သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Las Vegas ကားပေါက်ကွဲမှုနဲ့ New Orleans တိုက်ခိုက်မှု ဆက်စပ်မှုရှိမရှိ စုံစမ်း


Las Vegas မြို့က Trump International Hotel ရှေ့မှာ Tesla Cybertruck ကား ပေါက်ကွဲမီးလောင်နေတဲ့မြင်ကွင်း။
Las Vegas မြို့က Trump International Hotel ရှေ့မှာ Tesla Cybertruck ကား ပေါက်ကွဲမီးလောင်နေတဲ့မြင်ကွင်း။

အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့က Trump International ဟိုတယ်ရှေ့မှာ Tesla Cybertruck ကားပေါက်ကွဲမှုနဲ့ New Orleans မြို့ကတိုက်ခိုက်မှု ဆက်စပ်နေသလားဆိုတာ တာဝန်ရှိသူတွေ စုံစမ်းနေပါတယ်။

Las Vegas မှာ Tesla ကားပေါက်ကွဲပြီး တဦးသေဆုံး
please wait

No media source currently available

0:00 0:02:01 0:00

Trump ဟိုတယ်ရှေ့မှာ Tesla Cybertruck ကားပေါက်ကွဲမှု ဘာကြောင့်ဖြစ်သလဲဆိုတာနဲ့ New Orleans မြို့က ကားနဲ့ဝင်တိုက်မှု ဆက်စပ်နေသလားဆိုတာ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေ စုံစမ်းနေတယ်လို့ သမ္မတ Joe Biden ကပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်က Cybertruck ကား ပေါက်ကွဲမှုကြောင့် ယာဉ်မောင်းသေဆုံးခဲ့ပြီး တချို့ ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် Las Vegas ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ပုံတွေအရ ကားနောက်ခန်းမှာ Gas ဗူးတွေ၊ Camping စတည်းချ ခရီးထွက်သူတွေသုံးတဲ့ လောင်စာဗူးတွေနဲ့ မီးပန်းလွှတ်တင်တဲ့ မော်တာတွေ ပေါက်ကွဲနေတာ မြင်ရပါတယ်။ Cybertruck ကားပေါက်ကွဲမှုဖြစ်တာဟာ စက်ချွတ်ယွင်းလို့ မဟုတ်ဘူးလို့ Telsa ကုမ္ပဏီအကြီးအကဲ Elon Musk က X လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။

ဒီကားဟာ Colorado ပြည်နယ်ကနေ ငှားလာတဲ့ကားဖြစ်ပါတယ်။ Las Vegas မြို့က Trump International ဟိုတယ်ဟာ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ Trump Organization ပိုင် လုပ်ငန်းတခုဖြစ်ပါတယ်။

Las Vegas ကားပေါက်ကွဲမှုနဲ့ New Orleans တိုက်ခိုက်မှု ဆက်စပ်မှုရှိမရှိ စုံစမ်း
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG