သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေး


မြန်မာ့အရေး အလွတ်သဘောဆွေးနွေးကြတဲ့ အိမ်နီးချင်းနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ (ဝဲမှယာ) Vikram Misri (အိန္ဒိယ)၊ Touhid Hossain (ဘင်္ဂလားဒေ့ရှ်)၊ Than Swe (မြန်မာ)၊ Maris Sangiampongsa (ထိုင်း)၊ Phomvihane (လာအို)၊ Sun Weidong (တရုတ် ဒုဝန်ကြီး) (ဒီဇင်ဘာ ၁၉၊ ၂၀၂၄)
မြန်မာ့အရေး အလွတ်သဘောဆွေးနွေးကြတဲ့ အိမ်နီးချင်းနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ (ဝဲမှယာ) Vikram Misri (အိန္ဒိယ)၊ Touhid Hossain (ဘင်္ဂလားဒေ့ရှ်)၊ Than Swe (မြန်မာ)၊ Maris Sangiampongsa (ထိုင်း)၊ Phomvihane (လာအို)၊ Sun Weidong (တရုတ် ဒုဝန်ကြီး) (ဒီဇင်ဘာ ၁၉၊ ၂၀၂၄)

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဘဝ တိုးတက်ရေးအတွက် အားလုံးက စိုးရိမ်နေကြတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က Facebook လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့ လည်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုပါတယ်။ ဒီနေ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတချို့ ဆွေးနွေးပွဲမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာအာဏာပိုင်တွေ လိုက်နာရမယ်ဆိုတာကို ထပ်မံဆွေးနွေးခဲ့ကြတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အကြမ်းဖက်မှုတွေ အထူးသဖြင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်ဖို့ ငြိမ်းချမ်းရေးနဲ့ ရေရှည်ခံအဖြေရဖို့ မြန်မာနိုင်ငံက အဓိက အရေးပါတဲ့ အဖွဲ့တွေအားလုံး ထိရောက်တဲ့ ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကဒီနေ့ ပြောကြားထားပါတယ်။

အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံအဖွဲ့ကြီးက ချမှတ်ထားတဲ့အတွက် ဒီနေ့ အာဆီယံ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခြင်း မရှိပါဘူး။

ကြာသပတေးနေ့ကလည်း မြန်မာ၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နဲ့ ထိုင်းနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ဘန်ကောက်မြို့တော်မှာ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာကို အားလုံး ပံ့ပိုးထောက်ခံသင့်တယ်လို့ တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sun Weidong ကဆွေးနွေးပွဲအတွင်း ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြား ရေးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံက အဖွဲ့အားလုံး တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်း အဖြေရှာရေးကို တရုတ်က အားပေးတယ်လို့ ဒုဝန်ကြီး Sun Weidong ကပြောကြားခဲ့ကြောင်း တရုတ်အစိုးရ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကြာသပတေးနေ့က အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်ဆင်ထားတဲ့ အခြေအနေတွေကို အိမ်နီးချင်းနိုင်ငံတွေကို ရှင်းလင်းပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG