သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တန္႔ဆည္မွာ ညလံုးေပါက္ အျပင္းအထန္ၿဖိဳခြဲခံရ


ေလာင္းလုံၿမိဳ႕နယ္မွာ တရုတ္ႏိုင္ငံ အလံကို မီးရိႈ႕ခဲ့စဥ္ ( ဧၿပီ ၈ ၊ ၂ဝ၂၁) ဓါတ္ပုံ Dawei Watch/AFP

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းတာကို အင္အားအေျမာက္အမ်ားနဲ႔ ဆန္႔က်င္ဆႏၵျပခဲ့တဲ့ စစ္ကိုင္းတိုင္း၊ တန္႔ဆည္ၿမိဳ႕ သပိတ္စစ္ေၾကာင္းကို ဧၿပီလ ၇ ရက္ ညေနပိုင္းကစလို႔ စစ္တပ္က ပစ္ခတ္ ၿဖိဳခဲြတာေၾကာင့္ ၁၁ ေယာက္ေသဆံုးၿပီး အမ်ားအျပား ဒဏ္ရာရခဲ့ပါတယ္။ ခ်ီတက္ ဆႏၵျပပဲြေတြ ဆက္႐ွိေနတဲ့ ပဲခူးၿမိဳ႕မွာဆိုရင္လည္း ဆႏၵျပပဲြေတြကို ေမာင္းသူမဲ့ဒရုန္းေတြနဲ႔ ေစာင့္ၾကည့္ ေထာက္လွမ္းေနပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပပြဲေတြမွာ ျပည္သူအမ်ားအျပားပါ၀င္တဲ့ စစ္ကိုင္းေဒသႀကီး တန္႔ဆည္ၿမိဳ႕ကို မေန႔ ဧၿပီ ၇ ရက္ ညေနပိုင္းကတည္းက စတင္ၿပီး ညလုံးေပါက္ စစ္တပ္နဲ႔ ရဲကပစ္ခတ္ၿဖိဳခြင္းခဲ့ပါတယ္။ ပစ္ခတ္မႈေၾကာင့္ ၁၁ ေယာက္ေသဆံုးခဲ့တယ္လို႔ တန္႔ဆည္ၿမိဳ႕ခံ တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ညကပစ္ၾကတာဆိုေတာ့ မသိဘူးေပါ့ဗ်ာ။ ဒီေန႔မနက္ ၉ နာရီေလာက္မွာ တန္႔ဆည္အ၀င္ ေရေျမာင္းေတြဘာေတြနဲ႔ ၈ နာရီခြဲ ၉ နာရီေလာက္မွ ေလ်ာက္သြားၾကမွ ေတြ႕တာခင္ဗ်။ သူတို႔က လည္ကန္သင္းေဘးေတြထဲမွာ ေရေျမာင္းေတြထဲမွာ ညဆိုေတာ့ သူေကာ ကိုယ္ေကာ ဘာမွမသိဘဲေနၾကတာ။ မနက္ ၉ နာရီေလာက္မွာ စေတြ႕တယ္။ အားလံုး လူေတြဘက္က ၁၁ ေယာက္က်တယ္။ လူေတြဘက္က ၁၁ ေယာက္ သူတို႔ စစ္သားဘက္က ၂ ေယာက္လို႔ၾကားတာပဲ။ အတိအက်ကေတာ့ သိတဲ့အတိုင္းပဲ သူတို႔ဘက္က မလြယ္ဘူးျဖစ္ေနတယ္။ ၿမိဳ႕ထဲမွာေတာ့ စစ္သားေတြက သြားခ်င္ရာသြားၿပီးေတာ့ အသံခ်ဲ႕စက္ ေပါက္စေလးေတြနဲ႔ ဘာမွမလုပ္ၾကပါနဲ႔ ဆႏၵမျပၾကပါနဲ႔ ပစ္မွာပါ ပစ္မွာပါနဲ႔ ေအာ္ေနတာ။”

မေန႔ ဧၿပီ ၇ ရက္ ညေန ၃ နာရီေလာက္မွာ တန္႔ဆည္ၿမိဳ႕ထဲကို စစ္ကားေတြ၀င္လာၿပီး ပစ္ခတ္လို႔ ၿမိဳ႕ခံေတြဘက္ကလည္း လက္လုပ္တူမီး ေသနတ္ေတြနဲ႔ ခုခံၿပီး အျပန္အလွန္ ပစ္ခတ္ခဲ့ၾကတာပါ။ ညလံုးေပါက္ ပစ္ခတ္ၿဖိဳခြဲခံခဲ့ရၿပီးေနာက္ ဒီေန႔မွာေတာ့ ၿမိဳ႕ထဲမွာ ၿငိမ္ေနတယ္လို႔ ၿမိဳ႕ခံကေျပာပါတယ္။

မေန႔က စစ္တပ္နဲ႔ ရဲက ပစ္ခတ္တာေၾကာင့္ လူ ၂ ဦး ေသဆံုးခဲ့တဲ့ ပဲခူးၿမိဳ႕မွာေတာ့ ဒီေန႔လည္း ခ်ီတက္ ဆႏၵျပပဲြ ဆက္လုပ္ၾကပါတယ္။စစ္တပ္နဲ႔ ရဲ ဝင္မလာႏိုင္ေအာင္ ဆႏၵျပသူေတြက ခံတပ္လို အတားအဆီးေတြလုပ္ထားတဲ့ မဂၢတစ္ရပ္ကြက္က ခံတပ္ကို အာဏာပိုင္ေတြဖက္က ေမာင္းသူမဲ့ ေလယာဥ္ေတြနဲ႔ ေစာင့္ၾကည့္ခဲ့တယ္လို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ဆႏၵျပပြဲက ၂ ခုလုပ္တယ္ခင္ဗ်။ မနက္ခင္းတခါလုပ္တယ္ ၈ နာရီခြဲကေန ၉ နာရီအထိ တခါလုပ္တယ္။ ညက်လို႔ရွိရင္ ၈ နာရီကေန ၁၀ နာရီေလာက္အထိ ညသပိတ္ဆိုၿပီး ထပ္လုပ္ပါတယ္။ ၁၄၄ က ၈ နာရီအထိပဲဆိုေတာ့ အမိန္႔ကို လြန္ဆန္ၿပီး က်ေနာ္တို႔လုပ္တာ။ ညသပိတ္က ပိုလူမ်ားတယ္။ ေန႔စဥ္နဲ႔အမ်ွခံ တပ္ေရွ႕တည့္တည့္ မဂၢတစ္ခံတပ္ ထိပ္တည့္တည့္က အထက ၈ ထဲကေနၿပီးေတာ့ ဒရုန္းနဲ႔ ဒရုန္းက ေတာ္ေတာ္ အဆင့္ျမင့္ျမင့္ပါ တေန႔ကို ၂ ေၾကာင္းေလာက္ ကြ်န္ေတာ္တို႔ အေပၚကေန ျဖတ္ျဖတ္ၿပီးေတာ့ ကြ်န္ေတာ္တို႔ ေလးဂြနဲ႔ေလေသနတ္နဲ႔ လွမ္းပစ္လို႔ မမွီေလာက္တဲ့ အကြာအေ၀းကေနၿပီးေတာ့ တေန႔ ၂ ေၾကာင္းေပါ့ အေျခအေနကို အကဲခတ္ေနတယ္။ ဘယ္ေန႔၀င္မလဲေတာ့ မသိေသးဘူး။”

ျမန္မာႏိုင္ငံေျမာက္ပိုင္း ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာလည္း ဒီေန႔ ဆႏၵျပစစ္ေၾကာင္းထြက္ဖုိ႔ လူစုေနခ်ိန္ အနားတဝိုက္မွာ႐ွိသူတခ်ိဳ႕ကို စစ္တပ္နဲ႔ရဲက ဖမ္းဆီးသြားတယ္လို႔ ဖားကန္႔ၿမိဳ႕ခံတဦးကေျပာပါတယ္။

“ကြ်န္ေတာ္တို႔ အဲ့မွာ သပိတ္စစ္ေၾကာင္းေပါ့ေနာ္။ စစ္ေၾကာင္းမထြက္ခင္ေလ စုတဲ့ေနရာဆိုေတာ့ အဲ့နားမွာ စုၿပီးေတာ့ ေခါက္ဆြဲဆိုင္နားမွာ ၃ ေယာက္ ၄ ေယာက္ ဆိုင္ကယ္၀ပ္ေရွာ့ဆိုင္ ေရွ႕မွာ ၂ ေယာက္ ဆိုင္ကယ္ စီးလာတဲ့သူ ၂ ေယာက္ေပါ့။ သူတုိ႔က ေတြ႕ရာလူဖမ္းသြားတဲ့ သေဘာရွိတယ္။ ေခါက္ဆိုင္ထဲမွာ ၃ ေယာက္ ဆိုင္ကယ္ ၀ပ္ေရွာ့ထဲမွာ ၂ ေယာက္ ဆိုင္ကယ္စီးလာတဲ့သူ ၂ ေယာက္ရယ္ကို ရဲနဲ႔စစ္သားနဲ႔က ဖမ္းလိုက္တာ။”

စစ္တပ္ရဲ႕ ပစ္ခတ္ ဖမ္းဆီးမႈေတြ႐ွိေနတဲ့ၾကားကပဲ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ မိုးကုတ္၊ ဖားကန္႔၊ ျမင္းၿခံ၊ ဒီပဲယင္း၊ လက္ပံေတာင္း၊ ေရဦး၊ ျဖဴး၊ ဘားအံ၊ ပဲခူး၊ ဒိုက္ဦး၊ ကသာ၊ သီေပါ၊ ထားဝယ္ စတဲ့ ၿမိဳ႕ေတြမွာ ပန္းသပိတ္၊ ဆိုင္ကယ္သပိတ္၊ လမ္းေလွ်ာက္သပိတ္၊ ေပ်ာက္ၾကားသပိတ္ စသျဖင့္ ပံုစံစံု ဆႏၵျပမႈေတြ ေန႔စဥ္မျပတ္ဆက္ရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံက စစ္ေကာင္စီကို ေထာက္ခံေနတာေတြရပ္ဖို႔ရည္႐ြယ္ၿပီး တ႐ုတ္သမၼတ ရွီ က်င့္ပင္ရဲ႕ဓာတ္ပုံနဲ႔ တ႐ုတ္အလံတို႔ကို မီးရႈိ႕တဲ့ လႈပ္ရွားမႈကိုလည္း ရန္ကုန္၊ မႏၲေလး၊ က်ိဳက္ထိုနဲ႔ ေဒသတခ်ိဳ႕ကလူငယ္ေတြဦးေဆာင္ျပဳလုပ္ၾကပါတယ္။

ျမန္မာႏိုင္ငံတ၀န္း စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ ေသဆံုးသူ ၆၀၀ နီးပါးရွိလာၿပီး အမ်ားစုဟာ အသက္ ၂၀ ေက်ာ္အရြယ္ လူငယ္ေတြျဖစ္သလို ေသဆံုးသူေတြထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြလည္းပါ၀င္ပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်အာဏာသိမ်းတာကို အင်အားအမြောက်အများနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ သပိတ်စစ်ကြောင်းကို ဧပြီလ ၇ ရက် ညနေပိုင်းကစလို့ စစ်တပ်က ပစ်ခတ် ဖြိုခွဲတာကြောင့် ၁၁ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ချီတက် ဆန္ဒပြပွဲတွေ ဆက်ရှိနေတဲ့ ပဲခူးမြို့မှာဆိုရင်လည်း ဆန္ဒပြပွဲတွေကို မောင်းသူမဲ့ဒရုန်းတွေနဲ့ စောင့်ကြည့် ထောက်လှမ်းနေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပြည်သူအများအပြားပါဝင်တဲ့ စစ်ကိုင်းဒေသကြီး တန့်ဆည်မြို့ကို မနေ့ ဧပြီ ၇ ရက် ညနေပိုင်းကတည်းက စတင်ပြီး ညလုံးပေါက် စစ်တပ်နဲ့ ရဲကပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ၁၁ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့ခံ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ညကပစ်ကြတာဆိုတော့ မသိဘူးပေါ့ဗျာ။ ဒီနေ့မနက် ၉ နာရီလောက်မှာ တန့်ဆည်အဝင် ရေမြောင်းတွေဘာတွေနဲ့ ၈ နာရီခွဲ ၉ နာရီလောက်မှ လျောက်သွားကြမှ တွေ့တာခင်ဗျ။ သူတို့က လည်ကန်သင်းဘေးတွေထဲမှာ ရေမြောင်းတွေထဲမှာ ညဆိုတော့ သူကော ကိုယ်ကော ဘာမှမသိဘဲနေကြတာ။ မနက် ၉ နာရီလောက်မှာ စတွေ့တယ်။ အားလုံး လူတွေဘက်က ၁၁ ယောက်ကျတယ်။ လူတွေဘက်က ၁၁ ယောက် သူတို့ စစ်သားဘက်က ၂ ယောက်လို့ကြားတာပဲ။ အတိအကျကတော့ သိတဲ့အတိုင်းပဲ သူတို့ဘက်က မလွယ်ဘူးဖြစ်နေတယ်။ မြို့ထဲမှာတော့ စစ်သားတွေက သွားချင်ရာသွားပြီးတော့ အသံချဲ့စက် ပေါက်စလေးတွေနဲ့ ဘာမှမလုပ်ကြပါနဲ့ ဆန္ဒမပြကြပါနဲ့ ပစ်မှာပါ ပစ်မှာပါနဲ့ အော်နေတာ။”

မနေ့ ဧပြီ ၇ ရက် ညနေ ၃ နာရီလောက်မှာ တန့်ဆည်မြို့ထဲကို စစ်ကားတွေဝင်လာပြီး ပစ်ခတ်လို့ မြို့ခံတွေဘက်ကလည်း လက်လုပ်တူမီး သေနတ်တွေနဲ့ ခုခံပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြတာပါ။ ညလုံးပေါက် ပစ်ခတ်ဖြိုခွဲခံခဲ့ရပြီးနောက် ဒီနေ့မှာတော့ မြို့ထဲမှာ ငြိမ်နေတယ်လို့ မြို့ခံကပြောပါတယ်။

မနေ့က စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့တဲ့ ပဲခူးမြို့မှာတော့ ဒီနေ့လည်း ချီတက် ဆန္ဒပြပွဲ ဆက်လုပ်ကြပါတယ်။စစ်တပ်နဲ့ ရဲ ဝင်မလာနိုင်အောင် ဆန္ဒပြသူတွေက ခံတပ်လို အတားအဆီးတွေလုပ်ထားတဲ့ မဂ္ဂတစ်ရပ်ကွက်က ခံတပ်ကို အာဏာပိုင်တွေဖက်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ စောင့်ကြည့်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဆန္ဒပြပွဲက ၂ ခုလုပ်တယ်ခင်ဗျ။ မနက်ခင်းတခါလုပ်တယ် ၈ နာရီခွဲကနေ ၉ နာရီအထိ တခါလုပ်တယ်။ ညကျလို့ရှိရင် ၈ နာရီကနေ ၁၀ နာရီလောက်အထိ ညသပိတ်ဆိုပြီး ထပ်လုပ်ပါတယ်။ ၁၄၄ က ၈ နာရီအထိပဲဆိုတော့ အမိန့်ကို လွန်ဆန်ပြီး ကျနော်တို့လုပ်တာ။ ညသပိတ်က ပိုလူများတယ်။ နေ့စဉ်နဲ့အမျှခံ တပ်ရှေ့တည့်တည့် မဂ္ဂတစ်ခံတပ် ထိပ်တည့်တည့်က အထက ၈ ထဲကနေပြီးတော့ ဒရုန်းနဲ့ ဒရုန်းက တော်တော် အဆင့်မြင့်မြင့်ပါ တနေ့ကို ၂ ကြောင်းလောက် ကျွန်တော်တို့ အပေါ်ကနေ ဖြတ်ဖြတ်ပြီးတော့ ကျွန်တော်တို့ လေးဂွနဲ့လေသေနတ်နဲ့ လှမ်းပစ်လို့ မမှီလောက်တဲ့ အကွာအဝေးကနေပြီးတော့ တနေ့ ၂ ကြောင်းပေါ့ အခြေအနေကို အကဲခတ်နေတယ်။ ဘယ်နေ့ဝင်မလဲတော့ မသိသေးဘူး။”

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း ဒီနေ့ ဆန္ဒပြစစ်ကြောင်းထွက်ဖို့ လူစုနေချိန် အနားတဝိုက်မှာရှိသူတချို့ကို စစ်တပ်နဲ့ရဲက ဖမ်းဆီးသွားတယ်လို့ ဖားကန့်မြို့ခံတဦးကပြောပါတယ်။

“ကျွန်တော်တို့ အဲ့မှာ သပိတ်စစ်ကြောင်းပေါ့နော်။ စစ်ကြောင်းမထွက်ခင်လေ စုတဲ့နေရာဆိုတော့ အဲ့နားမှာ စုပြီးတော့ ခေါက်ဆွဲဆိုင်နားမှာ ၃ ယောက် ၄ ယောက် ဆိုင်ကယ်ဝပ်ရှော့ဆိုင် ရှေ့မှာ ၂ ယောက် ဆိုင်ကယ် စီးလာတဲ့သူ ၂ ယောက်ပေါ့။ သူတို့က တွေ့ရာလူဖမ်းသွားတဲ့ သဘောရှိတယ်။ ခေါက်ဆိုင်ထဲမှာ ၃ ယောက် ဆိုင်ကယ် ဝပ်ရှော့ထဲမှာ ၂ ယောက် ဆိုင်ကယ်စီးလာတဲ့သူ ၂ ယောက်ရယ်ကို ရဲနဲ့စစ်သားနဲ့က ဖမ်းလိုက်တာ။”

စစ်တပ်ရဲ့ ပစ်ခတ် ဖမ်းဆီးမှုတွေရှိနေတဲ့ကြားကပဲ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မိုးကုတ်၊ ဖားကန့်၊ မြင်းခြံ၊ ဒီပဲယင်း၊ လက်ပံတောင်း၊ ရေဦး၊ ဖြူး၊ ဘားအံ၊ ပဲခူး၊ ဒိုက်ဦး၊ ကသာ၊ သီပေါ၊ ထားဝယ် စတဲ့ မြို့တွေမှာ ပန်းသပိတ်၊ ဆိုင်ကယ်သပိတ်၊ လမ်းလျှောက်သပိတ်၊ ပျောက်ကြားသပိတ် စသဖြင့် ပုံစံစုံ ဆန္ဒပြမှုတွေ နေ့စဉ်မပြတ်ဆက်ရှိနေပါတယ်။

တရုတ်နိုင်ငံက စစ်ကောင်စီကို ထောက်ခံနေတာတွေရပ်ဖို့ရည်ရွယ်ပြီး တရုတ်သမ္မတ ရှီ ကျင့်ပင်ရဲ့ဓာတ်ပုံနဲ့ တရုတ်အလံတို့ကို မီးရှို့တဲ့ လှုပ်ရှားမှုကိုလည်း ရန်ကုန်၊ မန္တလေး၊ ကျိုက်ထိုနဲ့ ဒေသတချို့ကလူငယ်တွေဦးဆောင်ပြုလုပ်ကြပါတယ်။

မြန်မာနိုင်ငံတဝန်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူ ၆၀၀ နီးပါးရှိလာပြီး အများစုဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်သလို သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်းပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG