သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ဆွစ်ဇာလန်နိင်ငံသားနဲ့ ဆွစ်သံရုံးအဆက်အသွယ်ရှိ


ဒါရိုက်တာက isi Dhamma ရိုက်ကူးပြီး YouTube အင်တာနက်စာမျက်နှာမှာတင်ထားတဲ့ “ဘာမှ မမျှော်လင့်ပါနဲ့” ဆိုတဲ့ ၁ နာရီ ၁၅ မိနစ်ကြာ ရုပ်ရှင်ဇာတ်ဝင်ခန်း။ (Photo: Youtube)
ဒါရိုက်တာက isi Dhamma ရိုက်ကူးပြီး YouTube အင်တာနက်စာမျက်နှာမှာတင်ထားတဲ့ “ဘာမှ မမျှော်လင့်ပါနဲ့” ဆိုတဲ့ ၁ နာရီ ၁၅ မိနစ်ကြာ ရုပ်ရှင်ဇာတ်ဝင်ခန်း။ (Photo: Youtube)

သာသနာညှိုးနွမ်းစေမှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံရောက် ဆွစ်ဇာလန် နိုင်ငံသားနဲ့ အဆင်အသွယ်ရှိနေပါတယ်လို့ ဆွစ်ဇာလန်သံရုံးက စနေနေ့က ပြောပါတယ်။ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဒီအမှုကိုသတိပြုမိပြီး ရန်ကုန်ရှိသံရုံးက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိနေပါတယ်လို့ အေအက်ဖ်ပီသတင်းဌာနရဲ့အမေးကို အီးမေးနဲ့ဖြေကြားခဲ့တာပါ။

YouTube အင်တာနက်စာမျက်နှာမှာတင်ထားတဲ့ “ဘာမှ မမျှော်လင့်ပါနဲ့” ဆိုတဲ့ ၁ နာရီ ၁၅ မိနစ်ကြာ ရုပ်ရှင်ဇာတ်ကားကို ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer က ရိုက်ကူးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ဒါပေမဲ့ ရုပ်ရှင် ရဲ့နောက်ဆုံး စာတန်းထိုးရာမှာတော့ ဒါရိုက်တာက isi Dhamma ဖြစ်တာကို တွေ့ရပါတယ်။

ဗုဒ္ဓဘာသာသာသနာတော်နဲ့ သံဃာတော်တွေအပေါ် အထင်မြင်လွဲမှားအောင် ဖန်တီးပုံဖော်ထားတယ်လို့ ဒီလ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းက ဒီ ရုပ်ရှင် အပေါ် စွပ်စွဲထားပါတယ်။ ဒါရိုက်တာနဲ့ ဒီကားမှာ ပါဝင်သရုပ်ဆောင်ကြသူ စုစုပေါင်း ၁၄ ဦးကို သြဂုတ်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း မြန်မာ့အလင်းက ဆိုပါတယ်။ အဲဒီဇာတ်လမ်းမှာ အမျိုးသမီးငယ်တဦးက ဗုဒ္ဓဘာသာဝင်တွေရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာတွေကို ထိခိုက် ညှိုးနွမ်းစေပြီး ရဟန်းသံဃာတော်တွေရဲ့ အကျင့်သီလကို ပုတ်ခတ်စော်ကားတဲ့ အပြောအဆိုနဲ့ ရိုင်းပျတဲ့စကားလုံး၊ အသုံးအနှုန်းတွေပါတယ်လို့ မြန်မာ့အလင်းက ဆိုပါတယ်။

ဒါပေမဲ့ ဒါရိုက်တာကတင်ပြလိုပုံရတဲ့ ဘုန်းကြီးတွေရဲ့ နေထိုင်ပြုမူ၊ အကျင့်ကိစ္စတွေက ဓမ္မနဲ့ ညီမညီဆိုတာကိုတော့ သတင်းစာက ဖော်ပြသွားတာ မတွေ့ရပါဘူး။ ဒီလို ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ယွန်းအိခင်အမည်ရှိတဲ့ အသက် ၁၂ နှစ် အရွယ် ကလေးတယောက်လည်း ပါဝင်တာကို တွေ့ရပါတယ်။

ဒီ ရုပ်ရှင်ကို Youtube အင်တာနက်စာမျက်နှာရဲ့ isi Dhamma စာမျက်နှာမှာ တင်ထားတာပါ။ အဲဒီ ရုပ်ရှင်အပြင် ဓမ္မရဲ့အရသာ၊ နီဝရဏဆိုတဲ့ အနည်းဆုံး အချိန် ၁ နာရီခွဲကြာ ရုပ်ရှင်တွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

၂၀၁၆ ခုနှစ်တုန်းကတော့ ညလုံးပေါက် လော်စပီကာနဲ့ ပဌာန်းရွတ်သံကို မခံနိုင်တာကြောင့် ဓမ္မာရုံက အသံချဲ့စက်ပလပ်ခေါင်းကိုသွားဖြုတ်တဲ့ မြန်မာနိုင်ငံကို လာလည်တဲ့ နယ်သာလန် ခရီးသွားတဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ မြန်မာနိုင်ငံက ချဖူးပါတယ်။

ဖမ်းဆီးခံ ဆွစ်ဇာလန်နိင်ငံသားနဲ့ ဆွစ်သံရုံးအဆက်အသွယ်ရှိ
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG