သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး ထိုင်းလူငယ်ဘောလုံးသမားတွေ ၄ ရက်မြောက်အဖြစ် ဆက်လက်ရှာဖွေ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲက ရေဝင်နေတဲ့ လှိုဏ်ဂူတခုထဲ အလည်အပတ်ဝင်သွားရာက ပျောက်ဆုံးနေတဲ့ လူငယ်ဘောလုံးအသင်းက လူငယ် ၁၂ ယောက်နဲ့ နည်းပြဆရာတဦးတို့ကို ရှာဖွေတဲ့လုပ်ငန်းတွေ ပြန်စနေပါပြီ။

တွားသွားပြီး ဝင်ရတဲ့ လှိုဏ်ဂူထဲမှာ ရေတွေတက်လာတာကြောင့် ဘောလုံးသမားတွေ ဂူထဲမှာ ပိတ်မိနေတာ ၃ ညရှိသွားပါပြီ။ ဘောလုံးသမားတွေကို ထိုင်းရေတပ်ကလာရောက်ရှာဖွေနေတာဖြစ်ပြီး ရေတက်လာတာကြောင့် ရေငုပ်သမားတွေအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ရတာ ပိုပြီးခက်ခဲစေတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး ကဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။

လောလောဆယ် ဂူထဲက ရွှွံ့ရေတွေ ကျသွားအောင်လုပ်ဖို့လိုသလို ဒါမှသာ လှိုဏ်ဂူခေါင်မိုးကို ကြည့်ပြီး ဘယ်နေရာကိုရောက်နေတယ်ဆိုတာ ခန့်မှန်းတွက်ဆလို့ရနိုင်မယ်လို့ ပြည်ထဲရေး ဝန်ကြီးလည်းဖြစ်တဲ့ ရဲချုပ် Anupong Paojinda ကပြောပါတယ်။ ရေလွတ်ပြီး အန္တရယ်ရင်းတဲ့ နေရာတခုကို ဘောလုံးသမားတွေ ရှာတွေ့ဖို့လည်း ထိုင်းတာဝန်ရှိသူတွေ မျှော်လင့်နေပါတယ်။ ဒီကနေ့ အင်္ဂါနေ့ မနက်မှာတာ့ လှိုဏ်ဂူအပြင်ဘက်မှာ ဘောလုံးသမားတွေရဲ့ ဆွေမျိုးတွေက လာပြီး ဝတ်ပြုဆုတောင်းမှုတွေလုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG