ကလေးတွေနဲ့ လူငယ်တွေကြားမှာ မိုဘိုင်းဖုန်းနဲ့ တက်ဘ်လက်တ်တွေကို တန်းတန်းစွဲ အသုံးပြုနေကြတဲ့ အခြေအနေ ကို ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းရှာဖို့ Apple ကုမ္ပဏီရဲ့ အစုရှယ်ယာပိုင်ရှင် အဖွဲ့နှစ်ဖွဲ့က စာရေးသား တောင်းဆို လိုက်ပါတယ်။
ဒီအကြောင်း ဒီသီတင်းပတ် ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ကိုကျော်ကျော်သိန်းက မခင်ဖြူထွေး နဲ့အတူ တင်ပြထားပါတယ်။