သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ


ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံအဖွဲ့တွေက ကိုယ်စားလှယ်တွေ ဒီကနေ့ ကာဇက်စတန်နိုင်ငံရဲ့ မြို့တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲတွေကို ရုရှားနဲ့ တူရကီတို့က ကမကထပြု စီစဉ်ပေးတာဖြစ်ပြီး တိုက်ရိုက် စေ့စပ်ညှိနှိုင်းတာ မျိုးမပါဘူးလို့ သူပုန်အဖွဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။

Astana မြို့တော်မှာလုပ်မယ့် ဆွေးနွေးပွဲတွေမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အခိုင်အမာဖြစ်ဖို့ကိစ္စကို အဓိကအာရုံစိုက် ဆွေးနွေးကြမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအပစ်အခတ်ရပ်စဲရေးကို ရုရှား၊ အီရန်နဲ့ တူရကီတို့က ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ကြားဝင်စေ့စပ်ပေးထားတာဖြစ်ပြီး အများအားဖြင့်တော့ တည်မြဲခဲ့ပါတယ်။

အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အရင်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကတော့ တိုက်ပွဲ ဖြစ်နေတဲ့အဖွဲ့တွေ တဘက်နဲ့တဘက်ပစ်ခတ်ပြီး ပြစ်တင်ပြောဆိုကြတာနဲ့ပဲ သိပ်မကြာခင် ပျက်သွားခဲ့တာပါ။

လွန်ခဲ့တဲ့တနှစ်ကလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတခုအပါအဝင် အရင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကတော့ ၂၀၁၁ ခုနှစ် မတ်လ ကတည်းက စဖြစ်ခဲ့တဲ့ ပဋိပက္ခအဆုံးသတ်စေဖို့ တိုးတက်မှုမရသလောက်ရှိခဲ့ပါတယ်။

ဒီဆွေးနွေးပွဲတွေကနေ နောက်ဆုံးမှာ ဆီးရီးယားအကျပ်အတည်း အဆုံးသတ်စေမယ့် မျှော်လင့်ချက် အလင်းရောင်လေးပေါ်လာ ဖို့က ကျနော်တို့ရဲ့ အရိုးသားဆုံးဆန္ဒပါလို့ ကာဇက်စတန် နိုင်ငံခြားရေးဝန်ကြီး Kairat Abdrakhmanov က ဆွေးနွေးပွဲအဖွင့်မှာ ပြောသွားပါတယ်။ အခုဆိုရင် ဆီးရီးယားလူထု ခံစားထိုက်တဲ့ တကယ့် တိုးတက်မှုရလာအောင်လုပ်ဖို့ ကျနော်တို့ တဦးချင်းစီရဲ့ တာဝန်ပါပဲလို့လဲ ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG