သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းထီနန်းဆက်ခံရေး လွှတ်တော်ကမ်းလှမ်းချက် အိမ်ရှေ့မင်းသားလက်ခံ


ထိုင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား မဟာ ဝဇီရာလောင်ကွန်း
ထိုင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား မဟာ ဝဇီရာလောင်ကွန်း

ထိုင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား မဟာ ဝဇီရာလောင်ကွန်း ဟာ ထိုင်းဘုရင်သစ် အဖြစ် ထီးနန်းဆက်ခံလိုက်တဲ့အတွက် အောက်တိုဘာလက နတ်ရွာစံသွားတဲ့ ဖခင်ဘုရင်ကြီး ဘူမိဘော အဒူယာဒချ်ရဲ့ နှစ်ပေါင်း ၇၀ ကြာ အုပ်ချုပ်မှုနောက်ပိုင်း ထိုင်းနိုင်ငံသမိုင်းမှာ ခေတ်သစ်တခုကို ရောက်လာပါပြီ။

ထိုင်းနိုင်ငံအမျိုးသားဥပဒေပြု လွှတ်တော်ဥက္ကဌ Pornpetch Wichitcholchai ရဲ့ ထီးနန်းဆက်ခံဖို့ ကမ်းလှမ်းချက်ကို အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှေ့မင်းသားက လက်ခံခဲ့တဲ့အကြောင်း ကြာသပတေးနေ့နှောင်းပိုင်းမှာ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

အပန်းဖြေနေထိုင်ရာ စံအိမ်တော်တခုရှိတဲ့ ဂျာမနီနိုင်ငံကနေ ပြန်လည်ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာပဲ ကမ်းလှမ်းချက်ကို အိမ်ရှေ့မင်းသားထံ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘုရင်မင်းမြတ်အသစ်ကို - ဘုရင်ကြီး Maha Vajiralongkorn အဖြစ် ခေါ်တွင်စေမှာဖြစ်ပြီး၊ ၁၀ ယောက်မြောက် ချက်ကရီမင်းဆက်လည်း ဖြစ်လာတော့မှာပါ။

ဘိသိတ်ခံပွဲနေ့ ကျင်းပမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပေမယ့် နတ်ရွာစံဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနအခမ်းအနား ပြီးဆုံးပြီး ၂၀၁၇ ခုနှစ်နှောင်းပိုင်းလောက်မှသာ ကျင်းပနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုနှစ် တော်လှန်ရေးအတွင်း သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပယ်ဖျက်ခဲ့ပြီးနောက်၊ စည်းမျဉ်းခံဘုရင်အဖြစ်နဲ့သာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းထီနန်းဆက်ခံရေး လွှတ်တော်ကမ်းလှမ်းချက် အိမ်ရှေ့မင်းသားလက်ခံ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG