သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း နှစ်သစ်ကူးကြိုဆိုပွဲတွေ စည်ကားစွာ ကျင်းပ


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က Times Square မှာ နှစ်သစ်ကူးပွဲဆင်နွှဲနေသူများ။ (ဇန်နဝါရီ ၁၊ ၂၀၂၅)
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က Times Square မှာ နှစ်သစ်ကူးပွဲဆင်နွှဲနေသူများ။ (ဇန်နဝါရီ ၁၊ ၂၀၂၅)

၂၀၂၅ နှစ်သစ်ကို နယူးဇီလန်ကစလို့ သြစတြေးလျကနေ အိန္ဒိယ၊ ပြင်သစ်၊ ဘရာဇီးလ်နိုင်ငံတို့အထိ မီးရှုးမီးပန်းတွေပစ်ဖေါက်၊ မီးအလှတန်ဆာတွေဆင်ပြီး ကမ္ဘာတဝှမ်း ကြိုဆိုခဲ့ကြပါတယ်။

ပြင်သစ်
ပြင်သစ်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က Times Square မှာလည်း နှစ်သစ်ကူးကြိုဆိုသူတွေ သိန်းနဲ့ချီတက်ရောက်ကြောင်း ဒေသတွင် သတင်းတွေမှာ ရေးသားပါတယ်။ အစဥ်အလာအတိုင်း သုံးမြှောင့်ခရစ္စတယ်ပြားတွေနဲ့ ပြုလုပ်ထားတဲ့ မက်ထရစ်တန် ၆ တန် အလေးချိန်ရှိတဲ့ ဘောလုံးကို နှစ်သစ်ကူးချိန် တိုင်ထိပ်လွှင့်တင်ပြီး ကြိုဆိုခဲ့ပါတယ်။ နာမည်ကျော် TLC နဲ့ Jonas Brothers အဖွဲ့ကလည်း နှစ်သစ်ကူးပွဲမှာ ဖျော်ဖြေခဲ့ကြပါတယ်။

ဗြိတိန်
ဗြိတိန်

နယူးယောက်တမြို့လုံးမှာ ပါတီပွဲတွေကျင်းပပြီး နှစ်သစ်ကို ကြိုဆိုသလို ကာစီနိုလောင်းကစား မြို့တော်လို့ နာမည်ကြီးတဲ့ Las Vegas က နှစ်သစ်ကြိုဆိုပွဲကို လူပေါင်းသုံးသိန်းခွဲလောက် တက်ရောက်ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena မြို့က Rose Parade အလှပြ လမ်းလျှောက်ပွဲကို လူအများ လာကြည့်ကြသလို Tennesseeပြည်နယ်၊ Nashville က Country Music ပါတီကိုလည်း လူပေါင်း ၂ သိန်းလောက် တက်ရောက် ကြပါတယ်။

အိန္ဒိယ
အိန္ဒိယ

နယူးယောက် Times Square မှာ နှစ်သစ်ကူး မကြိုဆိုခင် ၁၈ နာရီအလိုမှာ နယူးဇီလန် မြို့တော် Auckland ဟာ ကမ္ဘာမှာ နှစ်သစ်ကို ကြိုဆိုတဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ အမေရိကန် Samoa ကျွန်းကတော့ နယူးဇီလန်နဲ့ ၂၄ နာရီကွာပြီး နှစ်သစ်ကို နောက်ဆုံးကြိုဆိုတဲ့ နိုင်ငံတွေထဲ ပါဝင်ပါတယ်။

ထိုင်း
ထိုင်း

ကမ္ဘာတဝှန်းက ပြည်သူတွေ ပျော်ပွဲ ရွှင်ပွဲတွေနဲ့ နှစ်သစ်ကူးကို ကြိုဆိုနေကြပမေယ့် မြန်မာနိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်း ၊ ဆူဒန်၊ ယူကရိန်း စတဲ့ နိုင်ငံတွေမှာတော့ နှစ်သစ်ကူးညမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကမ္ဘာတဝှန်း နှစ်သစ်ကူးကြိုဆိုပွဲတွေ စည်ကားစွာ ကျင်းပ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG