သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းကျပန္လႊတ္ေပးတဲ့ ျမန္မာေတြ ႏိုင္ငံေရးလႈပ္႐ွားမႈေတြနဲ႔ ပတ္သက္မႈ႐ွိမ႐ွိ စစ္ေဆးခံရ


ထိုင္းအက်ဥ္းေထာင္ေတြ အခ်ဳပ္ေတြကေန လြက္ရက္ေစ့သြားၿပီး ျမန္မာႏုိင္ငံသို႔ ျပန္ပို႔ျခင္းခံရတဲ့ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားမ်ား (ဓါတ္ပံု - FED)

ထိုင္းႏိုင္ငံေတာင္းပိုင္းျပည္နယ္ ၁၄ ခုအတြင္းမွာ အဖမ္းဆီးခံရၿပီး အက်ဥ္းေထာင္ေတြ အခ်ဳပ္ေတြကေန လြက္ရက္ေစ့သြားတဲ့ ျမန္မာေ႐ႊေျပာင္းအလုပ္သမား ၁၃၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ျပည္ႏွင္ဒဏ္ေပးၿပီး မတ္လ ၁၇ ရက္ေန႔မွာ ရေနာင္းကေန ေကာ့ေသာင္းၿမိဳ႕ကို ျပန္လည္လႊဲေျပာင္းေပးခဲ့ပါတယ္။ ေနရပ္ျပန္တဲ့ လြတ္ရက္ေစ့သူေတြကိုေတာ့ ေကာ့ေသာင္းဆိပ္ကမ္းအာဏာပိုင္ေတြက ျပည္သူကာကြယ္ေရးတပ္ဖြဲ႔ဝင္ေတြပါမပါ၊ ေထာက္ပံ့ကူညီသူေတြလာဆိုတာကို စစ္ေဆးမူေတြလုပ္တယ္လို႔ ဆိုပါတယ္ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံေတာင္းပိုင္းျပည္နယ္ ၁၄ ခုအတြင္းမွာ အဖမ္းဆီးခံရၿပီး၊ အက်ဥ္းေထာင္ေတြ အခ်ဳပ္ေတြကေန လြက္ရက္ေစ့သြားတဲ့ ျမန္မာေ႐ႊေျပာင္းအလုပ္သမား ၁၃၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ျပန္လည္လြဲေျပာင္းေပးခဲ့တာပါ။ အခု လြတ္ရက္ေစ့လို႔ ေနရပ္ျပန္သူေတြကိုေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲေတြနဲ႔ ပတ္သက္မူ႔႐ွိမ႐ွိ စစ္ေဆးတာေတြ လုပ္တယ္လို႔လည္း ေကာ့ေသာင္းၿမိဳ႕ပညာေရးနဲ႔ ဖြံၿဖိဳးတိုးတက္ေရးေဖာင္ေဒး႐ွင္း ေ႐ႊ႕ေျပာင္းအလုပ္သမား အရင္းျမစ္စင္တာ (MWRC) တာဝန္ခံ ဦးမိုးေဝက အခုလို ေျပာပါတယ္။

"၁‌ လပိုင္းက ၆၀၀ေက်ာ္ ပို႔ၿပီးၿပီ၊ အခု ၃ လပိုင္းမွာေတာ့ ၁၃၀ ေက်ာ္ ပို႔ပါတယ္။ အဲဒါကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဖမ္းခံရတာပါတယ္ အလုပ္႐ွင္မတူတာပါမယ္။ Work permit မတူတာလဲပါတယ္။ ေနာက္တခုကေတာ့ ျပန္သြားတဲ့သူေတြကို အာဏာပိုင္ေတြက ဆိပ္ကမ္းအာဏာပိုင္ေတြက ပီဒီအက္ဖ္ေတြလားဆိုၿပီး စစ္ေဆးတာ႐ွိတယ္။ ဖုန္းေတြ စစ္ေဆးတာ ႐ွိတယ္။ ေနာက္တခုကေတာ့ က်န္းမာေရးစစ္ေဆးေပးတာ ႐ွိတယ္။ အလုပ္သမားဦးစီးဌာနက အလုပ္အကိုင္ ေန္တီးေပးမယ္ဆိုတာ ျပန္ျပင္ဆင္ေပးမယ္ဆိုတာ ေျပာတယ္။"

အက်ဥ္းေထာင္ထဲက လြတ္ရက္ေစ့သူေတြကေတာ့ စိုးရိမ္စိတ္ေတြ႐ွိေနၿပီး ေနရပ္ျပန္ရင္လည္း မတည္ၿငိမ္မူေတြျဖစ္မွာ၊ ထပ္ၿပီးစစ္ေဆးခံရမွာေတြကို စိုးရိမ္ေနၾကပါတယ္။ သူတို႔ေတြဟာ အက်ဥ္းေထာင္ထဲမွာေနရတဲ့အတြက္ ႏိုင္ငံေရးကိစၥေတြမွာ ကူညီေထာက္ပံ့တာေတြ မလုပ္ႏိုင္ဘူးလို႔လည္း ေျပာဆိုၾကတယ္လို႔လည္း ဆိုပါတယ္။

"ပီဒီအက္ဖ္နဲ႔ ပတ္သက္လား ေထာက္ပံ့မူ႔ေတြ ေပးခဲ့သလားဆိုတာ ေမးတယ္။ သူတို႔က ျပန္ေျပာၾကတယ္။ သူတို႔က ၉ လ-၁၀ ေလာက္ အဖမ္းခံထားရတာ သူတို႔ဘဝ ရပ္တည္ေရးေတာင္ မနည္းလုပ္ေနရတာ။ သူတို႔အေနနဲ႔ ေထာက္ပံ့မူဆိုတာ အခက္အခဲ႐ွိတယ္။ ေထာက္ပံ့လို႔လည္း မရဘူး ေျပာတယ္။"

ေနရပ္ျပန္ပို႔ခံရသူေတြထဲမွာ အမ်ိဳးသမီး ၃၃ ဦးနဲ႔၊ အမ်ိဳးသား ၉၉ ဦး ပါဝင္တယ္လို႔ ဆိုပါတယ္။ ထိုင္းအက်ဥ္းေထာင္ေတြ၊ အခ်ဳပ္ေတြက လြတ္ရက္ေစ့တဲ့ ျမန္မာေတြကို မဲေဆာက္၊ ျမဝတီ၊ မဲဆိုင္၊ တာခ်ီလိတ္၊ ရေနာင္း၊ ေကာ့ေသာင္းလမ္းေတြကေန ျပန္လည္ လႊဲေျပာင္းေပးေလ့ ႐ွိပါတယ္။

ကိုဗစ္ကပ္ေဘးကာလမွာ နယ္စပ္လမ္းေတြ တံတားေတြ ပိတ္ထားတဲ့အတြက္ ျပည္ႏွစ္ဒဏ္ေပးတဲ့သူေတြကို အကန္႔အသတ္နဲ႔သာ ျပန္ပို႔ခဲ့ပါတယ္႐ွင္။

==== Unicode =====

ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၃၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး မတ်လ ၁၇ ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ နေရပ်ပြန်တဲ့ လွတ်ရက်စေ့သူတွေကိုတော့ ကော့သောင်းဆိပ်ကမ်းအာဏာပိုင်တွေက ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါမပါ၊ ထောက်ပံ့ကူညီသူတွေလာဆိုတာကို စစ်ဆေးမူတွေလုပ်တယ်လို့ ဆိုပါတယ် ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး၊ အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၃၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြန်လည်လွဲပြောင်းပေးခဲ့တာပါ။ အခု လွတ်ရက်စေ့လို့ နေရပ်ပြန်သူတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေနဲ့ ပတ်သက်မူ့ရှိမရှိ စစ်ဆေးတာတွေ လုပ်တယ်လို့လည်း ကော့သောင်းမြို့ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

"၁‌ လပိုင်းက ၆၀၀ကျော် ပို့ပြီးပြီ၊ အခု ၃ လပိုင်းမှာတော့ ၁၃၀ ကျော် ပို့ပါတယ်။ အဲဒါကတော့ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတာပါတယ် အလုပ်ရှင်မတူတာပါမယ်။ Work permit မတူတာလဲပါတယ်။ နောက်တခုကတော့ ပြန်သွားတဲ့သူတွေကို အာဏာပိုင်တွေက ဆိပ်ကမ်းအာဏာပိုင်တွေက ပီဒီအက်ဖ်တွေလားဆိုပြီး စစ်ဆေးတာရှိတယ်။ ဖုန်းတွေ စစ်ဆေးတာ ရှိတယ်။ နောက်တခုကတော့ ကျန်းမာရေးစစ်ဆေးပေးတာ ရှိတယ်။ အလုပ်သမားဦးစီးဌာနက အလုပ်အကိုင် နေ်တီးပေးမယ်ဆိုတာ ပြန်ပြင်ဆင်ပေးမယ်ဆိုတာ ပြောတယ်။"

အကျဉ်းထောင်ထဲက လွတ်ရက်စေ့သူတွေကတော့ စိုးရိမ်စိတ်တွေရှိနေပြီး နေရပ်ပြန်ရင်လည်း မတည်ငြိမ်မူတွေဖြစ်မှာ၊ ထပ်ပြီးစစ်ဆေးခံရမှာတွေကို စိုးရိမ်နေကြပါတယ်။ သူတို့တွေဟာ အကျဉ်းထောင်ထဲမှာနေရတဲ့အတွက် နိုင်ငံရေးကိစ္စတွေမှာ ကူညီထောက်ပံ့တာတွေ မလုပ်နိုင်ဘူးလို့လည်း ပြောဆိုကြတယ်လို့လည်း ဆိုပါတယ်။

"ပီဒီအက်ဖ်နဲ့ ပတ်သက်လား ထောက်ပံ့မူ့တွေ ပေးခဲ့သလားဆိုတာ မေးတယ်။ သူတို့က ပြန်ပြောကြတယ်။ သူတို့က ၉ လ-၁၀ လောက် အဖမ်းခံထားရတာ သူတို့ဘဝ ရပ်တည်ရေးတောင် မနည်းလုပ်နေရတာ။ သူတို့အနေနဲ့ ထောက်ပံ့မူဆိုတာ အခက်အခဲရှိတယ်။ ထောက်ပံ့လို့လည်း မရဘူး ပြောတယ်။"

နေရပ်ပြန်ပို့ခံရသူတွေထဲမှာ အမျိုးသမီး ၃၃ ဦးနဲ့၊ အမျိုးသား ၉၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်၊ မြဝတီ၊ မဲဆိုင်၊ တာချီလိတ်၊ ရနောင်း၊ ကော့သောင်းလမ်းတွေကနေ ပြန်လည် လွှဲပြောင်းပေးလေ့ ရှိပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ နယ်စပ်လမ်းတွေ တံတားတွေ ပိတ်ထားတဲ့အတွက် ပြည်နှစ်ဒဏ်ပေးတဲ့သူတွေကို အကန့်အသတ်နဲ့သာ ပြန်ပို့ခဲ့ပါတယ်ရှင်။

XS
SM
MD
LG