သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာလြတ္ရက္ေစ့ ျမန္မာေတြ ေကာ့ေသာင္းဘက္ ထပ္လႊဲေပး


ထုိင္းအစိုးရက ေအာက္တိုဘာ ၂၇၊ ၂၀၂၁ မွာ ျပန္လဲႊေပးခဲ့တဲ့ျမန္မာႏိုင္ငံသားမ်ား။ (Photo- FED)

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံ ေတာင္ပိုင္းျပည္နယ္ေတြမွာရွိတဲ့ အခ်ဳပ္ေထာင္အသီးသီးကေန လြတ္ရက္ေစ့လို႔ ျပန္လြတ္လာတဲ့ ျမန္မာႏိုင္ငံသား ၁၉၀ နီးပါးကုိ တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕ အာဏာပိုင္ေတြထံကို ေအာက္တိုဘာလ ၂၇ ရက္ ဗုဒၶဟူးေန႔မွာ ထိုင္းအစုိးရက ျပန္လည္လဲႊေျပာင္းေပးခဲ့ပါတယ္။ အခုလို လႊဲေျပာင္းျပန္ပို႔တဲ့အထဲမွာ အမ်ဳိးသမီးေတြလည္းပါဝင္ေၾကာင္း ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို့ထားပါတယ္။

ထိုင္းႏိုင္ငံမွာ ကုိဗစ္အေရးေပၚကာလအတြင္း လြတ္ရက္ေစ့ ျမန္မာေတြကို ျမန္မာႏိုင္ငံဘက္ လဲႊေျပာင္းေပးမႈ ၅ လ ၾကာေလာက္ရပ္နားေနခဲ့ၿပီး စက္တင္ဘာလမွာ ၁ ႀကိမ္၊ ေအာက္တုိဘာလမွာ ၂ ႀကိမ္ ထိုင္းအစိုးရက ျမန္မာဘက္ ျပန္လႊဲေျပာင္းေပးခဲ့ပါတယ္။

ေအာက္တိုဘာလအတြင္း ၁၀ ရက္ေန႔မွာတႀကိမ္၊ ေအာက္တုိဘာလ၂၇ ရက္ ဗုဒၶဟူးေန႔ကတႀကိမ္ ျပန္လည္လဲႊေျပာင္းေပးခဲ့တာပါ။ ဒီတႀကိမ္မွာ လြတ္ရက္ေစ့သူ အက်ဥ္းသား ၁၉၀ နီးပါး ပါဝင္တယ္လို႔ ျမန္မာႏိုင္ငံသားေတြကို ျပန္လည္လက္ခံခဲ့တဲ့ အဖဲြ႔ထဲမွာပါတဲ့ ထိုင္းအေျခစိုက္ ပညာေရးႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း (FED) ရဲ႕ ေကာ့ေသာင္းၿမိဳ ့ေ႐ႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ (MWRC) ရဲ႕တာဝန္ခံ ဦးမုိးေဝက အခုလို ေျပာျပပါတယ္။

"အက်ဥ္းသားအားလံုးေပါင္း ၁၈၉ ေယာက္။ အမ်ိဳးသမီးက ၂၃ ေယာက္ပဲ၊ က်န္တာ အမ်ိဳးသားေတြ။ အေၾကာင္းအမ်ိဳးမ်ိဳးေႀကာင့္ ဖမ္းဆီးခံရသူေတြပါတယ္။ ရေနာင္းအခ်ဳပ္ခန္းမွာျပီးခဲ့တဲ့ ၁၀ ရက္က လဲႊေျပာင္းတုန္းက လူကနည္းနည္းပဲက်န္တယ္။ ဒါေပမယ့္ အခုက ဒီရက္ပုိင္းမွာ မ်ားလာတယ္။ အလုပ္သမား ျပန္ဝင္တဲ့သူေတြ မ်ားေတာ့ ဖမ္းမိတယ္။ လြတ္ရက္ေစ့တယ္။ အဲဒါေတြ ျပန္လဲႊေျပာင္းလာတာျဖစ္တယ္။ အလုပ္သမားသံအရာရွိနဲ႔ ဌာနဆိုင္ရာေတြက က်ေနာ္တို႔ ေကာ့ေသာင္းကို ျပန္လႊဲေျပာင္းလာတာျဖစ္တယ္။"

ထိုင္းအစုိးရဘက္က လဲႊေျပာင္းေပးသူေတြထဲမွာ မူးယစ္ေဆးဝါးအမႈနဲ႔ ႏွစ္ရွည္ေထာင္ဒဏ္က်ခံခဲ့ရသူေတြ၊ လြန္ခဲ့တဲ့ ၄ လအတြင္း ထုိင္းႏို္င္ငံထဲကို တရားမဝင္ ဝင္လာႀကတဲ့ ေရႊေျပာင္း အလုပ္သမားေတြလည္းပါတယ္လို႔ ေျပာပါတယ္။

"အမ်ားအားျဖင့္ မူးယစ္ေဆးဝါးနဲ႔ ႏွစ္ရွည္ေထာင္ဒဏ္ က်ထားတဲ့သူေတြပါတယ္။ အလုပ္ရွင္ မတူတာေတြ ပါတယ္။ စာရြက္စာတမ္းမစံုသူေတြပါတယ္။ ခိုးဝင္တဲ့သူေတြပါလာတယ္။ မ်ားေသာအားျဖင့္ အက်ဥ္းေထာင္ထဲေနရသူ၂ လနဲ႔ ၄ လဝန္းက်င္ခ်ည္းပဲ။ စာရြက္စာတမ္းမစံုသူေတြ ပါတယ္။ ျပီးရင္ တျပည္နယ္နဲ့တျပည္နယ္ေက်ာ္ျပီးသြားတဲ့သူေတြပါတယ္။ ျပီးေတာ့မူးယစ္ေဆးဝါးနဲ့အမႈျဖစ္လို့ အဖမ္းခံရသူေတြပါတယ္။"

ထုိင္းႏိုင္ငံဘက္မွာ ဖမ္းဆီး ေထာင္ခ်ခံရၿပီး လြတ္လာတဲ့ ျမန္မာႏိုင္ငံသား ေထာင္နဲ႔ခ်ီကို အရင္ကတည္းက ထုိင္းဘက္က ျမန္မာႏိုင္ငံဘက္ ျပန္ပုိ႔ေပးေလ့႐ွိပါတယ္။ ဒါေပမဲ့ ကိုဗစ္ကပ္ေရာဂါ ျဖစ္ခ်ိန္ကစလို႔ ျမန္မာႏို္င္ငံဘက္မွာ လဲႊေျပာင္းလာသူေတြကိုလက္ခံမယ့္ ေစာင့္ၾကည့္ေရးစင္တာေတြ မလံုေလာက္တာေၾကာင့္ လဲႊေျပာင္းမႈေတြ ရပ္ေနရာက ၿပီးခဲ့တဲ့ စက္တင္ဘာကမွ ျပန္စႏုိင္ခဲ့တာပါ။ အခုလည္း ေကာ့ေသာင္းၿမိဳ႕ဘက္က လက္ခံႏိုင္တဲ့ အေရအတြက္ကိုသာျပန္လႊဲေျပာင္းေပးခဲ့တာျဖစ္တယ္လို႔ ဦးမုိးေဝကေျပာပါတယ္။

"မ်ားေသာအားျဖင့္ ရေနာင္းမွာဆိုရင္ လဝကအခ်ဳပ္မွာပါတယ္။ ျပီးမွ ရေနာင္း စုေဆာင္းေရးစခန္းကို ပုိ့တယ္။ စုေဆာင္းေရးစခန္းကေန ေကာ့ေသာင္းကိုပုိ့တယ္။ ေကာ့ေသာင္းကိုအရင္ေၾကာင္း(အေၾကာင္းၾကား) တယ္။ ေကာ့ေသာင္း ေစာင့္ၾကည့္ေရးစင္တာကလူျပည့္ေနရင္ လက္မခံေသးဘူး။ ထားဖို႔ေနရာကအမ်ားႀကီးမရိွေသးတာေၾကာင့္ခင္ဗ်။"

ျမန္မာႏိုင္ငံဘက္က ျပန္လည္ လက္မခံႏိုင္ေသးရင္ အဲဒီသူေတြ လြတ္ရက္ေစ့ေပမဲ့ ထုိင္းအခ်ဳပ္ေတြထဲမွာ ဆက္ၿပီးေနေနၾကရပါတယ္။

ထုိ္င္းႏိုင္ငံမွာ ကိုဗစ္အေရးေပၚကာလအတြင္း နယ္စပ္ေတြပိတ္ထားေပမဲ့ ျပန္လြတ္လာတဲ့ ျမန္မာႏိုင္ငံသားေတြကုိ နယ္စပ္ေတြကေန ျမန္မာႏိုင္ငံဘက္ ျပန္လည္ပို႔ေဆာင္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


============

{{Unicode}}

ထိုင်းမှာလွတ်ရက်စေ့ မြန်မာတွေ ကော့သောင်းဘက် ထပ်လွှဲပေး

ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ အချုပ်ထောင်အသီးသီးကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၁၉၀ နီးပါးကို တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ အာဏာပိုင်တွေထံကို အောက်တိုဘာလ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ ထိုင်းအစိုးရက ပြန်လည်လွဲှပြောင်းပေးခဲ့ပါတယ်။ အခုလို လွှဲပြောင်းပြန်ပို့တဲ့အထဲမှာ အမျိုးသမီးတွေလည်းပါဝင်ကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အရေးပေါ်ကာလအတွင်း လွတ်ရက်စေ့ မြန်မာတွေကို မြန်မာနိုင်ငံဘက် လွဲှပြောင်းပေးမှု ၅ လ ကြာလောက်ရပ်နားနေခဲ့ပြီး စက်တင်ဘာလမှာ ၁ ကြိမ်၊ အောက်တိုဘာလမှာ ၂ ကြိမ် ထိုင်းအစိုးရက မြန်မာဘက် ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

အောက်တိုဘာလအတွင်း ၁၀ ရက်နေ့မှာတကြိမ်၊ အောက်တိုဘာလ၂၇ ရက် ဗုဒ္ဓဟူးနေ့ကတကြိမ် ပြန်လည်လွဲှပြောင်းပေးခဲ့တာပါ။ ဒီတကြိမ်မှာ လွတ်ရက်စေ့သူ အကျဉ်းသား ၁၉၀ နီးပါး ပါဝင်တယ်လို့ မြန်မာနိုင်ငံသားတွေကို ပြန်လည်လက်ခံခဲ့တဲ့ အဖွဲ့ထဲမှာပါတဲ့ ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ ကော့သောင်းမြို့ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ (MWRC) ရဲ့တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပြပါတယ်။

"အကျဉ်းသားအားလုံးပေါင်း ၁၈၉ ယောက်။ အမျိုးသမီးက ၂၃ ယောက်ပဲ၊ ကျန်တာ အမျိုးသားတွေ။ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူတွေပါတယ်။ ရနောင်းအချုပ်ခန်းမှာပြီးခဲ့တဲ့ ၁၀ ရက်က လွဲှပြောင်းတုန်းက လူကနည်းနည်းပဲကျန်တယ်။ ဒါပေမယ့် အခုက ဒီရက်ပိုင်းမှာ များလာတယ်။ အလုပ်သမား ပြန်ဝင်တဲ့သူတွေ များတော့ ဖမ်းမိတယ်။ လွတ်ရက်စေ့တယ်။ အဲဒါတွေ ပြန်လွဲှပြောင်းလာတာဖြစ်တယ်။ အလုပ်သမားသံအရာရှိနဲ့ ဌာနဆိုင်ရာတွေက ကျနော်တို့ ကော့သောင်းကို ပြန်လွှဲပြောင်းလာတာဖြစ်တယ်။"

ထိုင်းအစိုးရဘက်က လွဲှပြောင်းပေးသူတွေထဲမှာ မူးယစ်ဆေးဝါးအမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူတွေ၊ လွန်ခဲ့တဲ့ ၄ လအတွင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာကြတဲ့ ရွှေပြောင်း အလုပ်သမားတွေလည်းပါတယ်လို့ ပြောပါတယ်။

"အများအားဖြင့် မူးယစ်ဆေးဝါးနဲ့ နှစ်ရှည်ထောင်ဒဏ် ကျထားတဲ့သူတွေပါတယ်။ အလုပ်ရှင် မတူတာတွေ ပါတယ်။ စာရွက်စာတမ်းမစုံသူတွေပါတယ်။ ခိုးဝင်တဲ့သူတွေပါလာတယ်။ များသောအားဖြင့် အကျဉ်းထောင်ထဲနေရသူ၂ လနဲ့ ၄ လဝန်းကျင်ချည်းပဲ။ စာရွက်စာတမ်းမစုံသူတွေ ပါတယ်။ ပြီးရင် တပြည်နယ်နဲ့တပြည်နယ်ကျော်ပြီးသွားတဲ့သူတွေပါတယ်။ ပြီးတော့မူးယစ်ဆေးဝါးနဲ့အမှုဖြစ်လို့ အဖမ်းခံရသူတွေပါတယ်။"

ထိုင်းနိုင်ငံဘက်မှာ ဖမ်းဆီး ထောင်ချခံရပြီး လွတ်လာတဲ့ မြန်မာနိုင်ငံသား ထောင်နဲ့ချီကို အရင်ကတည်းက ထိုင်းဘက်က မြန်မာနိုင်ငံဘက် ပြန်ပို့ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါ ဖြစ်ချိန်ကစလို့ မြန်မာနိုင်ငံဘက်မှာ လွဲှပြောင်းလာသူတွေကိုလက်ခံမယ့် စောင့်ကြည့်ရေးစင်တာတွေ မလုံလောက်တာကြောင့် လွဲှပြောင်းမှုတွေ ရပ်နေရာက ပြီးခဲ့တဲ့ စက်တင်ဘာကမှ ပြန်စနိုင်ခဲ့တာပါ။ အခုလည်း ကော့သောင်းမြို့ဘက်က လက်ခံနိုင်တဲ့ အရေအတွက်ကိုသာပြန်လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ ဦးမိုးဝေကပြောပါတယ်။

"များသောအားဖြင့် ရနောင်းမှာဆိုရင် လဝကအချုပ်မှာပါတယ်။ ပြီးမှ ရနောင်း စုဆောင်းရေးစခန်းကို ပို့တယ်။ စုဆောင်းရေးစခန်းကနေ ကော့သောင်းကိုပို့တယ်။ ကော့သောင်းကိုအရင်ကြောင်း(အကြောင်းကြား) တယ်။ ကော့သောင်း စောင့်ကြည့်ရေးစင်တာကလူပြည့်နေရင် လက်မခံသေးဘူး။ ထားဖို့နေရာကအများကြီးမရှိသေးတာကြောင့်ခင်ဗျ။"

မြန်မာနိုင်ငံဘက်က ပြန်လည် လက်မခံနိုင်သေးရင် အဲဒီသူတွေ လွတ်ရက်စေ့ပေမဲ့ ထိုင်းအချုပ်တွေထဲမှာ ဆက်ပြီးနေနေကြရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အရေးပေါ်ကာလအတွင်း နယ်စပ်တွေပိတ်ထားပေမဲ့ ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကို နယ်စပ်တွေကနေ မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်နေတာဖြစ်ပါတယ်။

#ThailandMigrants #MyanmarMigrants #AyeAyeMar #voaburmese #ရွှေ့ပြောင်းလုပ်သား #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း

=================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG