သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်တွေ ထိုင်းနယ်မြေထဲ ဝင်ရောက်မှုအတွက် ထိုင်းအစိုးရဖိအားပေးခံရ 


ထိုင်းမြန်မာနယ်စပ် ထိုင်းလုံခြုံရေးတဦး
ထိုင်းမြန်မာနယ်စပ် ထိုင်းလုံခြုံရေးတဦး

မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ဒီလဆန်းက တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကိစ္စကို ဖြေရှင်းဖို့ ထိုင်းအစိုးရက လွှတ်တော်အမတ်တဦးက တောင်းဆိုလိုက်ပါတယ်။ နယ်စပ်ဒေသ လုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာစစ်ကောင်စီတပ်သားတွေက ထိုင်းနယ်ဘက်ကို ဝင်ရောက်လာခဲ့တာပါ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အုန်းဖန်မြို့နယ်ထဲကို စက်တင်ဘာလ ၃ ရက်နေ့ကမြန်မာစစ်သားတွေ ဝင်ရောက်လာပြီးတဲ့နောက် ထိုင်းစစ်တပ်က ကရင်စစ်သားတွေညှိနှိုင်းပြီးလမ်းဖွင့်ပေးခိုင်းတာကြောင့် မြန်မာဘက်ကိုပြန်သွားခဲ့ပါတယ်။ ဒီလိုထိုင်းနယ်မြေထဲဝင်ရောက်လာတာနဲ့ပတ်သက်လို့ စိုးရိမ်စရာကောင်းတဲ့အတွက် ဖြေရှင်းပေးဖို့ ထိုင်းလွတ်တော်အမတ်က လွတ်တော်မှာတင်ပြတောင်းဆိုခဲ့တယ်လို့ လွတ်တော်အမတ်လည်းဖြစ် လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်တဲ့ Kannavee Suebsang ကမ်နဝီ စူ့စမ်က စက်တင်ဘာလ ၁၁ ရက်နေ့က သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

လွတ်တော်အစည်းအဝေးအပြီးမှာ ထိုင်းမြန်မာနယ်စပ်က စိုးရိမ်စရာကောင်းတဲ့ ဖြစ်ရပ်နဲ့ပါတ်သက်ပြီး သတင်းထောက်တွေကို ရှင်းလင်းတင်ပြသွားခဲ့ရာမှာ ထိုင်းနိုင်ငံ တရားမျှတရေး ပါတီ ရဲ့ လွတ်တော်အမတ် Kannavee Suebsang ကမ်နဝီ စူ့စမ် က သူ့အနေနဲ့ ထိုင်းမြန်မာနယ်စပ်ကဒေသခံကျေးရွာသားတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ တင်ပြလာတဲ့အကြောင်းအရာကိုအခြေခံပြီး ထိုင်းအစိုးရအနေနဲ့ တာဝန်ယူစစ်ဆေး ဆေင်ရွက်ပေးဖို့ ဖိအားပေးတောင်းဆိုလိုက်ရတာဖြစ်တဲ့အကြောင်းထိုင်းဘာသာနဲ့ပြောဆိုသွားတာပါ။

မြန်မာစစ်တပ်နဲ့ ကရင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေကြား တိုက်ပွဲတွေပြင်းထန်လာနေရာကနေ ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် အုန်းဖြန် မြို့နယ်အတွင်းက ထိုင်းပိုင်နက်ကျေးရွာတွေဖြစ်တဲ့ la tong khu လတုန်ကူ နဲ့ မိုတဲလ Motalua ကျေးရွာတွေထဲကို စက်တင်ဘာ၃ရက်နေ့က မြန်မာ စစ်သား ၈၀ ကနေ ၁၀၀ ခန့်အင်အား ကျူးကျော်ဝင်ရောက်ခဲ့တာနဲ့ပါတ်သက်ပြီး ဒီသတင်းကို စုံစမ်းအတည်ပြုပြီးဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလက်နက်ကိုင်ထားတဲ့ မြန်မာစစ်သားတွေဟာ ထိုင်းကျေးရွာပြည်သူတွေနဲ့ တကီလိုခန့်သာကွာဝေးတဲ့ စိုက်ခင်းထဲဝင်ရောက်လာတဲ့ဖြစ်ရပ်ဟာ အလွန်စိုးရိမ်စရာဖြစ်ပြီး ဒေသခံကျေးရွာသားတွေအတွက် လုံခြုံရေးအတွက်ခြိမ်းြခောက်လာနေတာဖြစ်တယ်လို့လည်းပြောဆိုသွားပါတယ် ။

အဲဒီဖြစ်ရပ်ဟာ နိုင်ငံပိုင်နယ်နမိတ်အတွင်း ကျူးကျော်ဝင်ရောက်လာတာဖြစ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားရေး တို့က ကိုင်တွယ်စစ်ဆေးပြီး လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ကြဖို့ကိုလည်းတိုက်တွန်းသွားခဲ့ပါတယ်။

"ကျွန်တော်အနေနဲ့ လွတ်တော်မှာ တင်ပြခွင့် သုံးမိနစ်သာရခဲ့တာမလုံလောက်တဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်" လို့ လွှတ်တော်အမတ်ကပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျောက်မှာ နေထိုင်နေတဲ့ ထိုင်းပြည်သူတွေ ဒေသခံအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စား အခုလို လွတ်တော်မှာတင်ပြဆွေးနွေးပြီး တောင်းဆိုရတာပါလို့လည်းပြောဆိုသွားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG