သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင် အန္တိမဈာပန ပြီးဆုံး


နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး Bhumibol Adulyadej အတွက် အစိုးရက သတ်မှတ်တဲ့ တရားဝင် ပူဆွေးဝမ်းနည်းခြင်း ၁ နှစ်တာ ကာလ ပြည့်မြောက်ပြီးတဲ့နောက်၊ ၅ ရက်ကြာ ကျင်းပတဲ့ ဈာပန အခမ်းနား နောက်ဆုံး အစီအစဉ်အဖြစ် ကျန်ရစ်တဲ့ အရိုးနဲ့ ပြာတွေကို နောက်ဆုံး ထားရှိမဲ့ နေရာဆီ တနင်္ဂနွေနေ့က သယ်ဆောင်သွားခဲ့ပါတယ်။

ဘုရင်ကြီးရဲ့ အန္တိမဈာပန အစီအစဉ်ကိုတက်ရောက် ဖူးမျှော်ဖို့အတွက် ထောင်ပေါင်းများစွာရှိတဲ့ ပြည်သူတွေဟာ ဘန်ကောက်မြို့တော် က လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။ နိုင်ငံတဝှမ်းက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာလည်း ဈာပနအထိမ်းအမှတ် အခမ်းနားတွေကျင်းပရာ နေရာတွေမှာ စုရုံးတက်ရောက်ခဲ့ကြပါတယ်။

ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ကွယ်လွန်သူဘုရင်ကြီးရဲ့ ရုပ်ကြွင်းတွေကို မြင်းပေါ်မှာတင်ဆောင်ပြီး Wat Rajabopidh နဲ့ Wat Bovoranives ဘုရားကျောင်း တွေရှိရာ သယ်ဆောင်သွားတဲ့ အခမ်းနားကို မြေးတော်ဖြစ်တဲ့ မင်းသမီး Sirivannavari Nariratana ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘုရင်ကြီး Bhumibol Adulyadej ဟာ နောင်တော်ကြီးဖြစ်တဲ့ ဘုရင် Ananda Mahidol ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီးတဲ့နောက် ၁၉၄၆ မှာ ထီးနန်းကို ဆက်ခံခဲ့တာဖြစ်ပြီး ကမ္ဘာမှာ နန်းသက်အရှည်ကြာဆုံး စိုးစံခဲ့တဲ့ ဘုရင်တွေထဲမှာ အပါဝင်ဖြစ်ခဲ့ပါတယ်။

ဘုရင်ကြီးဟာပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ နတ်ရွာစံခဲ့ပြီး၊ အနိစ္စရောက်ချိန်မှာ သက်တော် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။

သူ့ရဲ့ ထီးနန်းအမွေကိုဆက်ခံမဲ့ သားတော် Maha Vajiralongkorn ရဲ့ နန်းတက်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ထိုင်းဘုရင် အန္တိမဈာပန ပြီးဆုံး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG