody biomass လို႔ ေျပာတဲ့ သစ္တိုသစ္စေပါ့။ လႊစာမႈန္႔ သေဘာမ်ိဳးေပါ့။ အဲဒီလိုမ်ိဳးကေန ေလာင္စာဆီ ျပန္ၿပီးထုတ္တဲ့ အပိုင္းဆိုၿပီးေတာ့ ၂ ပိုင္း၊ သုေတသန အေသးစားေလးေတြ လုပ္ၾကပါတယ္။”

ေမး။. ။“ပထမဆံုး ပလပ္စတစ္နဲ႔ ပတ္သက္ၿပီးေတာ့ ေျပာျပေပးပါ။ ပလပ္စတစ္က အမ်ိဳးအစားေတြ အမ်ားႀကီးဆိုေတာ့ ပလပ္စတစ္မွန္သမ ွ် အကုန္သံုးလို႔ ရပါသလား။”

ေဒါက္တာမိုးသႏၱာၾကည္။. ။“ပလပ္စတစ္ကေတာ့ သံုးတဲ့ အမ်ိဳးအစားေပၚ မူတည္ၿပီးေတာ့ ထြက္လာတဲ့ ထြက္ကုန္ product ကလည္း ကြဲျပားမႈရွိပါတယ္။ မ်ားေသာအားျဖင့္ က်မတို႔ ျမန္္မာႏုိင္ငံက အေအးဘူးခြံေတြ၊ ဆပ္ျပာရည္ဘူးခြံေတြ၊ အဲဒီလိုမ်ိဳးေတြကို အမ်ားစု သံုးမယ္ ဆိုရင္ ဒီဇယ္အမ်ိဳးအစား ေလာင္စာဆီထြက္ႏိုင္ပါတယ္။ က်န္တာေတြကလည္း အမ်ိဳးအစားေတြေပၚမူတည္ၿပီးေတာ့ ဓါတ္ဆီတို႔၊ အိမ္သံုး heating အေနနဲ႔ အိမ္သံုးဆီ အမ်ိဳးအစားေတြ ထြက္ႏိုင္ပါတယ္။ သံုးတဲ့ကုန္ၾကမ္းေပၚမူတည္ၿပီးေတာ့ ထြက္လာတဲ့ product ကလည္း အမ်ိဳးအစားေတြ ကြဲသြားႏိုင္ပါတယ္။”

ေမး။. ။“ဆိုေတာ့ ပလပ္စတစ္စြန္႔ပစ္ ပစၥည္းကေန ထုတ္ႏိုင္တာက. အမ်ားႀကီးေပါ့ေနာ္။ ဓါတ္ဆီကအစ အိမ္သံုးဆီ အထိ ထြက္လာႏုိင္တယ္ ဆိုေတာ့ ဘယ္လိုပံုစံနဲ႔ သူတုိ႔ကို ထုတ္သလဲ။ ထုတ္တဲ့နည္းကေတာ့ တူမွာ မဟုတ္ဖူးေပါ့ေနာ္။”

ေဒါက္တာမိုးသႏၱာၾကည္။. ။“ဟုတ္ကဲ့ပါ။ ေလာင္စာနဲ႔ တြန္းကန္ပစၥည္း (Fuel and Propellant) ဌာနမွာ ပလပ္စတစ္စြန္႔ပစ္ ပစၥည္းကေနၿပီးေတာ့ ေလာင္စာဆီ ထုတ္တဲ့ ေနရာမွာ ပိုင္ရိုိိုလိုက္ဆစ္ နည္းကို သံုးပါတယ္။ အဲဒီနည္းက အပူခ်ိန္ကို ၇၀၀ ဒီဂရီဆဲလ္စီးယပ္စ္ေလာက္ အထိ အပူေပးၿပီးေတာ့ ထုတ္လုပ္တဲ့ နည္းစဥ္ ျဖစ္ပါတယ္။ pyro ဆိုတာက မီးပါ။ lysis ကေတာ့ decomposition ျဖစ္သြားတဲ့ သေဘာ- ၿပိဳကြဲေအာင္ ေျခဖ်က္တာ ေပါ့ေနာ္။ ၿပိဳကြဲသြားတဲ့ သေဘာမ်ိဳး။ ဒီနည္းအရ ဆိုရင္ အဓိကက ေအာက္ဆီဂ်င္ မပါဘူးေပါ့ေနာ္။ ေနာက္တခါ ေအာက္ဆီဂ်င္ကို အဓိက ဖယ္ထုတ္ ၿပီးေတာ့မွ ပိုင္ရိုလိုက္ဆစ္နည္းကေန ထြက္လာတဲ့ အေငြ႔ေတြကို - volatile gas ေပါ့။ ဒိီအေငြ႔ေတြကိုမွ ျပန္ၿပီးေတာ့ ဖမ္းမယ္။ ဖမ္းၿပီးေတာ့မွ တခါ အေအးျပန္ခံ ၿပီးေတာ့မွ ဒီ liquid fuel ေလာင္စာရည္ အမ်ိဳးအစားကို ရတာေပါ့ေနာ္။

အဲဒီလို ရတဲ့ အခါမွာလည္း ဒီဇယ္ေတြ သူ႔ကို ျပန္ၿပီးေတာ့ GCMS လို႔ေခၚတဲ့ တိုင္းတာတဲ့ စက္ေတြနဲ႔ ျပန္တိုုင္းလိုက္မယ္ ဆိုရင္ ဓါတ္ဆီတုိ႔၊ ဒီဇယ္တို႔၊ oil ဆီတို႔ ၊ gas ဓါတ္ေငြ႔တို႔ ၊ wax ဖေယာင္းရည္၊ ေနာက္တခါ သူ႔ရဲ့ residue အကၽြင္းအက်န္ေတြ၊ အဲဒီလိုမ်ိဳး ရာခိုင္ႏႈန္း အမ်ိဳးအစားလိုက္ ကြဲၿပီး တရာ ရာခိုင္ႏႈန္းမွာ အဲဒီလို percent ေလးေတြ ကြဲၿပီး ထြက္လာမယ္ ေပါ့။ အဲဒါမွာမွ ကိုယ္သံုးတဲ့ ကုန္ၾကမ္းေပၚ မူတည္ၿပီးေတာ့ ထြက္လာတဲ့ product ရဲ့ percent က ဘယ္ဟာက မ်ုားတယ္၊ ဘယ္ဟာက နည္းတယ္ဆိုတာကို analysis ဆန္းစစ္လို႔ ရမယ္။ ေနာက္တခါ catalyst ကို သံုးတာနဲ႔ မသံုးတာနဲ႔လည္း ကြာပါေသးတယ္။ catalyst ဆိုတာက ဓါတ္ကူပစၥည္းပါ။ ကိုယ္သံုးတဲ့ ဓါတ္ကူပစၥည္းေပၚ မူတည္ၿပီးေတာ့ ထြက္လာတဲ့ product က အမ်ိဳးအစားေတြ ကြဲသြားႏုိင္ပါေသးတယ္။”

ေမး။. ။“ဒီသုေတသန လုပ္တဲ့ဥစၥာကို လက္ေတြ႔မွာေရာ တကယ္သံုးေနသလား၊ ဒီဆီကိုေလ။ ဓါတ္ဆီတို႔ ဘာတို႔။ ဒီစြန္႔ပစ္ ပစၥည္းက ထုတ္လာတဲ့ ဆီကို လက္ေတြမွာ သံုးေနၿပီလား။”

ေဒါကတာမိုးသႏၱာၾကည္။. .“ျမန္မာႏုိင္ငံမွာကေတာ့ လက္ေတြ႔မွာ အျပင္မွာ အေသးစားေလးေတြ လုပ္တဲ့ဟာ အျပင္မွာေတာ့ ရွိတယ္။ ေက်ာင္းေတြကေတာ့ စီးပြါးျဖစ္အေနနဲ႔ ထုတ္ဖို႔ ဆိုတာက မလြယ္ေသးဘူးေပါ့။lab scale ဓါတ္ခြဲခန္းထုတ္ အေနနဲ႔ ထြက္တဲ့ product အနည္းအက်ဥ္းေလး ေတြပဲ ရွိပါေသးတယ္။”

ေမး။. ။“ဒါဆို ဆက္ၿပီးလုပ္ဖို႔ေတြ လုိေသးတယ္ေပါ့ေနာ္။. ကုန္ၾကမ္းလည္း ရွိတယ္၊ နည္းလဲသိၿပီ ဆိုေတာ့ ဆက္လုပ္ဖုိ႔ပဲ ရွိတာေပါ့ေနာ္။”

ေဒါက္တာမိုုးသႏၱာၾကည္။. ။“ဆက္ၿပီးေတာ့ လုပ္ႏုိင္ရင္ေတာ့ ပိုေကာင္းတာေပါ့။”

ေမး။. ။ “အဲဒါကေတာ့ ပလပ္စတစ္ စြန္႔ပစ္ ပစၥည္းကေန ရတာေပါ့ေနာ္။biomass လို႔ေျပာတဲ့ ဇီဝေလာင္စာ- ေကာက္ႏွံစပါးတို႔ ဘာတုိ႔၊ ဒီလယ္ယာထြက္ကုန္ စြန္႔ပစ္ပစၥည္းေတြ၊ ေနာက္ သစ္တိုသစ္စ၊ စြန္႔ပစ္ပစၥည္းေတြ၊ အဲဒီကေန ေလာင္စာအရည္ကို ဘယ္လို ထုတ္သလဲ ေျပာျပေပးပါ။”

ေဒါက္တာမိုးသႏၱာၾကည္။. ။“ biomass ကေန liquid fuel - ေလာင္စာဆီ ထုတ္တာက က်ေတာ့ က်မတို႔ ေလာင္စာနဲ႔ တြန္းကန္ပစၥည္း ဌာနမွာ သုေတသနကေတာ့ lab scale အေသးစားေလးေတြပဲ လုပ္ခဲ့တာပါ။ အဲဒါေတြက က်ေတာ့ လယ္ယာထြက္ စြန္႔ပစ္ ပစၥည္းအမ်ိဳးအစားမ်ိဳး ျဖစ္တဲ့ ေကာက္ရိုးတို႔၊ စပါးခြံတို႔၊ စြန္႔ပစ္ ပစၥည္းလို႔ ေျပာေပမယ့္ သူတုိ႔ကို အခုအခ်ိန္မွာ ဒီ့ျပင္ တျခားေနရာေတြမွာ တိရိစာၦန္အစားအစာေတြ ျပန္ၿပီးထုတ္တဲ့ေနရာေတြမွာလည္း ျပန္ၿပီးေတာ့ သံုးလို႔ရပါတယ္။ အဲဒီ ေကာက္ရိုးတို႔ စပါးခြံတို႔က ေနၿပီးေတာ့မွ ေလာင္စာအရည္ liquid fuel ထုတ္တာေတြလည္း လုပ္ခဲ့ၾကပါတယ္။ ဌာနမွာ။ ေနာက္တခါ woody biomass ေပါ့။ အဲဒါက သစ္တိုသစ္စ၊ အေလအလြင့္ ျဖစ္ေတာ့မယ့္ အရာမ်ိဳးေပါ့။ ဥပမာ ေျပာရရင္ လႊစာမႈန္႔ မ်ိဳးေပါ့။ အဲဒါမ်ိဳးကေနလည္း ေလာင္စာအရည္ ထုတ္ပါတယ္။ အေသးစားေလး. ပါပဲ။

ေမး။. ။“အၾကမ္းဖ်င္းဘယ္လို ထုတ္တယ္ ဆိုတာ ေျပာျပလို႔႔ ရမလား။”

ေဒါက္တာမိုးသႏၱာၾကည္။. ။“အၾကမ္းဖ်င္းကေတာ့ က်မတို႔ ဌာနမွာ အမ်ားစုကို pyrolysis နည္း ပဲ သံုးပါတယ္။ အပူခ်ိန္ ျမင့္ျမင့္ေပးၿပီး ၿပိဳကြဲေအာင္ လုပ္တာ မ်ားပါတယ္။ အဲဒီနည္းနဲ႔ပဲ volatile gas ေတြ ထြက္လာမယ္။ gas ေတြ ထြက္လာတာေပါ့။ အဲဒီ gas ေတြ ကိုမွ ျပန္ၿပီး အေအးခံၿပီးေတာ့မွ ေလာင္စာအရည္ အမ်ိဳးအစား ရတာေပါ့ေနာ္။”

ေမး။. ။“စြန္႔ပစ္ပစၥည္းကေန ေလာင္စာအရည္ ထုတ္တာကို ဘယ္ေနရာေတြမွာ တြင္တြင္က်ယ္က်ယ္ သံုးႏိုင္သလဲ ရွင္းျပေပးပါ။ ဘာေၾကာင့္ ဒီလိုသုေတသနေတြ ပိုၿပီး လုပ္ဖို႔ လိုတယ္ ဆိုတာသိေအာင္ပါ”

ေဒါက္တာမိုးသႏၱာၾကည္။. ။“သူက ဓါတ္ဆီတို႔ ဒီဇယ္ဆီ တို႔ေပါ့ေနာ္။ အဲဒီေနရာေတြမွာ ဒီ biofuel ကို အစားထိုးၿပီးေတာ့ သံုးႏိုင္ပါတယ္။ ေနာက္တခါ အိမ္သံုးေတြ ေပါ့ေနာ္။ အိမ္သံုးေတြမွာ light heating ဆီတို႔ အဲဒီလို ေနရာေတြမွာလည္း သူက fossil fuel - ေရနံေျမကရတဲ့ ေလာင္စာ ေနရာေတြမွာ အခု တီထြင္ဖန္တီးလိုက္တဲ့ bio fuelအမ်ိဳးအစားေတြကို အစားထိုးၿပီးေတာ့ သံုးဖို႔ ရည္ရြယ္တာပါ။ ဒါေပမယ့္ စီးပြါးျဖစ္ ထုတ္ဖို႔ ဆိုရင္ေတာ့ သံုးရတဲ့ ပစၥည္းကရိယာေတြက ေစ်းႀကိးေနေသးတဲ့အတြက္ စီးပြါးျဖစ္ထုတ္ဖို႔ ခက္ခဲမယ္။ ဒီ သံုးမယ့္ ကုန္ၾကမ္းကေတာ့ ေစ်းမႀကီးပါဘူး။”

ေဒါက္တာ မိုးသႏၱာၾကည္ပါ။

(Unicode)

စွန့်ပစ်ပစ္စည်းအမျိုးမျိုးကနေ လောင်စာဆီထုတ်တဲ့နည်းတွေထဲက ပလပ်စတစ်နဲ့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကနေ လောင်စာ အရည်ထုတ်ဖို့ မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်မှာ လုပ်တဲ့ သုတေသနတွေ အကြောင်း ဒုပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည်က ပြောပြပေးမှာပါ။

ဒေါက်တာမိုးသန္တာကြည်။. ။“စွန့်ပစ်ပစ္စည်း ၂ မျိုးကနေ ထုတ်ပါတယ်။ လောင်စာဆီကို။ ပထမ အနေနဲ့က ပလပ်စတစ် စွန့်ပစ်ပစ္စည်းပေါ့။ အအေးဘူးခွံတွေ၊ ရေသန့်ဘူးခွံတွေ၊ ဆပ်ပြာရည်ဘူးခွံတွေ၊ အဲဒီလိုမျိုး တွေကနေ ပိုင်အိုရိုက်စစ် pyrolysis နည်းနဲ့ လောင်စာဆီ ထုတ်တာတမျိုးပါ။ နောက်တမျိုးက biomass ဆိုတာပေါ့နော်။ လယ်ယာထွက် စွန့်ပစ်ပစ္စည်း ဖြစ်တဲ့ ကောက်ရိုးတို့ စပါးခွံတို့ ပါမယ်။ နောက် woody biomass လို့ ပြောတဲ့ သစ်တိုသစ်စပေါ့။ လွှစာမှုန့် သဘောမျိုးပေါ့။ အဲဒီလိုမျိုးကနေ လောင်စာဆီ ပြန်ပြီးထုတ်တဲ့ အပိုင်းဆိုပြီးတော့ ၂ ပိုင်း၊ သုတေသန အသေးစားလေးတွေ လုပ်ကြပါတယ်။”

မေး။. ။“ပထမဆုံး ပလပ်စတစ်နဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါ။ ပလပ်စတစ်က အမျိုးအစားတွေ အများကြီးဆိုတော့ ပလပ်စတစ်မှန်သမ ျှ အကုန်သုံးလို့ ရပါသလား။”

ဒေါက်တာမိုးသန္တာကြည်။. ။“ပလပ်စတစ်ကတော့ သုံးတဲ့ အမျိုးအစားပေါ် မူတည်ပြီးတော့ ထွက်လာတဲ့ ထွက်ကုန် product ကလည်း ကွဲပြားမှုရှိပါတယ်။ များသောအားဖြင့် ကျမတို့ မြန်မာနိုင်ငံက အအေးဘူးခွံတွေ၊ ဆပ်ပြာရည်ဘူးခွံတွေ၊ အဲဒီလိုမျိုးတွေကို အများစု သုံးမယ် ဆိုရင် ဒီဇယ်အမျိုးအစား လောင်စာဆီထွက်နိုင်ပါတယ်။ ကျန်တာတွေကလည်း အမျိုးအစားတွေပေါ်မူတည်ပြီးတော့ ဓါတ်ဆီတို့၊ အိမ်သုံး heating အနေနဲ့ အိမ်သုံးဆီ အမျိုးအစားတွေ ထွက်နိုင်ပါတယ်။ သုံးတဲ့ကုန်ကြမ်းပေါ်မူတည်ပြီးတော့ ထွက်လာတဲ့ product ကလည်း အမျိုးအစားတွေ ကွဲသွားနိုင်ပါတယ်။”

မေး။. ။“ဆိုတော့ ပလပ်စတစ်စွန့်ပစ် ပစ္စည်းကနေ ထုတ်နိုင်တာက. အများကြီးပေါ့နော်။ ဓါတ်ဆီကအစ အိမ်သုံးဆီ အထိ ထွက်လာနိုင်တယ် ဆိုတော့ ဘယ်လိုပုံစံနဲ့ သူတို့ကို ထုတ်သလဲ။ ထုတ်တဲ့နည်းကတော့ တူမှာ မဟုတ်ဖူးပေါ့နော်။”

ဒေါက်တာမိုးသန္တာကြည်။. ။“ဟုတ်ကဲ့ပါ။ လောင်စာနဲ့ တွန်းကန်ပစ္စည်း (Fuel and Propellant) ဌာနမှာ ပလပ်စတစ်စွန့်ပစ် ပစ္စည်းကနေပြီးတော့ လောင်စာဆီ ထုတ်တဲ့ နေရာမှာ ပိုင်ရိုလိုက်ဆစ် နည်းကို သုံးပါတယ်။ အဲဒီနည်းက အပူချိန်ကို ၇၀၀ ဒီဂရီဆဲလ်စီးယပ်စ်လောက် အထိ အပူပေးပြီးတော့ ထုတ်လုပ်တဲ့ နည်းစဉ် ဖြစ်ပါတယ်။ pyro ဆိုတာက မီးပါ။ lysis ကတော့ decomposition ဖြစ်သွားတဲ့ သဘော- ပြိုကွဲအောင် ခြေဖျက်တာ ပေါ့နော်။ ပြိုကွဲသွားတဲ့ သဘောမျိုး။ ဒီနည်းအရ ဆိုရင် အဓိကက အောက်ဆီဂျင် မပါဘူးပေါ့နော်။ နောက်တခါ အောက်ဆီဂျင်ကို အဓိက ဖယ်ထုတ် ပြီးတော့မှ ပိုင်ရိုလိုက်ဆစ်နည်းကနေ ထွက်လာတဲ့ အငွေ့တွေကို - volatile gas ပေါ့။ ဒီအငွေ့တွေကိုမှ ပြန်ပြီးတော့ ဖမ်းမယ်။ ဖမ်းပြီးတော့မှ တခါ အအေးပြန်ခံ ပြီးတော့မှ ဒီ liquid fuel လောင်စာရည် အမျိုးအစားကို ရတာပေါ့နော်။

အဲဒီလို ရတဲ့ အခါမှာလည်း ဒီဇယ်တွေ သူ့ကို ပြန်ပြီးတော့ GCMS လို့ခေါ်တဲ့ တိုင်းတာတဲ့ စက်တွေနဲ့ ပြန်တိုင်းလိုက်မယ် ဆိုရင် ဓါတ်ဆီတို့၊ ဒီဇယ်တို့၊ oil ဆီတို့ ၊ gas ဓါတ်ငွေ့တို့ ၊ wax ဖယောင်းရည်၊ နောက်တခါ သူ့ရဲ့ residue အကျွင်းအကျန်တွေ၊ အဲဒီလိုမျိုး ရာခိုင်နှုန်း အမျိုးအစားလိုက် ကွဲပြီး တရာ ရာခိုင်နှုန်းမှာ အဲဒီလို percent လေးတွေ ကွဲပြီး ထွက်လာမယ် ပေါ့။ အဲဒါမှာမှ ကိုယ်သုံးတဲ့ ကုန်ကြမ်းပေါ် မူတည်ပြီးတော့ ထွက်လာတဲ့ product ရဲ့ percent က ဘယ်ဟာက မျုားတယ်၊ ဘယ်ဟာက နည်းတယ်ဆိုတာကို analysis ဆန်းစစ်လို့ ရမယ်။ နောက်တခါ catalyst ကို သုံးတာနဲ့ မသုံးတာနဲ့လည်း ကွာပါသေးတယ်။ catalyst ဆိုတာက ဓါတ်ကူပစ္စည်းပါ။ ကိုယ်သုံးတဲ့ ဓါတ်ကူပစ္စည်းပေါ် မူတည်ပြီးတော့ ထွက်လာတဲ့ product က အမျိုးအစားတွေ ကွဲသွားနိုင်ပါသေးတယ်။”

မေး။. ။“ဒီသုတေသန လုပ်တဲ့ဥစ္စာကို လက်တွေ့မှာရော တကယ်သုံးနေသလား၊ ဒီဆီကိုလေ။ ဓါတ်ဆီတို့ ဘာတို့။ ဒီစွန့်ပစ် ပစ္စည်းက ထုတ်လာတဲ့ ဆီကို လက်တွေမှာ သုံးနေပြီလား။”

ဒေါကတာမိုးသန္တာကြည်။. .“မြန်မာနိုင်ငံမှာကတော့ လက်တွေ့မှာ အပြင်မှာ အသေးစားလေးတွေ လုပ်တဲ့ဟာ အပြင်မှာတော့ ရှိတယ်။ ကျောင်းတွေကတော့ စီးပွါးဖြစ်အနေနဲ့ ထုတ်ဖို့ ဆိုတာက မလွယ်သေးဘူးပေါ့။ lab scale ဓါတ်ခွဲခန်းထုတ် အနေနဲ့ ထွက်တဲ့ product အနည်းအကျဉ်းလေး တွေပဲ ရှိပါသေးတယ်။”

မေး။. ။“ဒါဆို ဆက်ပြီးလုပ်ဖို့တွေ လိုသေးတယ်ပေါ့နော်။. ကုန်ကြမ်းလည်း ရှိတယ်၊ နည်းလဲသိပြီ ဆိုတော့ ဆက်လုပ်ဖို့ပဲ ရှိတာပေါ့နော်။”

ဒေါက်တာမိုးသန္တာကြည်။. ။“ဆက်ပြီးတော့ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

မေး။. ။ “အဲဒါကတော့ ပလပ်စတစ် စွန့်ပစ် ပစ္စည်းကနေ ရတာပေါ့နော်။ biomass လို့ပြောတဲ့ ဇီဝလောင်စာ- ကောက်နှံစပါးတို့ ဘာတို့၊ ဒီလယ်ယာထွက်ကုန် စွန့်ပစ်ပစ္စည်းတွေ၊ နောက် သစ်တိုသစ်စ၊ စွန့်ပစ်ပစ္စည်းတွေ၊ အဲဒီကနေ လောင်စာအရည်ကို ဘယ်လို ထုတ်သလဲ ပြောပြပေးပါ။”

ဒေါက်တာမိုးသန္တာကြည်။. ။“ biomass ကနေ liquid fuel - လောင်စာဆီ ထုတ်တာက ကျတော့ ကျမတို့ လောင်စာနဲ့ တွန်းကန်ပစ္စည်း ဌာနမှာ သုတေသနကတော့ lab scale အသေးစားလေးတွေပဲ လုပ်ခဲ့တာပါ။ အဲဒါတွေက ကျတော့ လယ်ယာထွက် စွန့်ပစ် ပစ္စည်းအမျိုးအစားမျိုး ဖြစ်တဲ့ ကောက်ရိုးတို့၊ စပါးခွံတို့၊ စွန့်ပစ် ပစ္စည်းလို့ ပြောပေမယ့် သူတို့ကို အခုအချိန်မှာ ဒီ့ပြင် တခြားနေရာတွေမှာ တိရိစ္ဆာန်အစားအစာတွေ ပြန်ပြီးထုတ်တဲ့နေရာတွေမှာလည်း ပြန်ပြီးတော့ သုံးလို့ရပါတယ်။ အဲဒီ ကောက်ရိုးတို့ စပါးခွံတို့က နေပြီးတော့မှ လောင်စာအရည် liquid fuel ထုတ်တာတွေလည်း လုပ်ခဲ့ကြပါတယ်။ ဌာနမှာ။ နောက်တခါ woody biomass ပေါ့။ အဲဒါက သစ်တိုသစ်စ၊ အလေအလွင့် ဖြစ်တော့မယ့် အရာမျိုးပေါ့။ ဥပမာ ပြောရရင် လွှစာမှုန့် မျိုးပေါ့။ အဲဒါမျိုးကနေလည်း လောင်စာအရည် ထုတ်ပါတယ်။ အသေးစားလေး. ပါပဲ။

မေး။. ။“အကြမ်းဖျင်းဘယ်လို ထုတ်တယ် ဆိုတာ ပြောပြလို့ ရမလား။”

ဒေါက်တာမိုးသန္တာကြည်။. ။“အကြမ်းဖျင်းကတော့ ကျမတို့ ဌာနမှာ အများစုကို pyrolysis နည်း ပဲ သုံးပါတယ်။ အပူချိန် မြင့်မြင့်ပေးပြီး ပြိုကွဲအောင် လုပ်တာ များပါတယ်။ အဲဒီနည်းနဲ့ပဲ volatile gas တွေ ထွက်လာမယ်။ gas တွေ ထွက်လာတာပေါ့။ အဲဒီ gas တွေ ကိုမှ ပြန်ပြီး အအေးခံပြီးတော့မှ လောင်စာအရည် အမျိုးအစား ရတာပေါ့နော်။”

မေး။. ။“စွန့်ပစ်ပစ္စည်းကနေ လောင်စာအရည် ထုတ်တာကို ဘယ်နေရာတွေမှာ တွင်တွင်ကျယ်ကျယ် သုံးနိုင်သလဲ ရှင်းပြပေးပါ။ ဘာကြောင့် ဒီလိုသုတေသနတွေ ပိုပြီး လုပ်ဖို့ လိုတယ် ဆိုတာသိအောင်ပါ”

ဒေါက်တာမိုးသန္တာကြည်။. ။“သူက ဓါတ်ဆီတို့ ဒီဇယ်ဆီ တို့ပေါ့နော်။ အဲဒီနေရာတွေမှာ ဒီ biofuel ကို အစားထိုးပြီးတော့ သုံးနိုင်ပါတယ်။ နောက်တခါ အိမ်သုံးတွေ ပေါ့နော်။ အိမ်သုံးတွေမှာ light heating ဆီတို့ အဲဒီလို နေရာတွေမှာလည်း သူက fossil fuel - ရေနံမြေကရတဲ့ လောင်စာ နေရာတွေမှာ အခု တီထွင်ဖန်တီးလိုက်တဲ့ bio fuel အမျိုးအစားတွေကို အစားထိုးပြီးတော့ သုံးဖို့ ရည်ရွယ်တာပါ။ ဒါပေမယ့် စီးပွါးဖြစ် ထုတ်ဖို့ ဆိုရင်တော့ သုံးရတဲ့ ပစ္စည်းကရိယာတွေက ဈေးကြိးနေသေးတဲ့အတွက် စီးပွါးဖြစ်ထုတ်ဖို့ ခက်ခဲမယ်။ ဒီ သုံးမယ့် ကုန်ကြမ်းကတော့ ဈေးမကြီးပါဘူး။”

ဒေါက်တာ မိုးသန္တာကြည်ပါ။

XS
SM
MD
LG