သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ငလျင်ကြောင့် ပိတ်မိနေသူ အများအပြား ရှိနေဆဲ


ထိုင်ဝမ်ကျွန်း ငလျင်အတွင်း ဝှာလီယံမြို့က အထပ်မြင့်အဆောက်အဦနံရံမှာ အလုပ်သမားတွေ လိုအပ်တာတွေ လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ (ဧပြီ ၄၊ ၂၀၂၄)
ထိုင်ဝမ်ကျွန်း ငလျင်အတွင်း ဝှာလီယံမြို့က အထပ်မြင့်အဆောက်အဦနံရံမှာ အလုပ်သမားတွေ လိုအပ်တာတွေ လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ (ဧပြီ ၄၊ ၂၀၂၄)

ထိုင်ဝမ်မှာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဒါဇင်နဲ့ချီကို ကယ်တင်နိုင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက ဒီနေ့မှာ ဆက်လက်ကြိုးပမ်းနေကြပါတယ်။

ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက လှုပ်ခဲ့တဲ့ ပြင်းအား ၇.၂ မက်ဂနီကျူရှိတဲ့ နောက်ဆက်တွဲငလျင်ကြောင့် နောက်ထပ် လူ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး၊ ၁ ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီထဲမှာ တောင်ပေါ်ဒေသတခုဖြစ်တဲ့ Hualien ခရိုင်ကတော့ အပျက်အစီး နဲ့ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပါတယ်။

သေဆုံးတဲ့သူတွေထဲက တယောက်ကတော့ Kang ဆိုတဲ့ အသက် ၃၃ နှစ်အရွယ် အထက်တန်းကျောင်း ဆရာမတဦးဖြစ်ပြီး၊ သူ့ကြောင်ကို ပြန်ကယ်တဲ့အချိန်မှာ တိုက်ပြိုကျပြီး သေဆုံးသွားတာဖြစ်တယ်လို့ ထိုင်ဝမ်မီဒီယာတွေက ဖော်ပြပါတယ်။ ငလျင်ကြောင့် Hualien မြို့ကို သွားတဲ့ အဓိကလမ်းမတွေ အတော်များများ ပျက်စီးသွားခဲ့ပြီး၊ ရထားလမ်းပိုင်းတွေလည်း ပျက်စီးသွားတဲ့အတွက် မြောက်ပိုင်းကိုသွားတဲ့ ရထားခရီးစဉ်တွေကိုကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

ဒါ့အပြင် Chung Ho နဲ့ Ho Ping ဒေသက သတ္တုတွင်းတွေမှာ ပိတ်မိနေတဲ့ သတ္တုတွင်းအလုပ်သမား ၆ ယောက်ကိုလည်း ဒီနေ့မှာ ရဟတ်ယာဉ်တွေသုံးပြီး လေကြောင်းကနေ ကယ်ထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။ ငလျင်ကြောင့် တောင်တွေပေါ်ကနေ ကျောက်တုံးတွေပြုတ်ကျနိုင်တဲ့ အန္တရာယ်တွေ ရှိတာကြောင့် လူတွေအနေနဲ့ တောင်တွေနားမှာ မနေဘဲ ဝေးဝေးမှာနေဖို့ ထိုင်ဝမ်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG