သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားသူပုန်ထိန်းချုပ်ရာ အရှေ့Ghouta နယ်မြေ အစိုးရထိုးစစ်အရှိန်မြင့်


Ghouta နယ်မြေ
Ghouta နယ်မြေ

ဆီးရီးယား နိုင်ငံ မြို့တော် Damascus အနီး သူပုန်တို့ ထိန်းချုပ်ရာ အရှေ့ Ghouta ဒေသတွင်း ပြီးခဲ့တဲ့ လက စခဲ့တဲ့ အကြီးအကျယ် ထိုးစစ်အတွင်း ဒေသတွင်းက ကျေးရွားတွေနဲ့ မြို့ တချို့တို့ကို အစိုးရတပ်တွေနဲ့ မဟာမိတ် ပြည်သူ့စစ်တွေက သိမ်းဆည်းလိုက်ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းမီဒီယာ၊ နောက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

အရှေ့ ဂူတား ဒေသတွင်းက ကျေးရွာနဲ့ မြို့ အနည်းဆုံး ၆ ခုကို အစိုးရ တပ်ဖွဲ့တွေက သိမ်းယူရရှိထားကြောင်း ဆီးရီးယား Central Military မီဒီယာက ပြောဆိုတာ ဖြစ်ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ သူပုန် အဖွဲ့တွေက တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး အနည်းဆုံး မြို့တခုကို ပြန်လည် သိမ်းယူနိုင်ခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

အရှေ့ ဂူတား ဒေသတွင်းမှာ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေ အောင်ပွဲတွေ ရလာတာကြောင့် လူအများအပြားက အရှေ့ဂူတား ဒေသ အတွင်းပိုင်းကို ခိုလှုံနိုင်ရေး ထွက်ပြေးလာကြတယ်လို့လည်း ဆီးရီးယား အတိုက်အခံတွေကို လိုလားတဲ့ Orient TV ရုပ်သံ သတင်းက ပြောပါတယ်။ ကုလသမဂ္ဂနဲ့ တခြား အကူအညီပေးရေး အေဂျင်စီတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သယ်ဆောင်လာတဲ့ ကားတန်းတွေလည်း မတည်မငြိမ် ဖြစ်နေတဲ့ အရှေ့ ဂူတားဒေသတွင်းကို ဒီကနေ့ တနင်္ဂနွေနေ့ မူလ အစီအစဉ် အတိုင်း ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ မဟုတ်ဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူ တဦးကို ကိုးကားပြီး ရိုက်တာ သတင်းအေဂျင်စီက ဖော်ပြပါတယ်။

လူပေါင်း ၄ သိန်းလောက်ဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြား အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတာပါ။ ဒီနှစ် အတွင်း အခုအချိန်ထိတော့ ဂူတား ဒေသတွင်းကို လူပေါင်း ၇၂၀၀ စာ အထောက်အပံံ့တွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းဘဲ ဝင်ရောက်နိုင်သေးတာ ဖြစ်ပါတယ်။

ဆီးရီယားသူပုန်ထိန်းချုပ်ရာ အရှေ့Ghouta နယ်မြေ အစိုးရထိုးစစ်အရှိန်မြင့်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG