သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ လူေမွာင္ခိုခံရသူ ထိုင္းအမ်ဳိးသမီး ၅ ဦးကို ကယ္တင္ 


ျမန္မာႏိုင္ငံမွာ လူေမွာင္ခိုခံရသူ ထိုင္းအမ်ဳိးသမီး ၅ ဦးကို ကယ္တင္

ျမန္မာနိုင္ငံအတြင္း ျပည့္တန္ဆာအျဖစ္ လူကုန္ကူးဂိုဏ္းေတြက အတင္းအၾကပ္ ေစခိုင္းခံေနရတဲ့ ထိုင္းနိုင္ငံသူ ၅ေယာက္ကို ကယ္ဆယ္ခဲ့ျပီး ျပန္လည္လဲႊ ေျပာင္းေပးခဲ့ပါတယ္ ။ ဒီသတင္းကုိ ဗြီအုိေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

ျမန္မာႏိုင္ငံမွာ လူေမွာင္ခိုခံရသူ ထိုင္းအမ်ဳိးသမီး ၅ ဦးကို ကယ္တင္

{{Zawgyi/Unicode}}
ျမန္မာနိုင္ငံအတြင္း ျပည့္တန္ဆာအျဖစ္ လူကုန္ကူးဂိုဏ္းေတြက အတင္းအၾကပ္ ေစခိုင္းခံေနရတဲ့ ထိုင္းနိုင္ငံသူ ၅ေယာက္ကို ထုိင္း ၊ ျမန္မာ ႏွစ္ႏိုင္ငံအစုိးရေတြက ကယ္ဆယ္ခဲ့ျပီး ထုိင္းျမန္မာနယ္စပ္ ျမန္မာႏိုင္ငံ တာခ်ီလိပ္ျမိဳ႔ ကေနတဆင့္ ထုိင္းႏိုင္ငံ မဲဆိုင္ျမိဳ႔ကို ႏို၀င္ဘာလ၂၇ရက္ေန႔က ျပန္လည္လဲႊ ေျပာင္းေပးခဲ့ပါတယ္ ။ ဒီသတင္းကုိ ဗြီအုိေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

ျမန္မာနိုင္ငံအတြင္းက "၀" ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ လူကုန္ကူးသူေတြက ထုိင္းႏိုင္ငံသူ ၅ဦးကို ျပည့္တန္ဆာအျဖစ္ ေရာင္းစာခဲ့တယ္လို႔ဆိုပါတယ္။ ၀င္ေငြေကာင္းတဲ့အလုပ္ေတြ လုပ္ရမယ္လို႔ လူကုန္ကူးသူေတြက မက္လံုးေပး ေခၚေဆာင္သြားျပီး အဲဒီနယ္ေျမအေရာက္မွာေတာ့ မိန္းခေလးေတြ အလိုမတူပဲ ျပည့္တန္ဆာေတြအျဖစ္ ေစခိုင္းခံရတယ္လို႔ဆုိပါတယ္ ။ ဒီထဲက အမ်ိဳသမီးေတြဟာ ထိုင္းအမ်ိဳးသမီး အခြင့္အေရးအဖြဲ႔ က ေခါင္းေဆာင္ "ပ၀ီနာ" ကို ဆက္သြယ္ျပီး သူတို႔ကို ကယ္တင္ေပးဖို ႔ေတာင္းဆိုခဲ့ရာက ထိုင္းအစိုးရက ျမန္မာအာဏာပိုင္ေတြနဲ႔ ညိွႏိႈင္းျပီး မိန္းခေလး ၅ ဦးကို ကယ္ထုတ္ဖို႔ စီစဥ္ေဆာင္ရြက္ ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ကယ္ထုတ္နိုင္ခဲ့တဲ့ ထုိင္းနိုင္ငံသူ ၅ ဦးထဲက ၃ ဦးကုိေတာ့ ႏို၀င္ဘာလ၂၇ ရက္ေန႔ မနက္မွာ ျမန္မာဘက္ တာခ်ီလိတ္ၿမိဳ႕နယ္ အာဏာပိုင္ေတြက မဲဆိုင္ အုုပ္ခ်ဳပ္ေရး အာဏာပိုင္ေတြထံကို တရား၀င္ လဲႊေျပာင္းေပးခဲ့တယ္လို႔ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ကူညီေရးအဖဲြ႔ ဥကၠဌ "ပ၀ီနာ ဟုန္စကူးလ္
" က သတင္းေထာက္ေတြကို ထိုင္းဘာသာနဲ႔ အခုလို ေျပာသြားပါတယ္။

" က်မတို႔ ႏို္င္ငံသားေတြကို ကယ္ဆယ္ဖို႔ အတြက္ အစုိးရ အာဏာပိုင္ေတြထံကို ေတာင္းဆုိခဲ့ပါတယ္ ။ သူတို႔က ျမန္မာအစိုးရရဲ႔ တည္ဆဲဥပေဒနဲ႔ ၿငိစြန္းေနတာေႀကာင့္ လ၀က ဥပေဒနဲ႔ စီရင္ျပီးမွ အခုလိုျပန္ပို႔ႏိုင္ခဲ့တာပါ"

နယ္စပ္မွာရွိတဲ့ ထိုင္းနိုင္ငံသားေတြအေနနဲ႔ လူကုန္ကူးသူေတြက ဘယ္လို လစာေကာင္းတယ္၊ ဘယ္ေလာက္ေပးမယ္ဆုိျပီး မက္လုံးေပးၿပီး တဘက္နိုင္ငံမွာ အလုပ္ရမယ္လို႔ ေျပာလာရင္ အခုလို လူေမွာင္ခိုဂိုဏ္းေတြက ေရာင္းစားတာကို မခံရဖို႔ သတိႀကီးစြ ာထားရပါမယ္ဆုိျပီး ေျပာသြားတာပါ ။
ထိုင္းနိုင္ငံသူေတြရဲ႔ ၀န္ခံ ထြက္ဆိုခ်က္အရ သူတို႔ဟာ " ၀" ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ျပည့္တန္ဆာအျဖစ္ အတင္းအၾကပ္ ခိုင္းေစတာခံရျပီး မလုပ္နိုင္ေၾကာင္း ျငင္းဆိုရင္ ရိုက္ႏွက္တာေတြခံရေႀကာင္း သူတုိ႔ကို မူးယစ္ေဆး၀ါးသံုးစဲြခိုင္းျပီး လူကုန္ကူးသမားေတြ ခိုင္းတာကို လုပ္ခဲ့ရတယ္လို႔ ေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕ နဲ႔ ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕ တို႔မွာေတာ့ ေလာင္းကစားရံုေတြ ကာစီႏိုရံုေတြရွိျပီး ထုိင္းႏိုင္ငံသားေတြ လည္း အမ်ားအျပား အလုပ္သြားလုပ္ေနႀကတာျဖစ္ပါတယ္ ။ တခ်ိဳ႔ကေတာ့ ျမ၀တီဘက္က ကာစီႏိုရံုေတြမွာ အတင္းအႀကပ္ ေစခိုင္းခံရေနရျပီး ေနရပ္ျပန္လုိ႔ မရတာေႀကာင့္ အကူညီေတာင္းတာေတြလည္း ရွိေနပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

......................................................

မြန်မာနိုင်ငံမှာ လူမှောင်ခိုခံရသူ ထိုင်းအမျိုးသမီး ၅ ဦးကို ကယ်တင်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံအတွင်း ပြည့်တန်ဆာအဖြစ် လူကုန်ကူးဂိုဏ်းတွေက အတင်းအကြပ် စေခိုင်းခံနေရတဲ့ ထိုင်းနိုင်ငံသူ ၅ယောက်ကို ထိုင်း ၊ မြန်မာ နှစ်နိုင်ငံအစိုးရတွေက ကယ်ဆယ်ခဲ့ပြီး ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံ တာချီလိပ်မြို့ ကနေတဆင့် ထိုင်းနိုင်ငံ မဲဆိုင်မြို့ကို နိုဝင်ဘာလ၂၇ရက်နေ့က ပြန်လည်လွဲှ ပြောင်းပေးခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံအတွင်းက "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူကုန်ကူးသူတွေက ထိုင်းနိုင်ငံသူ ၅ဦးကို ပြည့်တန်ဆာအဖြစ် ရောင်းစာခဲ့တယ်လို့ဆိုပါတယ်။ ဝင်ငွေကောင်းတဲ့အလုပ်တွေ လုပ်ရမယ်လို့ လူကုန်ကူးသူတွေက မက်လုံးပေး ခေါ်ဆောင်သွားပြီး အဲဒီနယ်မြေအရောက်မှာတော့ မိန်းခလေးတွေ အလိုမတူပဲ ပြည့်တန်ဆာတွေအဖြစ် စေခိုင်းခံရတယ်လို့ဆိုပါတယ် ။ ဒီထဲက အမျိုသမီးတွေဟာ ထိုင်းအမျိုးသမီး အခွင့်အရေးအဖွဲ့ က ခေါင်းဆောင် "ပဝီနာ" ကို ဆက်သွယ်ပြီး သူတို့ကို ကယ်တင်ပေးဖို့တောင်းဆိုခဲ့ရာက ထိုင်းအစိုးရက မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး မိန်းခလေး ၅ ဦးကို ကယ်ထုတ်ဖို့ စီစဉ်ဆောင်ရွက် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ ထိုင်းနိုင်ငံသူ ၅ ဦးထဲက ၃ ဦးကိုတော့ နိုဝင်ဘာလ၂၇ ရက်နေ့ မနက်မှာ မြန်မာဘက် တာချီလိတ်မြို့နယ် အာဏာပိုင်တွေက မဲဆိုင် အုပ်ချုပ်ရေး အာဏာပိုင်တွေထံကို တရားဝင် လွဲှပြောင်းပေးခဲ့တယ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ်ကူညီရေးအဖွဲ့ ဥက္ကဌ "ပဝီနာ ဟုန်စကူးလ်
" က သတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

" ကျမတို့ နိုင်ငံသားတွေကို ကယ်ဆယ်ဖို့ အတွက် အစိုးရ အာဏာပိုင်တွေထံကို တောင်းဆိုခဲ့ပါတယ် ။ သူတို့က မြန်မာအစိုးရရဲ့ တည်ဆဲဥပဒေနဲ့ ငြိစွန်းနေတာကြောင့် လဝက ဥပဒေနဲ့ စီရင်ပြီးမှ အခုလိုပြန်ပို့နိုင်ခဲ့တာပါ"

နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ လူကုန်ကူးသူတွေက ဘယ်လို လစာကောင်းတယ်၊ ဘယ်လောက်ပေးမယ်ဆိုပြီး မက်လုံးပေးပြီး တဘက်နိုင်ငံမှာ အလုပ်ရမယ်လို့ ပြောလာရင် အခုလို လူမှောင်ခိုဂိုဏ်းတွေက ရောင်းစားတာကို မခံရဖို့ သတိကြီးစွ ာထားရပါမယ်ဆိုပြီး ပြောသွားတာပါ ။
ထိုင်းနိုင်ငံသူတွေရဲ့ ဝန်ခံ ထွက်ဆိုချက်အရ သူတို့ဟာ " ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြည့်တန်ဆာအဖြစ် အတင်းအကြပ် ခိုင်းစေတာခံရပြီး မလုပ်နိုင်ကြောင်း ငြင်းဆိုရင် ရိုက်နှက်တာတွေခံရကြောင်း သူတို့ကို မူးယစ်ဆေးဝါးသုံးစွဲခိုင်းပြီး လူကုန်ကူးသမားတွေ ခိုင်းတာကို လုပ်ခဲ့ရတယ်လို့ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့ နဲ့ ကရင်ပြည်နယ် မြဝတီမြို့ တို့မှာတော့ လောင်းကစားရုံတွေ ကာစီနိုရုံတွေရှိပြီး ထိုင်းနိုင်ငံသားတွေ လည်း အများအပြား အလုပ်သွားလုပ်နေကြတာဖြစ်ပါတယ် ။ တချို့ကတော့ မြဝတီဘက်က ကာစီနိုရုံတွေမှာ အတင်းအကြပ် စေခိုင်းခံရနေရပြီး နေရပ်ပြန်လို့ မရတာကြောင့် အကူညီတောင်းတာတွေလည်း ရှိနေပါတယ် ။

XS
SM
MD
LG