သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်း


နှစ်သစ်မိန့်ခွန်းပြောကြားနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဇန်နဝါရီ ၁၊ ၂၀၂၅)
နှစ်သစ်မိန့်ခွန်းပြောကြားနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဇန်နဝါရီ ၁၊ ၂၀၂၅)

စစ်အာဏာသိမ်းထားတဲ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာပြည်သူတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တိုက်တွန်းပေးဖို့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီစနစ် လိုလားတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုနေပေမယ့် တကယ့် လက်တွေ့ မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံပြီး လက်နက်ကိုင် ပဋိပက္ခတွေကိုဖန်တီးနေကာ ပြည်ထောင်စု ပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ တွေကို ချင့်ချိန် စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်း တကျ ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေအပါအဝင် အာရက္ခတပ်တော် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်ချိန် စစ်တိုင်းတချို့ ကျဆုံး၊ အဆင့်မြင့်ရာထူးကြီးတွေပါ ဖမ်းဆီး ထိန်းသိမ်းခံရပြီး စစ်ရေးအရ အရေးနိမ့်နေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ သူ့တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ ပြောဆိုတာမှာတော့ - နိုင်ငံတော်တည်ငြိမ်ရေး၊ တာကွယ်ရေး ပြည်ထောင်စုမပြိုကွဲရေးတို့အပြင် လက်ရှိပြည်တွင်းစစ်အတွင်းမှာ တပ်ဖွဲ့ဝင်တွေက အသက် ၊ ခန္ဓာစွန့်လွှတ်ကာ ကာကွယ်မှုတွေရှိခဲ့ကြောင်းနဲ့ ဒါတွေဟာ သမိုင်းဝင်ကျန်ရစ်မယ့်အကြောင်း သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အစွမ်းကုန် လုပ်ကိုင်သွားမယ်ဆိုတာကိုလည်း ထည့်သွင်း ပြောဆိုပါတယ်။ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့တာ၊ အမျိုးသားအားကစားပွဲတော် လုပ်နိုင်ခဲ့တာတွေကိုလည်း ထည့်သွင်းပြောဆို ခဲ့သလို ဒီနှစ်အတွင်း ရွေးကောက်ပွဲလုပ်နိုင်အောင် လုပ်မယ့်အကြောင်းစတာတွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG