သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြောက်ပိုင်း ကုန်စိမ်းကားပေါ် မူးယစ်ဆေးအများအပြားဖမ်းမိ 


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ် ချန်းဖုဝါ့နယ်ထဲ မောင်းဝင်လာတဲ့ကုန်စိမ်းကားပေါ်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးများ။ (စက်တင်ဘာ ၃၀၊ ၂၀၂၃)
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ် ချန်းဖုဝါ့နယ်ထဲ မောင်းဝင်လာတဲ့ကုန်စိမ်းကားပေါ်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးများ။ (စက်တင်ဘာ ၃၀၊ ၂၀၂၃)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ် ချန်းဖုဝါ့နယ်မြေထဲ မောင်းဝင်လာတဲ့ ကုန်စိမ်းကားတစီးကို နယ်မြေရဲတပ်ဖွဲ့ဝင်တွေက ကြိုတင်သတင်းအရ စက်တင်ဘာလ ၃၀ ရက်နေ့ညက လမ်းတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။ ဒီဖမ်းဆီးမှုအတွင်း ကုန်စိမ်းတွေကြားမှာဝှက်ပြီး သယ်ဆောင်လာတဲ့ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား အလုံးရေ ၆ သန်းနဲ့ ice မူးယစ်ဆေးကီလို ၃၀ ကို ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ် ချန်းဖုဝါ့နယ်မြေထဲ မောင်းဝင်လာတဲ့ ကုန်စိမ်းကားတစီးပေါ်က ဂေါ်ဖီထုတ်တွေကြားမှာ မူးယစ်ဆေးဝါးတွေ သယ်လာမယ်ဆိုတာကို နယ်မြေခံရဲတပ်ဖွဲ့က ကြိုတင်သတင်းရတဲ့အတွက် ဖမ်းဆီးခဲ့တာပါ ။မူးယစ်ဆေးအမြောက်အများဖမ်းဆီးမိတာနဲ့ပတ်သက်လို့ ထိုင်း ရဲချုပ် Police General Torsak Sukwimon ကအခုလိုပြောသွားပါတယ်။

ဒီစိတ်ကြွဆေးပြားတွေဟာ အိမ်နီးချင်းနိုင်ငံကတဆင့် ထိုင်းမြောက်ပိုင်း ချင်းရိုင် ချင်းမိုင်ကတဆင့် ဝင်ရောက်လာနေတာပါ။ ဒီလမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ဖို့ အရေးပေါ် ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။ ကွင်းဆက်အနေနဲ့ မူးယစ်ဆေးဝါးတွေကို ရောင်းချဖြန့်ဖြူး ကြိုးကိုင်နေတဲ့ နောက်ကွယ်က အဓိက တရားခံတွေကိုဖမ်းမိဖို့ လုပ်ဆောင်သွားမယ်" လို့ ပြောဆိုသွားပါတယ်။

ကုန်စိမ်းကားပေါ်က ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေဟာ ကာလတန်ဖိုး ဘတ်ငွေ သန်း ၁,၀၀၀ ကျော်လောက်တန်ဖိုးရှိတဲ့စိတ်ကြွဆေး ၆ သန်း၊ အိုက်စ် မူးယစ်ဆေး ကီလို ၃၀ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ကားအတွင်းပိုင်းမှာထားပြီး အပေါ်ကနေ ဂေါ်ဖီ တွေဖုံးအုပ် သယ်ဆောင်လာတာဖြစ်ပါတယ်။ ကားမောင်းသူဟာ အသက်၂၀ အရွယ် တောင်ပေါ် တိုင်းရင်းသားတဦးဖြစ်ပြီး ဒီမူးယစ် ဆေးဝါးတွေကို ရွှေတြိဂံဒေသက မူးယစ်ကုန်သည်တွေက အခကြေးငွေပေးပြီး သယ်ဆောင်ခိုင်းခဲ့တာ" ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ချင်းမိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ တနေ့တည်းမှာပဲ ချုံဖွန်ခရိုင်ကနေ မလေးရှားနယ်စပ်ကိုပို့မယ့် စိတ်ကြွဆေးပြားနှစ်သန်း သယ်ဆောင်လာတဲ့ကားတစီးနဲ့ မူးယစ်မှောင်ခိုသမားလေးဦးကို ချုံဖွန်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေးဝါးတွေကို နှိမ်နင်းနေတဲ့ကြားက ရွှေတြိဂံဒေသက မူးယစ် ဆေးဝါးတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းကတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို တိုက်ဝင်ရောက်လာနေတာ ဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG