သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံသစ်ကို ထိုင်းဘုရင်လက်မှတ်ထိုးအတည်ပြု


ထိုင်းဘုရင် Maha Vajiralongkorn
ထိုင်းဘုရင် Maha Vajiralongkorn

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သစ်ကို ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ဒီကနေ့ အခမ်းအနားနဲ့ လက်မှတ် ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။

အရင်တုံးက ရွေးကောက်ပွဲလုပ်မဲ့နေ့ရက်တွေကို ဆက်တိုက် ရွှေ.ဆိုင်းလာခဲ့တဲ့ ထိုင်းစစ်အစိုးရက ဒီဖွဲ့စည်းပုံသစ်ပြဌာန်းနိုင်တာကြောင့် ရှေ.နှစ် ၂၀၁၈ နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပဖို့ လမ်းပွင့်သွားပြီလို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ဖို့ ပထမခြေလှမ်းဖြစ်တယ်လို့သုံးသပ်မှုတချို.ရှိနေပေမဲ့ အတိုက်အခံတွေကတော့ ဒီဖွဲ့စည်းပုံသစ်ထဲမှာ ဒီမိုကရေစီမကျတာတွေပါနေတယ်၊ ဗျူရိုကရေစီ ယန္တယားနဲ့ စစ်တပ်ကို အာဏာအများကြီးပေးထားတယ်လို့ ဝေဖန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ် အိုပ်ချုပ်မှုအောက်မှာ ရေးခဲ့တဲ့ ဒီဖွဲ့စည်းပုံသစ်ဟာ ထိုင်းနိုင်ငံမှာ သက်ဦးစံပိုင် ဘုရင်စနစ် အဆုံးသတ်ခဲ့တဲ့ ၁၉၃၂ ခုနှစ်ကစလို့ အကြိမ် ၂၀ မြောက် ဖွဲ့စည်းပုံ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကို ဝေဖန်သူတွေကတော့ ဒီဖွဲ့စည်းပုံဟာ ထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့အာဏာကို ဆယ်စုနှစ်တွေနဲ့ချီ မဟုတ်ရင်တောင် နှစ်တွေနဲ့ချီ ထိန်းချုပ်ထားနိုင်အောင် လုပ်ပေးလိမ့်မယ်လို့ ဝေဖန်ကြပါတယ်။

ဖွဲ့စည်းပုံသစ်ကို ထိုင်းဘုရင်လက်မှတ်ထိုးအတည်ပြု
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG