သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုသူတွေထံက စိတ်ကြွဆေး ၆ သန်း ထိုင်းစစ်တပ်ဖမ်းဆီးမိ


ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ပြသနေသည့် မှတ်တမ်းပုံ (ယခင်ပုံဟောင်း၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၃)
ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ပြသနေသည့် မှတ်တမ်းပုံ (ယခင်ပုံဟောင်း၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၃)

ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Dao ခရိုင်ထဲမှာ ထိုင်းစစ်သားတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတွေ အကြား စနေနေ့က ခဏတာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မ မီသိုင်း အမ်ဖာတမင်း စိတ်ကြွ ဆေးပြား ၆ သန်း သိမ်းဆည်းရမိတဲ့အကြောင်း ထိုင်း စစ်တပ်က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၀ (မိုင် အားဖြင့် ၁၂ မိုင်ကျော်) ဝေးတဲ့နေရာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသယ်လာတဲ့သူတွေက အိတ်တလုံးဆီမှာ ဆေးပြား နှစ်သိန်းလောက်ပါတဲ့ အိတ်ပေါင်း ၃၀ လောက်ကို အနီးနား မီတာသုံးရာ ဝန်းကျင်လောက်မှာ ထားပြီးထွက်ပြေးသွားခဲ့တာလို့ ထိုင်းစစ်တပ် အရာရှိတွေ ပြောတာကို ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။ ၁၀ မိနစ်လောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး မူးယစ်ဆေးသယ်လာတဲ့ သူတွေ ထွက်ပြေးသွားကြတဲ့အကြောင်းနဲ့ ထိုင်းစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိတဲ့အကြောင်းလည်း သတင်းမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ ရွှေတြိဂံဒေသဟာ ဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် မူးယစ်ဆေး ထုတ်လုပ်သူတွေနဲ့ သယ်ယူရောင်းဝယ်သူတွေ အခွင့်ကောင်းယူတဲ့နေရာတခု ဖြစ်သလို၊ အရှေ့အာရှနဲ့ အရှေ့တောင် အာရှမှာ methamphetamine နဲ့ တခြား ဆေးဝါးတွေ ပြီးခဲ့တဲ့နှစ်က အများဆုံး ထုတ်လုပ်နေတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ UNODC မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ဒီဒေသဟာ စိတ်ကြွဆေးပြား ထုတ်လုပ်ရာ အဓိကနေရာဖြစ်လာပြီး မူးယစ်ဆေးဝါးကြောင့် ဒေသတွင်း တရားမဝင် စီးပွားရေး ပမာဏဟာ တနှစ်ကို ဒေါ်လာဘီလျံ ၈၀ လောက်အထိ ရှိတဲ့အကြောင်း UNODC က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG