သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Orleans မြို့ နှစ်သစ်ကူးနေ့တိုက်ခိုက်မှု FBI စစ်ဆေးဆဲ


New Orleans မြို့ နှစ်သစ်ကူးနေ့ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ အခင်းဖြစ်ရာနေရာ (ဇန်နဝါရီ ၁၊ ၂၀၂၄)
New Orleans မြို့ နှစ်သစ်ကူးနေ့ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ အခင်းဖြစ်ရာနေရာ (ဇန်နဝါရီ ၁၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ်၊ New Orleans မြို့မှာ နှစ်သစ်ကူးနေ့က လူအုပ်ထဲကို ထရပ်ကားနဲ့ ဝင်တိုက်ပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့ လူ ၁၀ ဦး သေဆုံးပြီး ၃၅ ဦးကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက် ဝါဒစွဲနဲ့ တိုက်ခိုက်မှု ဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေတယ်လို့ ဖက်ဒရယ်အစိုးရ စုံစမ်း စစ်ဆေးရေးဗျူရို FBI က ပြောပါတယ်။ တိုက်ခိုက်သူအဖြစ် ယူဆရတဲ့သူကတော့ ရဲတွေက အပြန်အလှန် ပစ်ခတ်ချိန် သေဆုံးခဲ့တယ်လို့ ဥပဒေစိုးမိုးရေး ရဲအရာရှိတွေက ပြောပါတယ်။

တိုက်ခိုက်သူဟာ လူတွေ အစုလိုက်အပြုံလိုက် ထိခိုက် သေကြေအောင် ဆိုးဆိုးရွားရွား လုပ်ခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ New Orleans ရဲအရာရှိချုပ် Anne Kirkpatrick က ဗုဒ္ဓဟူးနေ့က ရုပ်သံ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ New Orleans မြို့က လူစည်ကားတဲ့ Canal နဲ့ Bourbon လမ်းဆုံ၊ French Quarter အရပ်မှာ ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီ ၁၅ မိနစ်လောက်မှာ အခုတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

သမိုင်းဝင် ခရီးသွားနေရာ တခုဖြစ်တဲ့ အဲ့ဒီနေရာမှာ ဘားဆိုင်တွေ အများအပြားရှိပြီး တေးဂီတသံတွေနဲ့ ညံနေတတ်သလို၊ နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲတွေ အကြီးအကျယ် လုပ်ကြတဲ့ နေရာအဖြစ် လူသိများပါတယ်။ တိုက်ခိုက်သူက လူအုပ်ကို ကားနဲ့ ဝင်တိုက်ခဲ့ပြီးတဲ့နောက် ကားထဲကထွက်လာပြီး သူ့ကို ဟန့်တားဖို့ကြိုးစားတဲ့ ရဲအရာရှိတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲ့ဒီနောက် ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သူ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲအရာရှိနှစ်ဦး ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်စရာ အခြေအနေမှာ မရှိတဲ့အကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

New Orleans မြို့ နှစ်သစ်ကူးနေ့တိုက်ခိုက်မှု FBI စစ်ဆေးဆဲ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG