သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကူးနေ့ ရုရှားတိုက်ခိုက်မှု Kyiv မြို့တော်မှာ ၂ ဦးသေဆုံး


ယူကရိန်းနိုင်ငံမြို့တော် Kyiv ကို ရုရှားကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီးမြင်ကွင်း (ဇန်နဝါရီ ၁၊ ၂၀၂၅)
ယူကရိန်းနိုင်ငံမြို့တော် Kyiv ကို ရုရှားကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီးမြင်ကွင်း (ဇန်နဝါရီ ၁၊ ၂၀၂၅)

၂၀၂၅ ခုနှစ် နှစ်သစ်အစ ပထမနေ့ မနက်စောစောမှာပဲ ရုရှားက ယူကရိန်းနိုင်ငံမြို့တော် Kyiv ကို ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်လို့ လူ ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့သလို၊ ရပ်ကွက်နှစ်ခုမှာ အဆောက်အဦတချို့ ထိခိုက် ပျက်စီးခဲ့တဲ့အကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း Kyiv မြို့လယ်က လူနေတိုက်ခန်း တခုရဲ့ အလွှာ ၂ ထပ် တစိတ်တပိုင်း ပျက်စီးခဲ့ပြီး အဲ့ဒီမှာ လူ ၂ ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတော် အရေးပေါ်ဌာန က ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်း နေရှင်နယ်ဘဏ်ကလည်း အနီးအနားမှာရှိတဲ့ သူတို့ရဲ့ ဘဏ်အဆောက်အဦတခုကို ဒရုန်း အပျက်အစီး အပိုင်းအစတွေ ထိမှန်ခဲ့လို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ လူတွေ နှစ်သစ်ကို ကြိုနေကြတဲ့ အချိန်မျိုးမှာတောင် ရုရှားကတော့ ယူကရိန်းကို ဘယ်လို ထိခိုက်နာကျင်အောင် လုပ်မလဲ ဆိုတာကိုပဲ အာရုံစိုက်နေခဲ့တယ်လို့ အခုတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy က လူမှုကွန်ရက်ကတဆင့် ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ဒေသ အများအပြားကို ရုရှားက ညလုံးပေါက် တိုက်ခိုက်ခဲ့တဲ့ အဝေးထိန်း ဒရုန်း ၁၁၁ စင်းထဲက ၆၃ စင်းကို ယူကရိန်းစစ်တပ်က ပစ်ချ ဖျက်ဆီးနိုင်ခဲ့ပြီး ဒရုန်း ၄၆ စင်း ကတော့ စက်ချို့ယွင်းပြီး သူ့ဟာသူ ပျက်ကျခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒီအတောအတွင်း Dnipropetrovsk ဒေသမှာလည်း ရုရှားက လက်နက်ကြီးတွေ၊ ရော့ကတ်ဒုံးကျည်တွေ၊ အဝေးထိန်း ဒရုန်းလက်နက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်လို့ လူနေအိမ် ၇ လုံးနဲ့ ဆေးဘက်ဆိုင်ရာ ဌာနတခု ထိခိုက် ပျက်စီးခဲ့တယ်လို့ Dnipropetrovsk ဒေသ အုပ်ချုပ်ရေးမှူး Serhiy Lysak က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG