သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck မျက်ကွယ်ထောင်ဒဏ် ၅နှစ် ချမှတ်ခံရ


ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck သြဂုတ်လ ၁ ရက်နေ့တုန်းက တရားရုံးလာစဉ်
ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck သြဂုတ်လ ၁ ရက်နေ့တုန်းက တရားရုံးလာစဉ်

စပါး ဝယ်ယူမှု အစီအစဉ်ကို ကိုင်တွယ်ဆောင်ရွက်တာမှာ ညံ့ဖျင်းခဲ့တာနဲ့ ဆက်စပ်ပြီး ပေါ့ပေါ့ဆဆ ဆောင်ရွက်မှု စွဲဆိုချက်နဲ့ ရာထူးက ဖယ်ရှားခံရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကို မျက်ကွယ်ထောင်ဒဏ် ၅ နှစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။

ကနဦး ကြားနာမှုတွေမှာ ဝန်ကြီးချုပ်ဟောင်း Yingluck တလကြာ ပျက်ကွက်ခဲ့ပြီးနောက်မှာ ထိုင်း တရားရုံးချုပ်က စီရင်ချက်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရှိရာ ဒူဘိုင်းကို ဝန်ကြီးချုပ်ဟောင်း ယင်းလတ် ထွက်ပြေးသွားတာလို့လည်း ယုံကြည်ထားကြတာပါ။

ဝန်ကြီးချုပ်တာဝန်ယူစဉ် ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဒေါ်လာ ထောင်ချီ ကုန်ကျတဲ့ စပါးဝယ်ယူရေး အစီအစဉ်ကို ကိုင်တွယ်ဆောင်ရွက်မှု မှားယွင်းခဲ့တယ် ဆိုပြီး မစ္စ ယင်းလတ် စွပ်စွဲခံခဲ့ရတာပါ။ ဒီအစီအစဉ် အရ ချို့တဲ့တဲ့ လယ်သမားတွေဆီကနေ စပါးကို ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးပြီး အစိုးရက ဝယ်ယူပြီးနောက်မှာ ဈေးတင်ပြီး ပြန်ရောင်းတာ ဖြစ်ပါတယ်။

ဒါပေမယ့် စပါးဝယ်ယူရေး အစီအစဉ်က မှန်းထားသလို ဖြစ်မလာဘဲ ဒေါ်လာ သန်း ၁ ထောင်ကျော် ဆုံးရှုံး၊ နောက် မရောင်းရဘဲ လှောင်ထားရဲ့ ဆန်လက်ကျန် ပမာဏကလည်း အများကြီး ရှိနေခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကတော့ စွဲချက်ကို ငြင်းဆိုပြီး ဒါက နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာလို့လည်း တုံ့ပြန်ပြောဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG