သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝါရင့္ႏုိင္ငံေရးသမားႀကီး သခင္ခ်န္ထြန္း ကြယ္လြန္


သခင္ခ်န္ထြန္း

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ လြတ္လပ္ေရးတိုက္ပဲြမွာေရာ ဒီမိုကေရစီေရးလႈပ္ရွားမႈမွာပါ ေရွ႕တန္းက ပါ၀င္ခဲ့တဲ့ တို႔ဗမာအစည္းအရံုး၀င္ ေနာက္ဆံုးလက္က်န္ သခင္ေဟာင္းႀကီး တစ္ဦးျဖစ္တဲ့ ကြယ္လြန္သြားတဲ့အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပပါမယ္။

သူကေတာ့ အသက္ ၉၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ သခင္ခ်န္ထြန္းပါ။ သခင္ခ်န္ထြန္းဟာ ဒီကေန႔မနက္ ၉ နာရီမွာ ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္က ေနအိမ္မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

သခင္ခ်န္ထြန္းဟာ အဂၤလိပ္ကိုလိုနီစနစ္ကို ဆန္႔က်င္ခဲ့တဲ့ ၁၉၃၉ ခုႏွစ္ ေက်ာင္းသားသပိတ္မွာ ပါ၀င္ခဲ့သူ ျဖစ္သလို ဂ်ပန္ေတာ္လွန္ေရးေတြမွာ ပါ၀င္ေဆာင္ရြက္ခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။

လြတ္လပ္ေရးရၿပီးကာလမွာေတာ့ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္အမတ္ ပါလီမန္အတြင္း၀န္နဲ႔ တ႐ုတ္ႏိုင္ငံနဲ႔ ေျမာက္ကိုရီးယားဆိုင္ရာ ျမန္မာ သံအမတ္တာ၀န္ေတြကို ထမ္းေဆာင္ခဲ့သူျဖစ္သလို ႏိုင္ငံ့ဂုဏ္ရည္ပထမဆင့္ လြတ္လပ္ေရးေမာ္ကြန္း၀င္ ဒုတိယဆင့္ စတဲ့ ဘဲြ႕ေတြကိုလည္း ရရွိခဲ့ပါတယ္။

၁၉၉၀ အလြန္ ဒီမိုကေရစီေရးလႈပ္ရွားသူေတြကို စစ္အစိုးရက တင္းတင္းၾကပ္ၾကပ္ ဖိႏွိပ္ခဲ့ခ်ိန္မွာေတာ့ သခင္ခ်န္ထြန္းဟာ ဝါရင့္ႏိုင္ငံေရးသမားႀကီးမ်ားအစုအဖဲြ႕မွာ ပါ၀င္ၿပီး တိုင္းျပည္အေရးကို ပါ၀င္ေဆာင္ရြက္ခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္ လြတ္လပ္ေရးေန႔မွာတုန္း သူ႔ရဲ႕ ႏိုင္ငံေရးအျမင္သေဘာထားေတြကို သခင္ခ်န္ထြန္းက ဗြီအိုေအကို အခုလို ေျပာဆိုခဲ့ဖူးပါတယ္။

သခင္ခ်န္ထြန္း
သခင္ခ်န္ထြန္း

“ဘဘတို႔အေနနဲ႔ကေတာ့ ေတာင္းတာပဲေလ။ ႏိုင္ငံေရးအက်ဥ္းသားအားလံုးကို လႊတ္ပါ။ ေဒၚေအာင္ဆန္းစုၾကည္လည္း လႊတ္ပါ။ အားလံုးကို လႊတ္ၿပီးေတာ့ ေတြ႕ဆံုေဆြးေႏြးပါလို႔ ေျပာတာ။ ဒီလိုေျပာတာကေတာ့ ေစာေစာတည္းကလည္း ေျပာတယ္။ ကမာၻ႕ကုလသမဂၢကလည္း ေျပာတယ္။ ႏိုင္ငံအသီးသီးကလည္း အေတာ္မ်ားမ်ား ေျပာတယ္။ ဒီလို ေျပာေပမဲ့ ဒီအစိုးရက နည္းနည္းမွ ျပန္လွန္ေျပာဆိုျခင္း မရွိဘူး။ ေတြ႕ဆံုေဆြးေႏြးဖို႔ရာ အခုဟာကေတာ့ ဘဘျမင္သမွ်ကေတာ့ ေတြ႕ဆံုေဆြးေႏြးခ်င္တဲ့ စိတ္ ရွိကို မရွိဘူးလို႔ အဲလိုပဲ ျမင္တယ္ေလ။ ဒါေၾကာင့္ ဒါ အဲဒီေတြ႕ဆံုေဆြးေႏြးခ်င္တဲ့စိတ္ကို ေမြးၿပီးေတာ့ ေတြ႕ဆံုေဆြးေႏြးပါဆိုၿပီးေတာ့ ထပ္ၿပီးေျပာေနရတာ။ ထပ္ၿပီး ေမတၱာရပ္ခံေနရတာ။ အမွန္ကေတာ့ ဒီလို လြတ္လပ္ေရးအခါသမယမွာ ေတြ႕ဆံုေဆြးေႏြးၿပီးေတာ့ ႏိုင္ငံေရးျပႆနာအရပ္ရပ္ကို ေျဖရွင္းဖို႔ ႏိုင္ငံေတာ္ႀကီး တိုးတက္စည္ပင္ေအာင္ ေဆာက္ရြက္ဖို႔ တိုက္တြန္းလိုပါတယ္။”

သခင္ခ်န္ထြန္းကြယ္လြန္သြားတဲ့အေပၚ အသက္ ၈၆ ႏွစ္ရွိၿပီးျဖစ္တဲ့ ႏိုင္ငံေရးသမား၊ သတင္းစာဆရာ၊ စာေရးဆရာ ဦးလွကြန္႔က အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ဒီဘက္မွာ ဒီမိုကေရစီေရးလႈပ္ရွားမႈမွာ ဝါရင့္ႏိုင္ငံေရးသမားႀကီးအျဖစ္နဲ႔ အသက္၉၀ေက်ာ္အထိ ႏိုင္ငံေရးကို ေကာင္းေကာင္းမြန္မြန္ ၀င္ပါၿပီး လုပ္ခဲ့တဲ့ ပုဂၢိဳလ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေနာက္ သမိုင္းမွာလည္း ဟိုးဘက္တည္းကေနၿပီး တို႔ဗမာအစည္းအရံုးေလာက္တည္းကေန စၿပီး ဒီဘက္အထိ စြမ္းစြမ္းတမံ လုပ္ခဲ့တာရွိပါတယ္။ တိုင္းျပည္အတြက္ လြတ္လပ္ေရးကိစၥေတြမွာလည္း လြတ္လပ္ေရးမရခင္တည္းက ပါ၀င္လႈပ္ရွားခဲ့တဲ့ ပုဂၢိဳလ္တစ္ေယာက္ျဖစ္တဲ့အတြက္ အခုလို ဆံုးပါးသြားတာကေတာ့ အင္မတန္၀မ္းနည္းစရာေကာင္းပါတယ္လို႔ ေျပာခ်င္ပါတယ္။”

အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ NLD ရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖဲြ႕ အတြင္းေရးမွဴးအဖဲြ႕၀င္ ဦးဉာဏ္၀င္းကလည္း အခုလို ေျပာပါတယ္။

“ဆရာက သခင္ခ်န္းထြန္းက တစ္သက္လံုး ႏိုင္ငံေရးသမားအစစ္၊ ႏိုင္ငံေရးကလဲြၿပီး တစ္ျခား ဘာမွ မလုပ္ဘူး။ တိုင္းျပည္အတြက္၊ ႏိုင္ငံေရးအတြက္ လုပ္သြားတဲ့ ထူးျခားတဲ့ ပုဂၢိဳလ္တစ္ဦးလို႔ ေျပာခ်င္ပါတယ္။ ”

သခင္ခ်န္ထြန္းရဲ႕ စ်ာပနကိုေတာ့ ဒီကေန႔မွာပဲ ေရေ၀းသုသာန္မွာ ေန႔ခ်င္းၿပီး ေဆာင္ရြက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကွယ်လွန်

မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲမှာရော ဒီမိုကရေစီရေးလှုပ်ရှားမှုမှာပါ ရှေ့တန်းက ပါဝင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးဝင် နောက်ဆုံးလက်ကျန် သခင်ဟောင်းကြီး တစ်ဦးဖြစ်တဲ့ ကွယ်လွန်သွားတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

သူကတော့ အသက် ၉၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သခင်ချန်ထွန်းပါ။ သခင်ချန်ထွန်းဟာ ဒီကနေ့မနက် ၉ နာရီမှာ ရန်ကုန်မြို့ တာမွေမြို့နယ်က နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သခင်ချန်ထွန်းဟာ အင်္ဂလိပ်ကိုလိုနီစနစ်ကို ဆန့်ကျင်ခဲ့တဲ့ ၁၉၃၉ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့သူ ဖြစ်သလို ဂျပန်တော်လှန်ရေးတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးကာလမှာတော့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ် ပါလီမန်အတွင်းဝန်နဲ့ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားဆိုင်ရာ မြန်မာ သံအမတ်တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်သလို နိုင်ငံ့ဂုဏ်ရည်ပထမဆင့် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် စတဲ့ ဘွဲ့တွေကိုလည်း ရရှိခဲ့ပါတယ်။

၁၉၉၀ အလွန် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို စစ်အစိုးရက တင်းတင်းကြပ်ကြပ် ဖိနှိပ်ခဲ့ချိန်မှာတော့ သခင်ချန်ထွန်းဟာ ဝါရင့်နိုင်ငံရေးသမားကြီးများအစုအဖွဲ့မှာ ပါဝင်ပြီး တိုင်းပြည်အရေးကို ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် လွတ်လပ်ရေးနေ့မှာတုန်း သူ့ရဲ့ နိုင်ငံရေးအမြင်သဘောထားတွေကို သခင်ချန်ထွန်းက ဗွီအိုအေကို အခုလို ပြောဆိုခဲ့ဖူးပါတယ်။

“ဘဘတို့အနေနဲ့ကတော့ တောင်းတာပဲလေ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်ပါ။ အားလုံးကို လွှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးပါလို့ ပြောတာ။ ဒီလိုပြောတာကတော့ စောစောတည်းကလည်း ပြောတယ်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ပြောတယ်။ နိုင်ငံအသီးသီးကလည်း အတော်များများ ပြောတယ်။ ဒီလို ပြောပေမဲ့ ဒီအစိုးရက နည်းနည်းမှ ပြန်လှန်ပြောဆိုခြင်း မရှိဘူး။ တွေ့ဆုံဆွေးနွေးဖို့ရာ အခုဟာကတော့ ဘဘမြင်သမျှကတော့ တွေ့ဆုံဆွေးနွေးချင်တဲ့ စိတ် ရှိကို မရှိဘူးလို့ အဲလိုပဲ မြင်တယ်လေ။ ဒါကြောင့် ဒါ အဲဒီတွေ့ဆုံဆွေးနွေးချင်တဲ့စိတ်ကို မွေးပြီးတော့ တွေ့ဆုံဆွေးနွေးပါဆိုပြီးတော့ ထပ်ပြီးပြောနေရတာ။ ထပ်ပြီး မေတ္တာရပ်ခံနေရတာ။ အမှန်ကတော့ ဒီလို လွတ်လပ်ရေးအခါသမယမှာ တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့ နိုင်ငံတော်ကြီး တိုးတက်စည်ပင်အောင် ဆောက်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။”

သခင်ချန်ထွန်းကွယ်လွန်သွားတဲ့အပေါ် အသက် ၈၆ နှစ်ရှိပြီးဖြစ်တဲ့ နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးလှကွန့်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီဘက်မှာ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ဝါရင့်နိုင်ငံရေးသမားကြီးအဖြစ်နဲ့ အသက်၉၀ကျော်အထိ နိုင်ငံရေးကို ကောင်းကောင်းမွန်မွန် ဝင်ပါပြီး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက် သမိုင်းမှာလည်း ဟိုးဘက်တည်းကနေပြီး တို့ဗမာအစည်းအရုံးလောက်တည်းကနေ စပြီး ဒီဘက်အထိ စွမ်းစွမ်းတမံ လုပ်ခဲ့တာရှိပါတယ်။ တိုင်းပြည်အတွက် လွတ်လပ်ရေးကိစ္စတွေမှာလည်း လွတ်လပ်ရေးမရခင်တည်းက ပါဝင်လှုပ်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက် အခုလို ဆုံးပါးသွားတာကတော့ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်လို့ ပြောချင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း အခုလို ပြောပါတယ်။

“ဆရာက သခင်ချန်းထွန်းက တစ်သက်လုံး နိုင်ငံရေးသမားအစစ်၊ နိုင်ငံရေးကလွဲပြီး တစ်ခြား ဘာမှ မလုပ်ဘူး။ တိုင်းပြည်အတွက်၊ နိုင်ငံရေးအတွက် လုပ်သွားတဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ပြောချင်ပါတယ်။ ”

သခင်ချန်ထွန်းရဲ့ ဈာပနကိုတော့ ဒီကနေ့မှာပဲ ရေဝေးသုသာန်မှာ နေ့ချင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG