သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူးယစ္ေဆးဝါး အေျမာက္အမ်ား ထိုင္းႏိုင္ငံမွာ ဖမ္းဆီးမိ 


မူးယစ္ေဆးဝါး အေျမာက္အမ်ား ထိုင္းႏိုင္ငံမွာ ဖမ္းဆီးမိ

ခရစ္စမတ္ကာလအတြင္း ထိုင္း ၊ ျမန္မာနယ္စပ္ မူးယစ္ေဆး၀ါး သယ္ေဆာင္လမ္းေၾကာင္းေတြကို ပိတ္ဆို႔ ဖမ္းဆီးခဲ့ရာမွာ စိတ္ႀကြေဆးျပား ၁၆သန္းေက်ာ္ နဲ႔ Ice မူးယစ္ေဆး ကီလို ၇၀၀ ေလာက္ ဖမ္းမိခဲ့တယ္လို႔ ထုိင္းမူးယစ္ႏွိမ္နင္းေရးဗ်ဴရို က သတင္းစာရွင္းလင္းပဲြလုပ္ခဲ့ပါတယ္ ။ ဒီသတင္းကို မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္ ။

မူးယစ္ေဆးဝါး အေျမာက္အမ်ား ထိုင္းႏိုင္ငံမွာ ဖမ္းဆီးမိ

{{Zawgyi/Unicode}}

ခရစ္စမတ္ကာလအတြင္း ထိုင္း ၊ ျမန္မာနယ္စပ္ ခ်င္းရိုင္ျပည္နယ္ကေန ဆက္တိုက္ ၀င္ေရာက္လာေနတဲ့ မူးယစ္ေဆး၀ါး သယ္ေဆာင္လမ္းေၾကာင္းေတြကို ပိတ္ဆို႔ ဖမ္းဆီးခဲ့ရာမွာ ဒီဇင္ဘာလ၂၂ရက္ေန႔ နဲ႔ ၂၃ရက္ေန႔ေတြမွာ ႏွစ္ရက္ဆက္တိုက္ စိတ္ႀကြေဆးျပားအလံုး ၁၆သန္းေက်ာ္ နဲ႔ Ice မူးယစ္ေဆး ကီလို ၇၀၀ ေလာက္ ဖမ္းမိခဲ့တယ္လို႔ ထုိင္းမူးယစ္ႏွိမ္နင္းေရးဗ်ဴရို က သတင္းစာရွင္းလင္းပဲြလုပ္ခဲ့ပါတယ္ ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္ ။

ထိုင္းနိုင္ငံ မူးယစ္ႏိုမ္နင္းေရးဗ်ဴရို က ဒီဇင္ဘာလ ၂၅ရက္ေန႔ လုပ္ခဲ့တဲ့ သတင္းစာရွင္းပြဲမွာ Pol. Gen. Damrongsak Kittipraphat ရဲခ်ဳပ္ ဒန္လံုဆပ္ ကစ္တီပရာဖတ္ က ခရစ္စမတ္ကာလမွာ မူးယစ္ေဆး၀ါးေတြ အမ်ားအျပား ဖမ္းဆီးမိတဲ့အေႀကာင္း သတင္းစာရွင္းလင္းပဲြလုပ္ခဲ့တာပါ၊

ထိုင္း၊ ျမန္မာနယ္စပ္ ခ်င္ရိုင္ျပည္နယ္ ကေန ဆက္တိုက္ ၀င္ေရာက္လာေနတဲ့ မူးယစ္ေဆး၀ါး သယ္ေဆာင္လမ္းေၾကာင္းေတြကို ပိတ္ဆိုဖမ္းဆီးခဲ့ရာမွာ ဒီဇင္ဘာလ ၂၂ နဲ႔ ၂၃ ရက္ ႏွစ္ရက္အတြင္း စိတ္ၾကြေဆး ၁၆သန္းေက်ာ္ နဲ႔ ice မူးယစ္ေဆး ကီလို ၇၀၀ ဖမ္းမိခဲ့ပါတယ္။

၂၂ရက္ေန႔ကေတာ့ စိတ္ၾကြေဆး ၄သန္း ၆သိန္း သယ္ေဆာင္လာတဲ့ ကားတစ္စီးကို နကြန္စ၀မ္ ျပည္နယ္အတြင္း ရဲတပ္ဖြဲ႔က ပိတ္ဆို႔ဖမ္းဆီးခဲ့ရာမွာ ကားေမာင္းသူက ကားကို အရွိန္ျမင့္ေမာင္းကာ ထြက္ေျပးခဲ့တာေႀကာင့္ ကားကလမ္းေဘးထိုးက်ျပီး ကားေမာင္းသူနဲ႔အတူ စိတ္ႀကြေဆးေတြကို ဖမ္းမိခဲ့ပါတယ္။

ဒီဇင္ဘာလ ၂၃ ရက္ေန႔ကလည္း ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ကေန ၀င္လာတဲ့ ေျပာင္းေစ့ေတြတင္လာတဲ့ ကုန္တင္ကားၾကီးကို စင္ဘူရီ ျပည္နယ္အေရာက္မွာ ဖမ္းဆီးစစ္ေဆးခဲ့ရာ ေျပာင္းေစ့ေတြေအာက္မွာဖြက္ျပီး သယ္ေဆာင္လာတဲ့ စိတ္ႀကြေဆးျပာ ၁၁ သန္းေက်ာ္နဲ႔ ice မူးယစ္ေဆး ကီလို ၇၀၀ကုိ ဖမ္းမိခဲ့တယ္လို႔ဆိုပါတယ္။ ကာလတန္ဖိုး ဘတ္ေငြသန္းေပါင္း ၁၅၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆး၀ါးေတြဟာ အိမ္နီးခ်င္းႏို္င္ငံကေန လာတာျဖစ္တယ္လို႔ ထုိင္းမူးယစ္ႏွိမ္နင္းေရးအဖဲြ႔ ကဆုိပါတယ္။

ရဲခ်ဳပ္ ဒန္လံုဆပ္ ကစ္တီပရာဖတ္ က ထုိင္းဘာသာနဲ႔အခုလိုေျပာသြားပါတယ္။

" အခုလိုဖမ္းမိတာကေတာ့ ျပစ္မူ႔က်ဳးလြန္သူေတြဟာ အရင္ကတည္းက မူးယစ္ေဆး၀ါးမႈေတြနဲ႔ ဖမ္းဆီးခံရဘူးသူေတြျဖစ္ျပီး သူတို႔ေနာက္ကေန လိုက္လံ ေထာက္လွမ္းရင္းနဲ႔ အခုလို အလံုးအရင္းနဲ႔ ဖမ္းမိခဲ့တာျဖစ္တယ္လို႔ ဆုိပါတယ္။ သူတို႔ရဲ႔ ေနာက္ကြယ္က မူးယစ္ေမွာင္ခိုသမားေတြကိုလည္း ဆက္လက္ေဖာ္ထုတ္ အေရးယူသြားမယ္" လို႔လည္း ေျပာသြားပါတယ္။

၂၀၂၁ ခုႏွစ္ တႏွစ္တာအတြင္း အေရွ ့ေတာင္အာရွမွာ ဖမ္းဆီးနိုင္ခဲ့တဲ့ စိတ္ၾကြေဆးျပားဟာ သန္းေပါင္း ၁၀၀၀ရွိတယ္လို႔ United Nations Office on Drugs and Crime (UNODC) လည္းေျပာထားျပီး အမ်ားစုကေတာ့ ထုိင္း ၊ျမန္မာ၊ လာအို၀္ ဆုံရာ ေရႊၾတိဂံေဒသကေန ၀င္ေရာက္လာေနတာျဖစ္ပါတယ္။

အခုဆိုရင္ စိတ္ႀကြေဆးျပားေတြဟာ ထုိင္းႏိုင္ငံထဲကို အလံုးအရင္းနဲ႔ ဝင္ေရာက္လာေနျပီး အရင္တုန္းက စိတ္ႀကြေဆးတလံုးကို ဘတ္ေငြ ၂၀၀ ေလာက္ရွိရာကေန တလံုးဘတ္ ၅၀ထိ ေစ်းထုိးက်သြားခဲ့ေႀကာင္း ထုိင္းႏို္င္ငံရဲ႔ မူးယစ္ေဆး၀ါး ႏွိမ္နင္းေရး အစီရင္ခံစာေတြမွာ ေဖာ္ျပႀကပါတယ္။

