သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ထိုင်းသံရုံး ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှု ကန့်သတ် 


ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ ဗီဇာလျှောက်ဖို့ တန်းစီနေသူများ။ (ဖေဖေါ်ဝါရီ ၁၃/၁၄။ ဓာတ်ပုံ-ဘန်ကောက်အစုံ (Bangkok Asone fb)
ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ ဗီဇာလျှောက်ဖို့ တန်းစီနေသူများ။ (ဖေဖေါ်ဝါရီ ၁၃/၁၄။ ဓာတ်ပုံ-ဘန်ကောက်အစုံ (Bangkok Asone fb)

ရန်ကုန်မြို့ကထိုင်းသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ အရေအတွက် များပြားလာတဲ့အတွက် တရက်ကိုလျှောက်ထားသူ ၄၀၀ သာ လက်ခံမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးရဲ့ Royal Thai Embassy Yangon တရားဝင် အွန်လိုင်းစာမျက်နှာတွေကနေ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

တိုကင်နံပါတ်နဲ့ တန်းစီစနစ်ကျင့်သုံးမှာဖြစ်ပြီး လျှောက်ထားသူကိုယ်တိုင် တိုကင်ရယူရမှာဖြစ်လို အလွဲသုံးစားလုပ်မှုတွေ၊ တိုကင် အတုအပပြုလုပ်တာတွေကိုတွေ့ရှိရင် ဗီဇာ လျှောက်ထားခွင့်ပိတ်ပင်ပြီး လျှောက်ထားသူကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းမယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကထုတ်ပြန်တဲ့ အသက်အရွယ် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေ၊ မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်တဲ့ နေ့ရက်သတ်မှတ်ခြင်း ဆိုတဲ့ ကြေညာချက် ထွက်ပေါ်အပြီးမှာ ရန်ကုန်ကထိုင်းသံရုံးရှေ့မှာ နေ့စဥ် လူရာနဲ့ချီတန်းစီပြီး ဗီဇာလျှောက်ထားမှုတွေတိုးလာခဲ့တယ်လို့ ရန်ကုန် မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။

ဗီဇာလျှောက်ထားရာမှာ အဆင့်တွေ ပိုများလာတာမျိုး မကြုံရပေမယ့် ရက်အနည်းငယ်ပိုပြီး ကြန့်ကြာတာတွေ ကြုံခဲ့ရတယ်လို့လည်း ကိုယ်တိုင် ထိုင်းဗီဇာလျှောက်ထားခဲ့တဲ့ အမည်မဖော်လိုသူအမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုယ်တိုင်လျှောက်ထားသူတွေနဲ့ ရန်ကုန်မြို့ခံတွေက ရိုက်ကူးပြီး ဆိုရှယ်မီဒီယာတွေမှာတင်ထားကြတဲ့ ဓာတ်ပုံတွေမှာတော့ ထိုင်းသံရုံးရှေ့မှာ လူအုပ်ကြီးကိုတွေ့ရပြီး လူအမြောက်အမြားဟာ မနက် အစောပိုင်းကတည်းက တန်းစီနေကြရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG