သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတယ်လီနောသုံးစွဲသူများရဲ့အချက်အလက် ကာကွယ်ပေးဖို့ အစုရှယ်ယာရှင်တွေ တောင်းဆို 


Telenor Telecommunication company
Telenor Telecommunication company

[[Zawgyi/Unicode]]

နော်ဝေးအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကလုပ်ငန်းကို ရောင်းချတဲ့အခါ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ထားပါတယ်ဆိုတဲ့ အာမခံချက်မျိုးပေးဖို့ တယ်လီနောမှာရင်းနှီးမြှုပ်နှံထားတဲ့ အစုရှယ်ယာ ရှင် အများအပြားက တောင်းဆိုနေကြတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
တယ်လီကုမ္ပဏီရဲ့ အစုရှယ်ယာအများစုဖြစ်တဲ့ ၅၉% ကို ပိုင်ဆိုင်ထားတဲ့ နော်ဝေးအစိုးရဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာကဆက်သွယ်တာကို အကြောင်းမပြန်ခဲ့ဘူးလို့ သတင်းမှာ ရေးထားပါတယ်။
တယ်လီနော အစုရှယ်ယာ ၁.၆၄% ကိုယူထားတဲ့ စတုတ္ထအများဆုံး အစုရှယ်ယာရှင် DNB Asset Management ၊ ၁.၃၁% ကို ယူထားတဲ့ အဋ္ဌမအများဆုံး အစုရှယ်ယာရှင် Storebrand Asset Management တို့အပြင် ဝ.၉၆% ကို ပိုင်ဆိုင်ထားတဲ့ KLP ပင်စင်ရန်ပုံငွေအဖွဲ့ စတဲ့ အစုရှယ်ယာရှင်တွေက အဲဒီလို တောင်းဆိုနေတာပါ။
ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ တယ်လီနော တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုကို သုံးစွဲသူ ၁၈ သန်းရဲ့ အချက်အလက်တွေကိုကာကွယ်ဖို့ထက် ကုမ္ပဏီဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ မြန်မာဥပဒေတွေနဲ့အညီ လုပ်ဆောင်ခဲ့ရတယ်လို့ တယ်လီ နောကုမ္ပဏီက တုံ့ပြန်ထားပါတယ်။
“တယ်လီနောရဲ့ ရင်းနှီးမြှုပ်နှံမှုကိုရောင်းချပြီး လုပ်ငန်းလိုင်စင်ကို ပြန်အပ်တဲ့အခါ မြန်မာဥပဒေတွေ၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့အညီ အချက်အလက်တွေကို ဆက်ပြီး သိမ်းဆည်းထားရပါမယ်” လို့ တယ်လီနော ပြောခွင့်ရအမျိုးသမီးတဦးက ပြောပါတယ်။ “ကုမ္ပဏီဝန်ထမ်းတွေ အန္တရာယ်ကျစေမယ့်အဖြစ် မရောက်ဘဲနဲ့ မြန်မာဥပဒေတွေကို ချိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါက လုံးဝ လက်ခံနိုင်ဖွယ်မရှိပါဘူး” လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်သူတွေရဲ့ တယ်လီဖုန်းခေါ်ဆိုချက် မှတ်တမ်းတွေနဲ့ ထွက်ပြေးပုန်းရှောင်နေသူတွေ ရှိခဲ့တယ်လို့ နောက်ဆုံးသိထားတဲ့နေရာကိုဖော်ပြတဲ့ မှတ်တမ်းတွေကိုလွှဲပေးဖို့ စစ်ကောင်စီက တောင်းခံခဲ့ပြီးဖြစ်တယ်လို့ လုံခြုံရေးပိုင်း စိုးရိမ်ချက်ကြောင့် အမည်မဖော်တဲ့ တယ်လီနောဝန်ထမ်းနှစ်ဦးက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့တဲ့အကြောင်း ရိုက်တာသတင်း ဌာနကပြောပါတယ်။ တယ်လီနောဘက်က လိုက်နာပြီး လွှဲပြောင်းပေးခဲ့တယ်လို့လည်း အဲဒီဝန်ထမ်းတွေက ပြောပါတယ်။
တယ်လီနော ပြောခွင့်ရအမျိုးသမီးကတော့ ဝန်ထမ်းတွေအတွက် အန္တရာယ်ရှိတာကြောင့် စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ရိုက်တာသတင်းဌာနကို အစောပိုင်းက ပြောခဲ့ဖူးပါတယ်။
တယ်လီနောရဲ့ မြန်မာနိုင်ငံက အစုရှယ်ယာတွေကို လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီကို ရောင်းမယ်လို့ တယ်လီနောဘက်က ကြေညာထားပေမယ့် အစုရှယ်ယာအများစုကို စစ်ကောင်စီနဲ့ အဆက်အစပ်ရှိတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ပိုင်ဆိုင်မှာဖြစ်တယ်လို့ ရိုက်တာသတင်းဌာန သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]



=================

XS
SM
MD
LG