သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ရက် နေရပ်ပြန် မြန်မာလုပ်သားတွေကို ထိုင်း အရေးယူ


ထိုင်း-မြန်မာနယ်စပ်
ထိုင်း-မြန်မာနယ်စပ်

ဒီရက်ပိုင်းအတွင်းမှာပဲ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကနေတဆင့် သင်္ကြန်တွင်း နေရပ်ပြန် မြန်မာတချို့ဟာ နိုင်ငံကူးလက်မှတ်တွေမှာ ဗီဇာသက်တမ်းကုန်ဆုံးနေတာတွေ အလည်ဗီဇာနဲ့ လာပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိတာတွေ အထောက်အထားလက်မှတ် မပြည့်စုံတာတွေကြောင့် ဒဏ်ငွေတွေရိုက်ခံရပြီး ပြည်ဝင်ခွင့်၂နှစ်ကနေ ၅နှစ်ထိ ပိတ်ခံရတာတွေကြုံနေရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာအလုပ်လာလုပ်ကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ သင်္ကြန်ကာလအတွင်း နေရပ်ပြန်တဲ့အခါမှာသူတို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစား အထောက်အထား လိုအပ်ချက်တွေပေါ် မူတည်ပြီး နယ်စပ်စစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးမူတွေကို ဒီရက်ပိုင်းတွေမှာကြုံနေရတာပါ။ သင်္ကြန်ကိုပြန်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ကို ဖမ်းဆီးစစ်ဆေးပြီး တရားရုံးတင်ဒဏ်ငွေရိုက်ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကနေ အနည်းဆုံး ၃နှစ်ကနေ ၅နှစ်အထိပြည်ဝင်ခွင့်ပိတ်ပင်တာတွေ လုပ်တာကို ခံခဲ့ရကြောင်း မြန်မာနိုင်ငံသားတဦးက ပြောပြပါတယ်။

“၅၄ ယောက်ကို ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ပိတ်လိုက်တာပေါ့နော်၊ ပြည်ဝင်ခွင့် ၅နှစ်ပိတ်လိုက်တယ် တကယ်ကတော့ PJနဲ့ထွက်ရမယ်မဟုတ်လား PJ မရဘူး PVနဲ့ပဲပေးတယ်။ နောက်ပြီးတော့ work permitမရဘူး ။ အဲဒီ PV တွေနဲ့ ရှေ့ဆက်ပြီးတော့ ပြည်ဝင်ခွင့်ပိတ်ခံရမယ့်သူတွေအများကြီး ရှိပါတယ်ခင်ဗျ။ ကလေးတွေက သင်္ကြန်လည်းဖြစ်တဲ့အခါကျတော့ အိမ်တွေပြန်ချင်ကြတယ်ပေါ့နော် အဲဒါဆိုတော့။ passport တွေကpassportလည်းရချင်ကြတာပေါ့နော် passport ရှိရင်တော့ သွားချင်တဲ့နေရာကို သွားလို့ရတာပေါ့နော် ဘတ်ကဒ်ရှိရင်တော့ တချို့နယ်မြေတွေက ကန့်သတ်ထားတာပေါ့နော်။ passport ရချင်ဇောနဲ့လူတွေက ပွဲစားတွေနောက်ပါကုန်တာပေါ့ ။ passportရရင် ရပြီ PV ၊ PJ လည်းသူတို့မသိဘူး သူတို့စာအုပ်ထဲမှာ Visa ရတာကို သူတို့ ပီတိဖြစ်နေတာလေ။”

PVဆိုတဲ့နိုင်ငံကူးလက်မှတ်ကတော့ အလည်ဗီဇာနဲ့ လာတဲ့သူတွေကိုင်ဆောင်တဲ့ နိုင်ငံကူးလက်မှတ် ဖြစ်ပြီး PJ ကတော့ အလုပ်လုပ်ခွင့်ဗီဇာနဲ့ လာကြသူတွေဖြစ်ပါတယ်။ ပွဲစားတွေက အလုပ်သမားတွေကို အလည်ဗီဇာနဲ့ ခေါ်လာကြပြီး လုပ်ငန်းခွင်ထဲပို့ လိုက်ကြတာကြောင့် နိုင်ငံကူးလက်မှတ်မှာ ဗီဇာသက်တမ်းကုန်သွားကြသူတွေလည်းရှိနေတာပါ။ တချို့ကတော့ ထိုင်းနိုင်ငံလုပ်ပေးတဲ့ ပန်းရောင်ကဒ်ဘတ်ကဒ် အလုပ်လုပ်ခွင့် လက်မှတ်လုပ်ထားသူတွေဟာ ပွဲစားတွေကတဆင့်နိုင်ငံကူးလက်မှတ်တွေကိုလုပ်တဲ့အခါမှာလည်း ဗီဇာသက်တမ်း လိုအပ်ချက်တွေကိုနားမလည်တဲ့အတွက် အလုပ်လုပ်ခွင့်ဗီဇာတွေ မပါတာမျိုးတွေ ကြောင့်လည်း ဖမ်းဆီးခံရပြီး ပြည်ဝင်ခွင့်ပိတ်တာတွေကိုကြုံကြရတယ်လို့လည်းဆိုပါတယ်။

“ဘက်ကဒ်က စလုပ်ပေးတုန်းက ဗီဇာက ၁ နှစ်၊ Work permit က ၁ နှစ်ပါတယ်ခင်ဗျ။ အဲဒီတော့ စာအုပ်နဲ့ လဲလိုက်တဲ့အချိန်မှာ စာအုပ်ထဲကို အလုပ်သမားတွေထင်တာက ဘက်ကဒ်က Work permit ကပါသွားမယ်လို့ သူတို့ ထင်ပြီးတော့ အခုလိုဖြစ်သွားတာ။ ဘက်ကဒ်ထဲမှာ ၁ နှစ်ရထားတယ် သူက Visa ထုပြီးတာနဲ့ Work permit လုပ်စရာမလိုဘူး အဆင်သင့်နေလို့ ရတယ်ဆိုပြီးတော့အဲလိုထင်ကြတယ်။”

နောက်တမျိုးကတော့ ဗီဇာလည်း အပြည့်အစုံရှိပေမယ့် လွဲပြောင်းစာရွက်ဆိုတဲ့အထောက်အထားကို မလုပ်ခဲ့တာကြောင့်လည်း အဖမ်းဆီးခံရပြီးနှစ်အလိုက် ပြည်ဝင်ခွင့်ပိတ်ပင်တာကိုကြုံရတယ်လို့အလုပ်သမားရေးဆောင်ရွက်တဲ့အေအေစီအဖွဲက ကိုရဲမင်းကလည်းပြောပါတယ်။

“Work permit ကိုကျနော်တို့ ပတ်စပို့ထဲပြောင်းထည့်ပြီဆိုတဲ့ စာရွက်လေး၁၀၀ တန်လေးမလုပ်တဲ့အတွက်ဖမ်းတာ ။ ၅ နှစ်တို့ ၃ နှစ်တို့ နှစ်တွေတော့မတူဘူး။”

ရွှေ့ပြောင်းအလုပ်သမားတွေဟာ အဲဒီလို အထောက်အထားမပြည့်စုံတဲ့လိုအပ်ချက်တွေကြောင့် ထိုင်းဥပဒေအရ ဒဏ်ငွေဆောင်ရတာတွေလုပ်ခဲ့ရပြီး ပြည်ဝင်ခွင့်ပိတ်ပင်တာကိုခံခဲ့ရတာပါ ဒီကိစ္စနဲ့ ပတ်သက်လို့မြန်မာသံရုံးကိုဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီလိုပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို နောက်ထပ်အလုပ်လာလုပ်ဖို့ အခက်အခဲရှိသွားပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာအထောက်အထားလက်မှတ်တွေလုပ်တဲ့အခါမှာ လက်၁၀ချောင်းကိုလက်ဗွေ ယူတာတွေ ဓါတ်ပုံမှတ်တမ်းတွေယူထားတာတွေကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့ သက်တမ်း မပြည့်ခင် ထိုင်းနိုင်ငံမှာထပ်ပြီး အလုပ်လာလုပ်ဖို့ အတွက်အခက်အခဲတွေရှိသွာပါပြီ။ ထိုင်းနိုင်ငံမှာမြန်မာရွေပြောင်းအလုပ်သမား ၃သန်းကနေ ၄သန်းလောက်ထိအလုပ်လာလုပ်နေကြပြီး အထောက်အထားလက်မှတ်ကိုင်ဆောင်ထားသူက သိန်းဂဏန်း လောက်ပဲရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG