သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကွယ်လွန်သူထိုင်းဘုရင်ကို ဂါရဝပြု


ကွယ်လွန်သူထိုင်းဘုရင်ကို ဂါရဝပြုကြသူများ
ကွယ်လွန်သူထိုင်းဘုရင်ကို ဂါရဝပြုကြသူများ

ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် နတ်ရွာစံခဲ့တဲ့ တနှစ်ပြည့်တဲ့အချိန်အောက်တိုဘာလ ၂၆နေ့မှာ တနိုင်ငံလုံးအနှံ့ ဈာပနအတွက်ဂါရဝပြုပွဲတွေကို လုပ်ခဲ့ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်းလုပ်ဆောင်ခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအတွက် ပညာရေးကျန်းမာရေးဆိုင်ရာအခွင့်အလန်းတွေရဖို့တွေနဲ့ လူသားပြီသစွာနေထိုင်နိုင်ဖို့အတွက် ဘုရင်ကြီးက စောင့်ရှောက်မူပေးခဲ့တယ်လို့မြန်မာတွေ ယူဆကြတာပါ။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းဘုရင်မင်းမြတ်ဟာ ပြီးခဲတဲ့နှစ် အောက်တိုဘာလ ၁၃ရက်နေ့ဒေသစံတော်ချိန် ညနေ ၃နာရီ ၅၂မှာ နတ်ရွာစံသွားခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ နတ်ရွာစံတဲ့ ဈာပနပွဲကိုတနှစ်ကြာ အောက်တိုဘာလ ၂၆ရက်ေနေမှာ ထိုင်းနိုင်ငံတဝှမ်း ဂါရဝပြုပွဲတွေလုပ်ပြီး ကျင်းပခဲ့ပါတယ်။ ဘုရင်ကြီးဟာ ရွှေ့ပြောင်းအလုပ်သမားတွေသူတို့သားသမီးတွေအတွက် ပညာရေး ကျန်းမာရေးဆိုင်ရာ ဥပဒေတွေပြန်ဌာန်းပေးခဲ့တဲ့အတွက် သူ့ကျေးဇူးတွေရှိတယ်လို့ ရွေပြောင်းအလုပ်သမားရေးလုပ်ဆောင်နေတဲ့ ရှေနေဦးအောင်မျိုးသန့်က အခုလိုပြောပြပါတယ်။

"ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေဟာ သူတို့နိုင်ငံမှာရှိတဲ့ကျောင်းတွေကို တက်ခွင့်ရတဲ့အထိ ခွင့်ပြုခဲ့တာတွေလည်းရှိပါတယ်။ အဲဒီကြောင့်မို့လဲအတော်များများက အဲဒီကျောင်းတွေမှာတက်တဲ့မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားအတော်များများရဲ့သားသမီးတွေရှိကြတယ်။ တချို့ဆိုရင် ဘွဲတွေ ဘာတွေရတဲ့အထိ ကျောင်းပြီးသွားတဲ့သူတွေတောင်ရှိတယ်။"

အောင်တိုဘာလ ၂၆ရက်နေမှာတော့ မြန်မာအလုပ်သမားတွေ အများစုရှိတဲ့နေရာတိုင်းမှာ ဘုရင်ကြီးဈာပနပွဲကိုဂါရဝပြုသွားကြတာတွေလည်းရှိပါတယ်။ ထိုင်းနိုင်ငံရောက်ရှိနေတဲ့ သူတဦးကတော့ သန်းနဲ့ ချီရှိတဲ့ကမြန်မာပြည်သားတွေကိုလက်ခံပေးနေတာဟာ ဘုရင်ကြီးက စိတ်သဘောထားမြင့်မြတ်တာကြောင့်လို့ယူဆကြပါတယ်။

"ထိုင်းဘုရင်ကြီးကောင်းလို့သာ ကျနော်တို့ ထိုင်းမှာအလုပ်လုပ်ရတာလေ။ တကယ်လို့ ဘုရင်ကသာ မကောင်းခဲ့ဘူးဆိုရင် ကျနော်တို့ကိုလက်ခံမှာမဟုတ်ဘူးလေ"

ထိုင်းဘုရင်ကြီးဟာ သူတိုင်းပြည်သူပြည်သားတွေကိုသာမက မြန်မာအလုပ်သမားတွေအပေါ်မှာလည်း လူသားဆန်တဲ့အခွင့်အရေးတွေပေးခဲ့တယ်လို့ ရှေနေဦးအောင်မျိုးသန့်ကဆက်ပြောပြပါတယ်

"ဘုရင်ကြီးဟာ မင်းကျင့်အင်္ဂါ နဲ့ ညီရုံသာမက သူ့တိုင်းသူပြည်သားတွေကိုလည်းစောင့်ရှာက်ရုံသာမက နိုင်ငံရပ်ခြားကပြည်သူတွေအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာလုပ်ကိုင်စားသောက်နေတဲ့အချိန်မှာ တတ်နိုင်သမျှလူသားတွေ ရသင့်တဲ့အရေးတွေပေးပြီး စောင့်ရှောက်မူတွေပေးခဲ့တယ်လို့ ပြောရပါမယ်။"

ဘုရင်မင်းမြတ်ကြီးနတ်ရွာစံတဲ့ တနှစ်ပြည့်ဈာပန ပွဲလုပ်နေချိန်မှာ ထိုင်းနိုင်ငံတဝှမ်းက တချို့စက်ရုံအလုပ်ရုံတွေ ရုံးတွေဈေးဆိုင်တွေပိတ်ပြိး ဂါရဝပြုပွဲတွေကို ကျင်းပနေကြပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းစာသင်ကျောင်း ရသလောက်မှာတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဘုရင်ကြီးပုံတွေကိုချိတ်ဆွဲထားပြီး ပန်းအဝါရောင်တွေ စိုက်ပျိုးပြီး ဂါရဝပြုပူဇော်မူတွေလည်း လုပ်ထားကြပါတယ်။

နတ်ရွာစံခဲ့တဲ့ ဘုရင်းကြီးဘူမိဘောအနေနဲ့ ထိုင်းအစိုးရကိုကော သူတို့တိုင်းသူပြည်သားကိုပါ လူသားအချင်းချင်းမေတ္တာတွေထားအောင် လမ်းညွန်ပေးခဲ့တာတွေ လုပ်ပေးခဲ့သလို ထိုင်းနိုင်ငံမှာနေထိုင်သူတွေအတွက် အထောက်အထားလက်မှတ်လုပ်ပေးဖို့ ခွင်ပြုပေးခဲ့တာပါ။

နတ်ရွာစံချိန်သက်တော် ၈၉ နှစ်ရှိခဲ့ပြီဖြစ်တဲ့ ဘုရင်ကြီးဟာ ၁၉၄၆ ခုနှစ်မှာ ထီးနန်း စတင် စိုးစံခဲ့တာပါ။ ထိုင်းနိုင်ငံမှာတော့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကိုအားစိုက်လုပ်ခဲ့ပြီး ကျေးရွာတွေအထိ လမ်းတွေပေါက်နေတာ ရေနဲ့ လျပ်စစ်မီးတွေ၊ ဆက်သွယ်ရေး လမ်းပန်းစနစ်တွေ အခက်အခဲမရှိအောင် လုပ်ဆောင်ပေးခဲ့တာတွေကြောင့် ပြည်သူအများရဲချစ်ခင်မူကိုရရှိခဲ့တဲ့ဘုရင်းမင်းမြတ်တပါးဖြစ်ပါတယ်။ ဒီအတွက် ဈာပါန ဂါရဝပြုပွဲတွေကို ထိုင်းနိုင်ငံတဝှမ်းလုံးမှာ ဝမ်းနည်းမူတွေနဲ့ ထူးထူးခြားခြားကျင်းပကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG