ကိုဗစ္ကပ္ေရာဂါ ကာကြယ္ႏုိင္ဖုိ႔ ႏွာေခါင္းစည္းေတြ ဝတ္ဆင္ထားၾကသူေတြၾကား စကားေျပာတဲ့အခါ ႐ွင္း႐ွင္းလင္း မၾကားရတဲ့ ျပႆနာမ်ဳိး ႀကံဳရတတ္ပါတယ္။ ဒီျပႆနာကို ႐ွင္းႏုိင္ေအာင္ ဂ်ပန္စက္႐ုပ္ကုမၸဏီက စမတ္မ်က္ႏွာဖံုးကို တီထြင္ေနပါတယ္။ ေျပာတဲ့စကားသံကို စမတ္ဖုန္း App ေပၚမွာ စာသားနဲ႔ ေဖာ္ျပႏုိင္တဲ့အျပင္ ဂ်ပန္၊ တ႐ုတ္၊ ကိုရီးယား၊ ဗီယက္နမ္၊ အင္ဒုိနီး႐ွား၊ အဂၤလိပ္၊ စပိန္ နဲ႔ ျပင္သစ္ဘာသာစကားေတြအျဖစ္ပါ ဘာသာျပန္ေဖာ္ျပေပးႏိုင္ပါတယ္။ ဒီမ်က္ႏွာဖုံးကို ဘယ္ေတာ့ ဘယ္ေလာက္နဲ႔ ေစ်းကြက္တင္မွာလဲဆိုတာကို မစုျမတ္မြန္က ဘေလာ္ဂါေတြေျပာသမ ွ် အစီအစဥ္မွာ တင္ျပထားပါတယ္။
Unicode:
ကိုဗစ်ကပ်ရောဂါ ကာကွယ်နိုင်ဖို့ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြသူတွေကြား စကားပြောတဲ့အခါ ရှင်းရှင်းလင်း မကြားရတဲ့ ပြဿနာမျိုး ကြုံရတတ်ပါတယ်။ ဒီပြဿနာကို ရှင်းနိုင်အောင် ဂျပန်စက်ရုပ်ကုမ္ပဏီက စမတ်မျက်နှာဖုံးကို တီထွင်နေပါတယ်။ ပြောတဲ့စကားသံကို စမတ်ဖုန်း App ပေါ်မှာ စာသားနဲ့ ဖော်ပြနိုင်တဲ့အပြင် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အင်္ဂလိပ်၊ စပိန် နဲ့ ပြင်သစ်ဘာသာစကားတွေအဖြစ်ပါ ဘာသာပြန်ဖော်ပြပေးနိုင်ပါတယ်။ ဒီမျက်နှာဖုံးကို ဘယ်တော့ ဘယ်လောက်နဲ့ ဈေးကွက်တင်မှာလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။