သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာသိမ်းအစိုးရ ၂၀၁၈ မှာရွေးကောက်ပွဲကျင်းပဖို့ ကတိပြု


စစ်အာဏာသိမ်း ထားတာ ၄နှစ်ကြာလာခဲ့ပြီ ဖြစ်တဲ့ ထိုင်းစစ်အစိုးရက အထွေထွေ ရွေးကောက်ပွဲတွေကို ထိုင်းနိုင်ငံမှာ နောက်နှစ်ထဲကျရင် ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ်က မနေ့ကဘဲ ကြေညာခဲ့ပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို မနေ့ က ပြောခဲ့တာဖြစ်ပြီး ကျင်းပမယ့်ရက် အတိအကျကိုတော့ လာမယ့် ဇွန်လမှာ ထပ်ပြီးကြေညာမယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ဝန်ကြီးချုပ် ယင်းလခ် ရှင်နာဝပ် ရာထူးက ဖယ်ရှားခံခဲ့ရပြီး လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ခေါင်းဆောင်တဲ့ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းခဲ့တာပါ။

အဲဒီကာလက အကြမ်းဖက်တဲ့ ဆန္ဒပြမှုတွေနဲ့ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတွေ အပြင်းအထန် ရှိခဲ့ပါတယ်။ အခုတော့ ဝန်ကြီးချုပ်ဟောင်း ယင်းလခ်က အရှေ့အလယ်ပိုင်းဒေသ ဒူဘိုင်းမြို့မှာ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

XS
SM
MD
LG