တိုက္႐ိုက္ လင့္ခ္

မူးယစ်ဆေးဝါး အမြောက်အများ ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိ

{{Zawgyi/Unicode}}

ခရစ်စမတ်ကာလအတွင်း ထိုင်း ၊ မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ ဆက်တိုက် ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လမ်းကြောင်းတွေကို ပိတ်ဆို့ ဖမ်းဆီးခဲ့ရာမှာ ဒီဇင်ဘာလ၂၂ရက်နေ့ နဲ့ ၂၃ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် စိတ်ကြွဆေးပြားအလုံး ၁၆သန်းကျော် နဲ့ Ice မူးယစ်ဆေး ကီလို ၇၀၀ လောက် ဖမ်းမိခဲ့တယ်လို့ ထိုင်းမူးယစ်နှိမ်နင်းရေးဗျူရို က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံ မူးယစ်နိုမ်နင်းရေးဗျူရို က ဒီဇင်ဘာလ ၂၅ရက်နေ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ Pol. Gen. Damrongsak Kittipraphat ရဲချုပ် ဒန်လုံဆပ် ကစ်တီပရာဖတ် က ခရစ်စမတ်ကာလမှာ မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းဆီးမိတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ၊

ထိုင်း၊ မြန်မာနယ်စပ် ချင်ရိုင်ပြည်နယ် ကနေ ဆက်တိုက် ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လမ်းကြောင်းတွေကို ပိတ်ဆိုဖမ်းဆီးခဲ့ရာမှာ ဒီဇင်ဘာလ ၂၂ နဲ့ ၂၃ ရက် နှစ်ရက်အတွင်း စိတ်ကြွဆေး ၁၆သန်းကျော် နဲ့ ice မူးယစ်ဆေး ကီလို ၇၀၀ ဖမ်းမိခဲ့ပါတယ်။

၂၂ရက်နေ့ကတော့ စိတ်ကြွဆေး ၄သန်း ၆သိန်း သယ်ဆောင်လာတဲ့ ကားတစ်စီးကို နကွန်စဝမ် ပြည်နယ်အတွင်း ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ ကားမောင်းသူက ကားကို အရှိန်မြင့်မောင်းကာ ထွက်ပြေးခဲ့တာကြောင့် ကားကလမ်းဘေးထိုးကျပြီး ကားမောင်းသူနဲ့အတူ စိတ်ကြွဆေးတွေကို ဖမ်းမိခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ကနေ ဝင်လာတဲ့ ပြောင်းစေ့တွေတင်လာတဲ့ ကုန်တင်ကားကြီးကို စင်ဘူရီ ပြည်နယ်အရောက်မှာ ဖမ်းဆီးစစ်ဆေးခဲ့ရာ ပြောင်းစေ့တွေအောက်မှာဖွက်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြာ ၁၁ သန်းကျော်နဲ့ ice မူးယစ်ဆေး ကီလို ၇၀၀ကို ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ ကာလတန်ဖိုး ဘတ်ငွေသန်းပေါင်း ၁၅၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဟာ အိမ်နီးချင်းနိုင်ငံကနေ လာတာဖြစ်တယ်လို့ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့ ကဆိုပါတယ်။

ရဲချုပ် ဒန်လုံဆပ် ကစ်တီပရာဖတ် က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

" အခုလိုဖမ်းမိတာကတော့ ပြစ်မူ့ကျုးလွန်သူတွေဟာ အရင်ကတည်းက မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးခံရဘူးသူတွေဖြစ်ပြီး သူတို့နောက်ကနေ လိုက်လံ ထောက်လှမ်းရင်းနဲ့ အခုလို အလုံးအရင်းနဲ့ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ နောက်ကွယ်က မူးယစ်မှောင်ခိုသမားတွေကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်" လို့လည်း ပြောသွားပါတယ်။

၂၀၂၁ ခုနှစ် တနှစ်တာအတွင်း အရှေ့တောင်အာရှမှာ ဖမ်းဆီးနိုင်ခဲ့တဲ့ စိတ်ကြွဆေးပြားဟာ သန်းပေါင်း ၁၀၀၀ရှိတယ်လို့ United Nations Office on Drugs and Crime (UNODC) လည်းပြောထားပြီး အများစုကတော့ ထိုင်း ၊မြန်မာ၊ လာအိုဝ် ဆုံရာ ရွှေတြိဂံဒေသကနေ ဝင်ရောက်လာနေတာဖြစ်ပါတယ်။

အခုဆိုရင် စိတ်ကြွဆေးပြားတွေဟာ ထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာနေပြီး အရင်တုန်းက စိတ်ကြွဆေးတလုံးကို ဘတ်ငွေ ၂၀၀ လောက်ရှိရာကနေ တလုံးဘတ် ၅၀ထိ ဈေးထိုးကျသွားခဲ့ကြောင်း ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အစီရင်ခံစာတွေမှာ ဖော်ပြကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG