သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နတ်ရွာစံ ထိုင်းဘုရင်ကြီးကို ဆင်ဖြူကိုးကောင်နဲ့ ဂါရဝပြု


နတ်ရွာစံ ထိုင်းဘုရင်ကြီးကို ဆင်ဖြူတွေနဲ့ ဂါရဝပြု
နတ်ရွာစံ ထိုင်းဘုရင်ကြီးကို ဆင်ဖြူတွေနဲ့ ဂါရဝပြု

နတ်ရွာစံ ထိုင်းဘုရင်ကြီးရဲ့ ရုပ်ကလပ်ထားရှိရာ ဘန်ကောက်မြို့တော်က နန်းတော်ကြီးမှာ ထောင်ပေါင်းများစွာသောလူတွေ သွားပြီး ဂါရဝပြုကြသလို ဒီကနေ့မှာတော့ ထူးထူးခြားခြား ဂါရဝပြုသူတွေလည်း ရှိပါတယ်။

နိုင်ငံတဝန်းကနေ အထူးရွေးချယ်ထားတဲ့ ဆင်ဖြူကိုးကောင်၊ အဖြူရောင် ဆေးခြယ်ထားတဲ့ ဆင်နှစ်ကောင်တို့ကို ဆင်ထိန်း အယောက် ၂၀၀ လောက်က ဦးဆောင်ပြီး နန်းတော်ကို ရောက်သွားကြတာပါ။

ဆင်တွေနဲ့ ဆင်ထိန်းတွေဟာ ဘုရင်ကြီး Bhumibol Adulyadej ကို နန်းတော်အရှေ့ဘက်ကနေ ဒူးထောက်ပြီး ဂါရဝပြုကြပါ တယ်။ ဘုရင်ကြီး ဘူမိဘောလ်ဟာ နှစ် ၇၀ ကြာ ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့ပြီးတဲ့နောက် သက်တော် ၈၈ နှစ်အရွယ်မှာ ပြီးခဲ့တဲ့လက နတ်ရွာစံသွားတာပါ။

နန်းတော်ထဲဝင်ပြီး ဘုရင်ကြီးကိုဂါရဝပြုဖို့ စောင့်နေကြသူတွေဟာ ဆင်တွေ ဂါရဝပြုတာကို မြင်တဲ့အခါ ငိုကြွေးကြပါတယ်။

ထိုင်းနိုင်ငံမှာ ဆင်ဖြူတွေကို အထွဋ်အမြတ်ထားပြီး တော်ဝင်အာဏာရဲ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ကြတယ်လို့ ထိုင်း ဆင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ပြောပါတယ်။

ဆင်ဖြူပုံကို ၁၉၁၇ ခုနှစ်အထိ ထိုင်းနိုင်ငံအလံမှာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ထိုင်းတော်ဝင်ရေတပ်ရဲ့ အလံမှာ အခုချိန်ထိ ရှိနေတုန်းပါပဲ။ သမိုင်းကြောင်းတလျှောက် ဘုရင်တွေမှာ ဆင်ဖြူဘယ်နှစ်ကောင် ပိုင်ဆိုင်တယ်ဆိုတာကိုကြည့်ပြီး သူတို့ရဲ့ ဘုန်းတံခိုးအရှိန်အဝါကို တိုင်းတာကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG