သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလုံခြုံရေးတပ် ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား ၃၀၀,၀၀၀ ဖမ်းဆီး


ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်အတွင်း ဒွိုင်စန်တောင်တန်းမှာ မြန်မာဘက်က မူးယစ်ဆေးဝါးသယ်လာတဲ့လက်နက်ကိုင်အဖွဲ့နဲ့ ထိုင်းရိန်းဂျားတပ်ဖွဲ့တို့ ပစ်ခတ်မှုအပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးများ။ (ဓာတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်)
ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်အတွင်း ဒွိုင်စန်တောင်တန်းမှာ မြန်မာဘက်က မူးယစ်ဆေးဝါးသယ်လာတဲ့လက်နက်ကိုင်အဖွဲ့နဲ့ ထိုင်းရိန်းဂျားတပ်ဖွဲ့တို့ ပစ်ခတ်မှုအပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးများ။ (ဓာတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်)

ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်အတွင်း မြန်မာနယ်စပ်နဲ့ တကီလိုသာကွာ‌တဲ့ ဒွိုင်စန်တောင်တန်းမှာ မြန်မာဘက်က မူးယစ်ဆေးဝါးတွေသယ်လာတဲ့လက်နက်ကိုင်တွေနဲ့ ထိုင်းအမှတ် ၃၂၀၇ ရိမ်းဂျားတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၃ သိန်းဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့တကီလိုလောက်ပဲကွာတဲ့ ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ထဲမှာ မြန်မာဘက်ကနေလာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းအမှတ် ၃၂၀၇ တပ်တို့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာ စိတ်ကြွဆေးသယ်ဆောင်လာတဲ့ လက်နက်ကိုင်တွေက ပြန်လည်ဆုတ်ခွာသွားခဲ့ ကြကြောင်း၊ သေနတ်နှစ်လက်နဲ့အတူ စိတ်ကြွပြားသုံးသိန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်ကထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုအတွင်း မူးယစ်မှောင်ခိုသမားတွေဟာ ဒဏ်ရာရပြီး ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာကို အမှတ် ၃ စစ်ဒေသက ထိုင်းဗိုလ်မှူး Colonel Maitri Srisanthia (မိုက်သရီ စီစန်သီ) နဲ့ အဖွဲ့ဝင်တွေ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာမှာ Colonel Maitri က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

"ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်နဲ့ချင်းမိုင်ခရိုင်တွေထဲမှာ တနှစ်အတွင်း စိတ်ကြွဆေးပြား သန်းပေါင်း ၁၂၀ ကျော်နဲ့ ဘိန်းဖြူ ၂၅၆ ကီလို၊ Ice မူးယစ်ဆေး တတန်ကျော် (၁၂၄၈) ကီလိုဂရမ်နဲ့ ဖမ်းမိမူးယစ်ဆေးတွေရဲ့ ကာလတန်ဘိုးကတော့ ဘတ်သန်းပေါင်း ၁၉,၀၀၀ (တသောင်းကိုးထောင်) ကျော် ဖိုးလောက်ဖမ်းမိခဲ့တယ်လို့ ပြောသွားခဲ့တာပါ၊

ထိုင်း-မြန်မာနယ်စပ်မှာ ၂၀၂၃ အောက်တိုဘာကနေ ၂၀၂၄ ခုနှစ်‌ မေလအထိ ၈ လအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အမှုအခင်းပေါင်း ၂၁၈ ကြိမ်ရှိခဲ့ပြီး မူးယစ်သယ်ဆောင်သူ ၂၉၁ ဦးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း နယ်ခြားစောင့်တပ်တွေနဲ့ မူးယစ်လက်နက်ကိုင်တွေကြား တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့ရာမှာ မူးယစ်မှောင်ခိုသမားလက်နက်ကိုင် ၂၉ ဦးကိုတော့ ပစ်ခတ်မှုတွေအတွင်း အသေဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုသွားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG