သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအတိုက်အခံ ၄၄ ယောက်ကို စုံစမ်းစစ်ဆေးနေ


Move Forward ပါတီ ခေါင်းဆောင်များနဲ့ ပါတီဝင်များကို သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရစဉ် (ဩဂုတ် ၇၊ ၂၀၂၄)
Move Forward ပါတီ ခေါင်းဆောင်များနဲ့ ပါတီဝင်များကို သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရစဉ် (ဩဂုတ် ၇၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ အတိုက်အခံ ပါတီဝင် ၄၄ ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမူတိုက်ဖျက်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။ စစ်ဆေးခံနေရသူတွေထဲက ၂၅ ယောက်ဟာ လက်ရှိလွှတ်တော် အမတ်တွေ ဖြစ်ကြပြီး ၄၄ ယောက်လုံးဟာ ဖျက်သိမ်းခံခဲ့ရတဲ့ Move Forward ပါတီမှာ အရင်က ပါတီဝင်တွေဖြစ်ကြပါတယ်။

၄၄ ယောက်ထဲက တချို့ကိုပဲ တယောက်ချင်းစီခေါ်ယူစစ်ဆေးနေတာဖြစ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ကော်မရှင် ဒုအတွင်းရေးမှူးချုပ် Sarote Phuengrampan က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အချက်အလက် စုဆောင်းတဲ့ အဆင့်ပဲရှိသေးပြီး ဘယ်သူ့ကိုမှ ပုဒ်မတပ် အမှု မဖွင့်သေးဘူးလို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်ရင် ရာဇဝတ်မှုမြောက်တဲ့ ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ကတိကြောင့် Move Forward ပါတီကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်ခဲ့လို့ ပါတီဖျက်သိမ်းခဲ့ရတာပါ။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာ ခေါင်းဆောင်သစ်နဲ့ လူထုပါတီ Prachachon ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

ထိုင်းနိုင်ငံဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့က ကျင့်ဝတ်နဲ့ မညီဘူးလို့ တွေ့ရှိခဲ့ရင် စုံစမ်းစစ်ဆေးခံနေကြရသူတွေကို အမှုဖွင့် နိုင်မှာဖြစ်ပါတယ်။

ထိုင်းအတိုက်အခံ ၄၄ ယောက်ကို စုံစမ်းစစ်ဆေးနေ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG