သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စည်းလုံးကြဖို့ ထိုင်းဘုရင်သစ် နှစ်သစ်မိန့်ခွန်းခြွေ


ထိုင်းဘုရင်သစ် Maha Vajiralongkorn နှစ်သစ်မိန့်ခွန်းခြွေ
ထိုင်းဘုရင်သစ် Maha Vajiralongkorn နှစ်သစ်မိန့်ခွန်းခြွေ

ထိုင်းနိုင်ငံ ဘုရင် Maha Vajiralongkorn ဟာ ကွယ်လွန်သွားသူ သူ့ရဲ့ဖခင်ကြီးထံကနေ ထီးနန်းအရိုက်အရာကို ဆက်လက် ခံယူခဲ့ပြီးတဲ့နောက် ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံကို နှစ်သစ်ကူး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ သူ့ရဲ့ ဖခင်ဖြစ်သူ ဘုရင်ကြီးဟာ ပဋိပက္ခတွေနဲ့ ရှုတ်ထွေးလှတဲ့ တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ စည်းလုံးမှုရှိအောင် ဆောင်ရွက်ခဲ့သူလို့ ရှုမြင်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဘုရင်အသစ် Vajiralongkorn ဟာ အသင့်ရေးသားထားပြီးသား မိန့်ခွန်းကို သေချာဖတ်ပြသွားတာဖြစ်ပြီး၊ ဒီဇင်ဘာလ တရက်နေ့က ထီးနန်း ဆက်ခံတဲ့အခမ်းနားမှာ ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပြီးနောက် ဒီတကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဘုရင်အသစ်ဟာ သူ့ရဲ့ဖခင် ဘုရင်ကြီး Bhumibol Adulyadej လို ပြည်သူလူထုရဲ့ နှစ်သက် လေးစား ချစ်ခင်မှုမျိုး မရရှိသေးပါဘူး။

ပြည်သူလူထုအနေနဲ့ သူ့ရဲ့ ဖခင်ဘုရင်ကြီးအပေါ် သစ္စာစောင့်သိ လေးစားသမှုရှိကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြား သွားပါတယ်။ တိုင်းပြည်ကို ဆယ်စုနှစ် (၇) ခုကြာ အုပ်စိုးသွားခဲ့တဲ့ ကွယ်လွန်သွားတဲ့ ဘုရင်ကြီးအတွက် လူအများစုဟာ ဝမ်းနည်းကြေကွဲ နေကြဆဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ပြုလုပ်လေ့ရှိတဲ့ နှစ်သစ်ကူးအခါသမယ မီးရှုးမီးပန်းပစ်ဖေါက်တဲ့ အစီအစဉ်တွေကို အခုနှစ်မှာတော့ ကွယ်လွန်သူ ဘုရင်ကြီး အတွက် ဝမ်းနည်းကြေကွဲမှု ပြသတဲ့ အနေနဲ့ ဖျက်သိမ်းထားခဲ့ပါတယ်။

“ကျွနု်ပ်တို့ရဲ့ တိုင်းပြည်မှာ ဘယ်လိုပြဿ နာမျိုးကြုံတွေ့ရသည်ဖြစ်ပါစေ အားလုံးအတူပူးတွဲဖြေရှင်းနိုင်မယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှား နိုင်လိမ့်မယ်” လို့ ယုံကြည်ပါကြောင်းလည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေခင်းမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဘုရင် Vajiralongkorn က ပြောကြားသွားခဲ့သလို၊ ထိုင်းလူထုအနေနဲ့ ဆက်လက် စည်းလုံးညီညွတ်ကြဖို့ ကိုလည်း တိုက်တွန်းသွားပါတယ်။

စည်းလုံးကြဖို့ ထိုင်းဘုရင်သစ် နှစ်သစ်မိန့်ခွန်းခြွေ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG