သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်သစ်ကို အကြည်ညိုပျက်အောင်လုပ်မှုနဲ့ ကျောင်းသားတဦးကို အရေးယူ


ထိုင်းဘုရင်သစ် Vajiralongkorn
ထိုင်းဘုရင်သစ် Vajiralongkorn

ထိုင်းဘုရင်သစ်အကြောင်း BBC ထိုင်းဘာသာဌာနက လုပ်ထားတဲ့ မှတ်တမ်း ရုပ်ရှင် ကို လူမှုကွန်ယက်မှာ ဖြန့်ဝေတဲ့အတွက်ဆိုပြီး ဒီမိုကရေစီ အရေးတက်ကြွ လှုပ်ရှားသူ ဥပဒေ ကျောင်းသားတဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ Jatupat Boon pattararaksa ကို ထိုင်းဘုရင်ကို စော်ကားတဲ့ပြစ်မှုနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း Chaiyaphum ဒေသမှာ စနေနေ့က ဖမ်းဆီးလိုက်တာလို့ လူ့အခွင့်အရေး ဆိုင်ရာ ထိုင်းရှေ့နေ Duangthip Karith ကပြောပါတယ်။

ထိုင်းဘုရင်သစ် Vajiralongkorn Bodindradebayavarangkun ဟာ ဘုရင် ဘူမီဘော နတ်ရွာစံ သွားပြီးတဲ့နောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က နန်းတက် လာတာဖြစ်ပြီး သူ့ရဲ့ ကိုယ်ရေးအတ္ထုပတ္တိကို BBC ထိုင်းဘာသာဌာနက လုပ်ထား တာဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုဟာ ထိုင်းဘုရင်သစ်လက်ထက် lese majeste law လို့ခေါ်တဲ့ တော်ဝင် မိသားစုဝင်တွေကိုအကြည်ညိုပျက်အောင်မပြုရဆိုတဲ့ ဥပဒေနဲ့ ပထမဆုံး ဖမ်းဆီးမှုလည်းဖြစ်ပါတယ်။ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် နိုင်တဲ့ ဒီဥပဒေဟာ နိုင်ငံရေးအရ အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို နှုတ် ဆိတ်နေအောင် လုပ်တဲ့ ဥပဒေဆိုပြီး ဝေဖန်ရေးသမား တွေကပြောပါတယ်။

ထိုင်းဘုရင်သစ်ကို အကြည်ညိုပျက်အောင်လုပ်မှုနဲ့ အရေးယူ
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG