သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင် ဈာပန မြန်မာသမ္မတ ဦးထင်ကျော် တက်ရောက်မည်


ကွယ်လွန်သူ ထိုင်းဘုရင် Bhumipol Aduyedaj ရဲ့ ဒီသတင်းပတ် အတွင်း ကျင်းပမယ့် ဈာပန အခမ်းအနားကို လူ ၂ သိန်းခွဲကျော် တက်ရောက်ဖို့ ရှိနေပါတယ်။ နိုင်ငံကို နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့တဲ့ ထိုင်းဘုရင် Bhumipol ဟာ အသက် ၈၈ နှစ် အရွယ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ပြည်သူတွေက နောက်ဆုံး အနေနဲ့ ဂါရဝပြုနေကြတာ ဖြစ်ပါတယ်။

ထိုင်းဘုရင် Bhumipol ရဲ့ ဈာပန အခမ်းအနားကိုတော့ ဘုရင်တွေ၊ တော်ဝင်မိသားစုတွေ အပြင် နိုင်ငံတကာက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေလည်း တက်ရောက်ကြမှာပါ။ သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ ထိုင်းဘုရင်ရဲ့ ဈာပန အခမ်းအနားကို တက်ရောက်မယ်လို့ အစိုးရက သတင်းထုတ်ထားပါတယ်။

အမေရိကန် နိုင်ငံကတော့ ကာကွယ်ရေး ဝန်ကြီး James Mattis တက်ရောက်မှာ ဖြစ်ပါတယ်။ ဘုရင်ကြီး ဈာပနကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ တရားဝင် စတင်မှာ ဖြစ်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့ထိ သတင်းတပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ကို တရားဝင် အားလပ်ရက် အဖြစ် ကြေညာထားပြီး ဈေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေ၊ ငွေကြေးဈေးကွက်နဲ့ တခြား အဖွဲ့အစည်းအားလုံး ပိတ်မှာ ဖြစ်ပါတယ်။

ဈာပန အခမ်းအနားကို ရဲတပ်ဖွဲ့ဝင် ၅ သောင်း၊ အကူတွေနဲ့ အတူ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားမှာပါ။ တော်ဝင် မီးသဂြိုဟ်မယ့် အခမ်းအနားနဲ့ ပုံစံတူ အခမ်းအနားတွေကို ထိုင်းနိုင်ငံတွင်းက ခရိုင် ၇၀ ကျော်တို့မှာလည်း ကျင်းပမှာ ဖြစ်ပါတယ်။

ထိုင်းဘုရင် ဈာပန မြန်မာသမ္မတ ဦးထင်ကျော် တက်ရောက်မည်
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG