သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ ဇန်နဝါရီလအတွင်း မူးယစ်ဆေး စံချိန်တင်ဖမ်းမိ


ထိုင်းမူးယစ်ဆေးထိန်းချုပ်ရေးရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လက်ဖက်ခြောက်အိတ်တွေထဲထည့်ဝှက်ထားတဲ့ မက်သာဖယ်ဒမင်းဆေးများကိုတွေ့ရစဉ် (ဇန်နဝါရီ ၂၄၊ ၂၀၂၃)
ထိုင်းမူးယစ်ဆေးထိန်းချုပ်ရေးရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လက်ဖက်ခြောက်အိတ်တွေထဲထည့်ဝှက်ထားတဲ့ မက်သာဖယ်ဒမင်းဆေးများကိုတွေ့ရစဉ် (ဇန်နဝါရီ ၂၄၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနဲ့ တခြားနိုင်ငံတွေကို ပို့ဖို့ စီစဉ်ထားတဲ့ Methamphetamine မူးယစ်ဆေးဝါး တတန်ကျော်ကို ဇန်နဝါရီလ အစောပိုင်းတုန်းက နေရာ ၃ ခုကနေ သီးခြားဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

၁.၁၄၅ တန်ရှိတဲ့ Crystal meth နဲ့ Ice မူးယစ်ဆေး တွေကို လက်ဖက်ရည်နဲ့ ကော်ဖီထုပ်တွေထဲထည့်ပြီး မော်တော်ယာဉ်ရဲ့ လျှို့ ဝှက်နေရာတွေမှာဖွက်ထားတာကို ရဲကရှာတွေ့ခဲ့တာပါ။ ဒီမူးယစ်ဆေးတွေကို နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတို့ကနေ တဆင့် နယ်စပ်ဒေသတွေကို ပို့ဆောင်ဖို့ သယ်လာတဲ့ အချိန်မှာဖမ်းမိခဲ့တာလို့ မူးယစ်နှိမ်နင်းရေးဗျူရို သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ကြားဖြတ်ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ဈေးကွက်တန်ဖိုးကို ဖော်ပြဖို့တော့ ရဲတပ်ဖွဲ့က ငြင်းဆိုပါတယ်။

ဒီကိစ္စနဲ့ ဆက်စပ် သံသယရှိသူ ၆ ဦးကို ဖမ်းဆီးထားပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အခြားတရားခံတွေကို ရှာဖွေဖို့ ဆက်ပြီးလုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မူးယစ်ဆေးဝါးတွေကို အဆင့်မြင့်နည်းပညာတွေသုံး ထုတ်လုပ်လာကြတာကြောင့် တားဆီးနိုင်ဖို့ အစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့လည်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အကြီးအကဲ Prachub Wongsuk ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]





XS
SM
MD
LG