သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသား တရာကျော် ထိုင်းအာဏာပိုင်တွေလွှဲပြောင်း


ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့်ပြန်ပို့ပေးစဥ်။​(ဓာတ်ပုံ-ရနောင်းလဝက)
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့်ပြန်ပို့ပေးစဥ်။​(ဓာတ်ပုံ-ရနောင်းလဝက)

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့် ပြန်ပို့ခဲ့ပါတယ်။ အများစုကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေ၊ လူပွဲစားတွေနဲ့လာကြသူတွေ၊ အကျဉ်းထောင်မှာနှစ်ရှည်အကျဉ်းကျခံပြီးသူတွေ ဖြစ်ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို ပြန်ပို့ခဲ့ကြောင်း ကော့သောင်းမြို့ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

" အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူက ၁၀ ရက်နေ့မှာ ပို့တာ ၁၂၀ ဦးရှိတယ်။ အမျိုးသမီးက ၂၇ ဦး၊ အားလုံး ၁၂၀ ကို ဒီဘက် ကော့သောင်းကိုပို့လာတယ်။ နေ့လည် ၁၂ နာရီမှာ ပို့လာတယ်။ ဒီလထဲမှာ ၃ ကြိမ်လောက် ပို့ဖို့ရှိတယ်။ ဒီဘက် ကော့သောင်းဘက်က လက်ခံတယ်။ ကိုဗစ်စစ်ဆေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်တယ်။ နိုင်ငံသားစိစစ်တယ်။ ပြီးတော့ နေရပ်ကိုပြန်နိုင်အောင် ဆောင်ရွက်ပေးကြတယ်။"

ထိုင်းဘက်ခြမ်းက လူဝင်မှုကြီးကြပ်ရေးအချုပ်တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်ကြပ်နေပြီး လွက်ရက်စေ့ပေမယ့် နေရပ်ပြန်ပို့ မခံရသေးတဲ့သူတွေလည်း အများအပြား ရှိနေတာပါ။ သူတို့တွေမှာ အကျဉ်းကျပြီးတဲ့အပြင် လဝကအချုပ်မှာကြန့်ကြာနေတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

"အများအားဖြင့်က ၄၅ ရက်လောက်ကြာတယ်။ တူတော့မတူဘူး။ အခုလာတဲ့သူတွေကတော့ ၂ လခွဲနဲ့ ၃ လခွဲအထိ ထိုင်းလဝကမှာ နေခဲ့ရသူတွေပါတယ်။ဖမ်းမိတဲ့အုပ်စုထဲမှာ ထောင်ကလွတ်တာတော့ နှစ်ယောက်ပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။ အရင်က အမှုကြီးကျတဲ့သူတွေပါ။ ကျန်တဲ့သူတွေက အောက်လမ်းတွေကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ပတ်သက်လို့ အဖမ်းခံရသူတွေ၊ စာရွက်စာတမ်းတွေက အလုပ်နေရာ အလုပ်ရှင်မတူတဲ့သူတွေပါတယ်။ ခရိုင်စုံပဲ။ ဖူးခက်၊ ဖန်င၊ ဆူရာတ်ဌာန၊ ကပီ၊ ဟတ်ရိုင်၊ နာရာသီဝ ဆုံခလာ နယ်စပ်တွေလည်းပါတယ်။ ဒီဘက်က ဂိတ်ကလွတ်ပြီး ဟိုဘက် မလေးရှားဘက်အဝင်မှာ ဖမ်းမိသူတွေပါတယ်။ အများအားဖြင့် တနင်္သာရီတိုင်း၊ ထားဝယ်၊ မွန်ပြည်နယ်၊ ရခိုင်ဘက်ကလည်းပါတယ်။"

ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်၊ မြဝတီ၊ မဲဆိုင်၊ တာချီလိတ်၊ ရနောင်း၊ ကော့သောင်းလမ်းတွေကနေပြန်လည် လွှဲပြောင်းပေးလေ့ ရှိပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ နယ်စပ်လမ်းတွေ တံတားတွေပိတ်ထားတဲ့အတွက် ပြည်နှစ်ဒဏ်ပေးတဲ့သူတွေကို အကန့်အသတ်နဲ့သာ ပြန်ပို့ခဲ့ပါတယ်။

ဒီထဲမှာတော့ မဲဆောက်-မြဝတီ ချစ်ကြည်တံတား အမှတ်(၂) ကနေ ပြည်နှင်ဒဏ်ပေးသူတွေကို အများဆုံးလွှဲပြောင်းပေးတာဖြစ်ပြီး ရနောင်း -ကော့သောင်း - ရေလမ်းကတော့ ကော့သောင်းမြို့က စောင့်ကြည့်ရေးစင်တာမှာ လက်ခံနိုင်တဲ့ လူဦးရေပမာဏကို ကြည့်ပြီး ထိုင်းဘက်ကနေ တလမှာ နှစ်ကြိမ်ခန့် လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG