သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သၾကၤန္ကာလ အိမ္ထဲမွာပဲေနဖို႔ ၫႊန္ၾကားခ်က္ေတြ ေဒသအသီးသီးမွာ ထုတ္ျပန္ထား


ရန္ကုန္ၿမိဳ႕ထဲမွာ ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသမီး ႏွစ္ဦးကို ေတြ႔ရ (မတ္ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ဧၿပီ ၁၀ ရက္ကေန ၁၉ ရက္အတြင္း မလိုအပ္ပဲ ေနအိမ္အျပင္ မထြက္ဖို႔ အာဏာပိုင္ေတြရဲ႕ တိုက္တြန္းလႈံေဆာ္ေနတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

သၾကၤန္ကာလအတြင္းမွာ ျပည္သူေတြအေနနဲ႔ မလိုအပ္ဘဲ အိမ္ျပင္မထြက္ၾကဖို႔နဲ႔ လူစုလူေဝးမလုပ္ၾကဖို႔ တိုင္းေဒသႀကီး အစိုးရအသီးသီးကၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ ဒီအစီအစဥ္ကိုၾကပ္မတ္ေဆာင္႐ြက္ဖို႔ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမွဴးေတြကို အစိုးရေတြက ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားေပမဲ့ ေနအိမ္အျပင္ မထြက္ဖို႔ကိစၥမွာ ဥပေဒအရ တင္းၾကပ္တဲ့သေဘာေတာ့ မေတြ႕ရပါဘူး။

☞ COVID-19 အလြန္ ျမန္မာ့စီးပြားေရး ျပန္ေကာင္းႏုိင္တယ္လုိ႔ AMRO ခန္႔မွန္းတဲ့သတင္းလည္း ဒီမွာ ဖတ္နိုင္ပါျပီ။

COVID-19 ေရာဂါနဲ႔ ပတ္သက္ၿပီး ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးနဲ႔ ကူညီပံ့ပိုးေထာက္ပံ့ေရး လုပ္ငန္းစဥ္ေတြမွာ ပါဝင္ေဆာင္႐ြက္ေနသူေတြကလြဲလို႔ က်န္သူေတြအေနနဲ႔ သၾကၤန္ကာလ႐ုံးပိတ္ရက္ျဖစ္တဲ့ ဧၿပီလ ၁၀ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိ မျဖစ္မေနေဆာင္႐ြက္ရမယ့္ က်န္းမာေရးကိစၥနဲ႔ အစားအေသာက္ဝယ္ယူတဲ့ ကိစၥေတြကလြဲၿပီး ေနအိမ္ျပင္ပကို ထြက္ခြာထားမ်ိဳး မလုပ္ဘဲ ကိုယ့္ရဲ႕အိမ္မွာသာေနထိုင္ၿပီး အသြားအလာကန႔္သတ္တဲ့အစီအစဥ္လုပ္ငန္းေတြမွာ ျပည္သူေတြပူးေပါင္းပါဝင္ေဆာင္႐ြက္ဖို႔ကို ရန္ကုန္တိုင္းေဒသႀကီး COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းေကာ္မတီက ၫႊန္ၾကားခ်က္ထုတ္ျပန္ထားပါတယ္။

ရန္ကုန္ၿမိဳ႕က ရပ္ကြက္ေတြမွာေတာ့ ဒီထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ျပည္သူေတြ လိုက္နာဖို႔ကို အသိေပးႏႈိးေဆာ္မႈေတြ လုပ္ေဆာင္ေနပါတယ္။

“COVID-19 ေရာဂါထိန္းခ်ဳပ္ႏိုင္ေရးအတြက္ သၾကၤန္ကာလျဖစ္တဲ့ မနက္ျဖန္ ၁၀၊ ၄၊၂၀၂၀ မွ ၁၉၊ ၄၊ ၂၀၂၀ အထိ မိမိတို႔ရဲ႕ မိသားစုက်န္းမာေရး၊ အစားအေသာက္ ၀ယ္ယူမႈ ကိစၥရပ္မွ လြဲေနအိမ္ျပင္ပသို႔ ထြက္ခြာသြားလာျခင္း မျပဳၾကဘဲ မိမိတို႔ရဲ႕ေနအိမ္တြင္ ေနထိုင္ေပးျခင္းျဖင့္ COVID-19 ေရာဂါနဲ႔ ပတ္သက္တဲ့ လုပ္ငန္းစဥ္မ်ားတြင္ ပူးေပါင္းပါဝင္ေပးၾကပါရန္ ေမတၱာရပ္ခံ ပန္ၾကားအပ္ပါတယ္ခင္ဗ်ာ။”

ဒီေရာဂါထိန္းခ်ဳပ္ေရး ျပည္သူေတြ လိုက္နာေဆာင္႐ြက္ဖို႔ကို ရပ္ကြက္ေတြထဲမွာ လိုက္လံေဟာေျပာေပးေနတာျဖစ္တယ္လို႔ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ဝင္းက ေျပာပါတယ္။

“အစိုးရအဖြဲ႕ကေနၿပီးေတာ့ သၾကၤန္တြင္းကာလေပါ့ ၁၀ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိကာလမွာ ျပည္သူေတြအေနနဲ႔ မလိုအပ္ဘဲနဲ႔ ျပင္ပထြက္ခြာျခင္းမျပဳဖို႔ ေမတၱာရပ္ခံထားတာေပါ့။ အဲဒါကို ျပည္သူေတြသိေအာင္ ရပ္ကြက္ေတြထဲလည္း ၫႊန္ၾကားထားပါတယ္။ တျခားကေတာ့ သူတို႔ေတြ စိတ္က်ဥ္းၾကပ္မႈမရွိဖို႔၊ မလိုလားအပ္ဘဲနဲ႔ ထိန္းခ်ဳပ္တာေတြ တားျမစ္တာေတြ တေယာက္နဲ႔ တေယာက္ အျပန္အလွန္တင္းမာမႈေတြ မျဖစ္ေအာင္ေတာ့ အခ်ိန္ယူၿပီးေဆာင္႐ြက္သြားရမွာေပါ့။ အားလုံးကလည္း အခုသိေနၾကပါၿပီ ဒီကိုဗစ္ေရာဂါနဲ႔ ပတ္သက္ၿပီးေတာ့ေလ။”

အစိုးရအေနနဲ႔ အခုလိုသၾကၤန္ကာလအတြင္းမွာ ေနအိမ္တြင္းမွာသာ ေနထိုင္ဖို႔ ညႊန္ၾကားခ်က္ထုတ္ျပန္ေပမယ့္ မလိုက္နာသူေတြရွိခဲ့ရင္ ဘယ္လိုေဆာင္႐ြက္သြားမယ္ဆိုတာကိုေတာ့ အတိအလင္းေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။

တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္ကေတာ့ အခုလိုထုတ္ျပန္ခ်က္အေပၚ ဥပေဒရႈေထာင့္ကေနတဆင့္ သုံးသပ္ေပးထားပါတယ္။

“ခုခ်ိန္ကေတာ့ ေမတၱာရပ္ခံတဲ့ အဆင့္ပဲလုပ္ေနေသးတယ္။ ဒါေပမဲ့လို႔ ဥပေဒက ရွိၿပီးသား အဲဒီေမတၱာရပ္ခံတဲ့အဆင့္ကို မရဘဲနဲ႔ တမင္က်ဴးလြန္တယ္ဆိုရင္ေတာ့ အေရးယူမွာပဲ အဲဒါကေတာ့ေလ။”

ဒါနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ကိုေတာ့ ၫႊန္ၾကားခ်က္ တစုံတရာေပးထားတာမ်ိဳး မရွိဘူးလို႔ စမ္းေခ်ာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕က တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ေတြကိုေတာ့ အဲဒါနဲ႔ပတ္သက္ၿပီး ဘာတာဝန္မွ ေပးမထားဘူးဗ်။ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔လုပ္ငန္းပဲ သၾကၤန္မွာလွည့္ကင္းလွည့္ ေဆာင္႐ြက္မယ္။ လုံၿခဳံေရးအတြက္ ဒါပါပဲ။ ခိုးဆိုးလုႏႈိက္ေတြ မျဖစ္ဖို႔အတြက္ လုံၿခဳံေရးလုပ္မွာပါပဲ။”

အခုလို သၾကၤန္ကာလအတြင္းမွာ ျပည္သူေတြအျပင္မထြက္ၾကဖို႔ကို က်န္တဲ့တိုင္းေဒသႀကီးအသီးသီးမွာလည္း ၫႊန္ၾကားခ်က္ထုတ္ျပန္ထားတာေတြ ရွိပါတယ္။ မႏၲေလးတိုင္းမွာေတာ့ ဧၿပီလ ၇ ရက္ေန႔ကေန ၂၁ ရက္ေန႔အထိ မလိုအပ္ဘဲအိမ္ျပင္ မထြက္ဖို႔ကို ၫႊန္ၾကားထားတာပါ။ သက္ဆိုင္ရာေဒသအလိုက္ ခရီးသြားလာခြင့္နဲ႔ ယာဥ္အဝင္အထြက္ တားျမစ္မိန႔္ထုတ္ျပန္တာေတြလည္း ရွိေနပါတယ္။ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေဆာင္႐ြက္တာေတြကိုေတာ့ ေဒသႏၲရအမိန႔္ေတြ ထုတ္ၿပီး တင္းတင္းၾကပ္ၾကပ္တားျမစ္ထားပါတယ္။ ဒါေပမဲ့ တဦးခ်င္းအေနနဲ႔ မျဖစ္မေနကိစၥကလြဲၿပီး ေနအိမ္မွာေနထိုင္ၾကဖို႔ိဆိုတာကေတာ့ ပန္ၾကားခ်က္သေဘာနဲ႔ပဲ ရပ္ကြက္ေတြအတြင္း ေၾကညာေနပါတယ္။

အစိုးရၫႊန္ၾကားခ်က္ေတြအရ အိမ္ထဲမွာ မျဖစ္မေန ေနထိုင္ရမလား၊ ဒါမွမဟုတ္ ကိုယ္အသိနဲ႔ကိုယ္ေနထိုင္ဖို႔ ပန္ၾကားသလားဆိုတာ တိတိက်က်သိႏိုင္ဖို႔ သက္ဆိုင္ရာေဒသအစိုးရတာဝန္ရွိသူေတြကို ေမးျမန္းေပမဲ့ ေျဖၾကားျခင္းမရွိခဲ့ပါဘူး။

စစ္ကိုင္းတိုင္း၊ မေကြးတိုင္းေဒသႀကီးနဲ႔ ကယားျပည္နယ္ အစိုးရေတြက ၿပီးခဲ့တဲ့ရက္ပိုင္းေတြမွာ ထုတ္ထားတဲ့ ကန္႔သတ္မိန္႔ေတြကိုေတာ့ သက္ဆိုင္ရာေဒသတခုစီမွာ တမ်ဳိးစီျဖစ္ေနတဲ့အတြက္ ျပည္ေထာင္စုအစိုးရရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ျပန္႐ုပ္သိမ္းလိုက္တယ္ဆိုတ့ဲ ေၾကညာခ်က္ေတြလည္း ထြက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သင်္ကြန်ကာလ အိမ်ထဲမှာပဲနေဖို့ ညွှန်ကြားချက်တွေ ဒေသအသီးသီးမှာ ထုတ်ပြန်ထား

ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း မလိုအပ်ပဲ နေအိမ်အပြင် မထွက်ဖို့ အာဏာပိုင်တွေရဲ့ တိုက်တွန်းလှုံဆော်နေတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

သင်္ကြန်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ လူစုလူဝေးမလုပ်ကြဖို့ တိုင်းဒေသကြီးအစိုးရအသီးသီးကညွှန်ကြားချက်တွေထုတ်ပြန်ထားပါတယ်။ ဒီအစီအစဉ်ကိုကြပ်မတ်ဆောင်ရွက်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို အစိုးရတွေက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမဲ့ နေအိမ်အပြင် မထွက်ဖို့ကိစ္စမှာ ဥပဒေအရ တင်းကြပ်တဲ့သဘောတော့ မတွေ့ရပါဘူး။

☞ COVID-19 အလွန် မြန်မာ့စီးပွားရေး ပြန်ကောင်းနိုင်တယ်လို့ AMRO ခန့်မှန်းတဲ့သတင်းလည်း ဒီမှာ ဖတ်နိုင်ပါပြီ။

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ကူညီပံ့ပိုးထောက်ပံ့ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေသူတွေကလွဲလို့ ကျန်သူတွေအနေနဲ့ သင်္ကြန်ကာလရုံးပိတ်ရက်ဖြစ်တဲ့ ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မဖြစ်မနေဆောင်ရွက်ရမယ့် ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ဝယ်ယူတဲ့ ကိစ္စတွေကလွဲပြီး နေအိမ်ပြင်ပကို ထွက်ခွာထားမျိုး မလုပ်ဘဲ ကိုယ့်ရဲ့အိမ်မှာသာနေထိုင်ပြီး အသွားအလာကန့်သတ်တဲ့အစီအစဉ်လုပ်ငန်းတွေမှာ ပြည်သူတွေပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ကို ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့က ရပ်ကွက်တွေမှာတော့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြည်သူတွေ လိုက်နာဖို့ကို အသိပေးနှိုးဆော်မှုတွေ လုပ်ဆောင်နေပါတယ်။

“COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် သင်္ကြန်ကာလဖြစ်တဲ့ မနက်ဖြန် ၁၀၊ ၄၊၂၀၂၀ မှ ၁၉၊ ၄၊ ၂၀၂၀ အထိ မိမိတို့ရဲ့ မိသားစုကျန်းမာရေး၊ အစားအသောက် ဝယ်ယူမှု ကိစ္စရပ်မှ လွဲနေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း မပြုကြဘဲ မိမိတို့ရဲ့နေအိမ်တွင် နေထိုင်ပေးခြင်းဖြင့် COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျာ။”

ဒီရောဂါထိန်းချုပ်ရေး ပြည်သူတွေ လိုက်နာဆောင်ရွက်ဖို့ကို ရပ်ကွက်တွေထဲမှာ လိုက်လံဟောပြောပေးနေတာဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။

“အစိုးရအဖွဲ့ကနေပြီးတော့ သင်္ကြန်တွင်းကာလပေါ့ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိကာလမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲနဲ့ ပြင်ပထွက်ခွာခြင်းမပြုဖို့ မေတ္တာရပ်ခံထားတာပေါ့။ အဲဒါကို ပြည်သူတွေသိအောင် ရပ်ကွက်တွေထဲလည်း ညွှန်ကြားထားပါတယ်။ တခြားကတော့ သူတို့တွေ စိတ်ကျဉ်းကြပ်မှုမရှိဖို့၊ မလိုလားအပ်ဘဲနဲ့ ထိန်းချုပ်တာတွေ တားမြစ်တာတွေ တယောက်နဲ့ တယောက် အပြန်အလှန်တင်းမာမှုတွေ မဖြစ်အောင်တော့ အချိန်ယူပြီးဆောင်ရွက်သွားရမှာပေါ့။ အားလုံးကလည်း အခုသိနေကြပါပြီ ဒီကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီးတော့လေ။”

အစိုးရအနေနဲ့ အခုလိုသင်္ကြန်ကာလအတွင်းမှာ နေအိမ်တွင်းမှာသာ နေထိုင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ပေမယ့် မလိုက်နာသူတွေရှိခဲ့ရင် ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အတိအလင်းပြောဆိုတာမျိုး မရှိသေးပါဘူး။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကတော့ အခုလိုထုတ်ပြန်ချက်အပေါ် ဥပဒေရှုထောင့်ကနေတဆင့် သုံးသပ်ပေးထားပါတယ်။

“ခုချိန်ကတော့ မေတ္တာရပ်ခံတဲ့ အဆင့်ပဲလုပ်နေသေးတယ်။ ဒါပေမဲ့လို့ ဥပဒေက ရှိပြီးသား အဲဒီမေတ္တာရပ်ခံတဲ့အဆင့်ကို မရဘဲနဲ့ တမင်ကျူးလွန်တယ်ဆိုရင်တော့ အရေးယူမှာပဲ အဲဒါကတော့လေ။”

ဒါနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကိုတော့ ညွှန်ကြားချက် တစုံတရာပေးထားတာမျိုး မရှိဘူးလို့ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ကျနော်တို့တွေကိုတော့ အဲဒါနဲ့ပတ်သက်ပြီး ဘာတာဝန်မှ ပေးမထားဘူးဗျ။ ကျနော်တို့ကတော့ ကျနော်တို့လုပ်ငန်းပဲ သင်္ကြန်မှာလှည့်ကင်းလှည့် ဆောင်ရွက်မယ်။ လုံခြုံရေးအတွက် ဒါပါပဲ။ ခိုးဆိုးလုနှိုက်တွေ မဖြစ်ဖို့အတွက် လုံခြုံရေးလုပ်မှာပါပဲ။”

အခုလို သင်္ကြန်ကာလအတွင်းမှာ ပြည်သူတွေအပြင်မထွက်ကြဖို့ကို ကျန်တဲ့တိုင်းဒေသကြီးအသီးသီးမှာလည်း ညွှန်ကြားချက်ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ မန္တလေးတိုင်းမှာတော့ ဧပြီလ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မလိုအပ်ဘဲအိမ်ပြင် မထွက်ဖို့ကို ညွှန်ကြားထားတာပါ။ သက်ဆိုင်ရာဒေသအလိုက် ခရီးသွားလာခွင့်နဲ့ ယာဉ်အဝင်အထွက် တားမြစ်မိန့်ထုတ်ပြန်တာတွေလည်း ရှိနေပါတယ်။ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ဆောင်ရွက်တာတွေကိုတော့ ဒေသန္တရအမိန့်တွေ ထုတ်ပြီး တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ ဒါပေမဲ့ တဦးချင်းအနေနဲ့ မဖြစ်မနေကိစ္စကလွဲပြီး နေအိမ်မှာနေထိုင်ကြဖို့ိဆိုတာကတော့ ပန်ကြားချက်သဘောနဲ့ပဲ ရပ်ကွက်တွေအတွင်း ကြေညာနေပါတယ်။

အစိုးရညွှန်ကြားချက်တွေအရ အိမ်ထဲမှာ မဖြစ်မနေ နေထိုင်ရမလား၊ ဒါမှမဟုတ် ကိုယ်အသိနဲ့ကိုယ်နေထိုင်ဖို့ ပန်ကြားသလားဆိုတာ တိတိကျကျသိနိုင်ဖို့ သက်ဆိုင်ရာဒေသအစိုးရတာဝန်ရှိသူတွေကို မေးမြန်းပေမဲ့ ဖြေကြားခြင်းမရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ် အစိုးရတွေက ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ထုတ်ထားတဲ့ ကန့်သတ်မိန့်တွေကိုတော့ သက်ဆိုင်ရာဒေသတခုစီမှာ တမျိုးစီဖြစ်နေတဲ့အတွက် ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပြန်ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ ကြေညာချက်တွေလည်း ထွက်ထားပါတယ်။

XS
SM
MD
LG