သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူတွင်းပိတ်မိ ထိုင်းလူငယ် ရှစ်ဦးမြောက် ကယ်တင်


ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က လှိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ ကျောင်းသားလေး ၁၂ ဦးနဲ့ နည်းပြတဦးပေါင်း ၁၃ ဦး ကို ကယ်ဆယ်နိုင်ဖို့အတွက် ထိုင်းရေတပ်တပ်ဖွဲနဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ပြီး ဒီကနေ့မှာ နောက်ထပ် ကလေး၄ယောက်ကို ကယ်ထုတ်ခဲ့ရာမှာကလေးအားလုံး ၈ဦးရှိသွားပြီ ဖြစ်ကြောင်း ထိုင်းရေတပ်ကအတည်ပြုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ဇွန်လ ၂၃ရက်နေ့ကတည်း ကျောက်လှိုင်ဂူထဲကို ဝင်သွားပြီး ပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းဝင် ၁၃ဦးထဲက ဇူလိုင်လ၈ ရက်နေ့မှာ ၄ဦး ဇူလိုင် လ၉ရက်နေ့ မှာ ၄ဦး စုစုပေါင်း ၈ဦး ကို ကယ်ဆယ်နိုင်ခဲ့ပါပြီ။ ဒီလို ကယ်ဆယ်ဖို့အတွက် ထိုင်းရေတပ်နဲ့ နိုင်ငံတကာကယ်ဆယ်ရေးတွေက ဒုတိယမြောက်နေ့မှာတော့ မနက် ၁၁နာရီ ကနေ ကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်ခဲ့ကြောင်း ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက မွန်းလွဲပိုင်း ကသတင်းစာ ရှင်းလင်းခဲ့ပါတယ်။

ညနေပိုင်း ထိုင်းစံတော်ချိန် ၈နာရီခွဲလောက်မှာတော့ အပြင်ကို ကလေး ၄ယောက် ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ကြောင်း အားလုံး၈ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ထိုင်းရေတပ်က ထုတ်ပြန်ခဲ့ပါတယ်

ထိုင်းအမျိုးသမီးပြောပြတာကတော့

"ဒိနေ့အတွက်မှာက အားလုံး ၄ယောက်ကယ်လို့ ရတာပေါ့ မနေ့က ၄ယောက်ပေါ့ အားလုံးပေါင်းရင် ၈ယောက် ဂူထဲကထွက်လာနိုင်ခဲ့တာပေါ့နော်"

ဇူလိုင်လ၈ ရက်နေ့ ပထမဦးဆုံအနေနဲ့ ကလေး ၄ယောက်ကိုကယ်ထုတ်ခဲ့ပြီးတဲ့နောက် ကယ်ဆယ်ရေး လုပ်ရာမှာအသုံးပြုရတဲ့ အောင်စီဂျင်ဘူးတွေလိုအပ်နေတာကြောင့် ၄ယောက်ထိပဲ ကယ်ဆယ်နိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောဆိုခဲ့ပါတယ်။ နောက်ထပ်အခက်အခဲကတော့ ရဟတ်ယာဉ်အနေနဲ့ပျံသန်းရာမှာလမ်းကြောင်းမှားတာမျိုးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီကလေးတွေ ဟာဂူအတွင်းမှာ ပိတ်မိနေတာ ၂ပတ်ကျော်လာပြီးတဲ့နောက်မှာတော့ ဂူထဲမှာ အောက်စီဂျင်ရရှိမူ နည်းလာတဲ့အတွက် သူတို့ရဲ့ကျန်းမာရေးတွေလည်း တဖြည်းဖြည်းထိခိုက်မူတွေရှိလာတာပါ ။

မဲဆိုင်မြို့ကျောက်လှိုင်ဂူ အတွင်းမှာ ပိတ်မိနေတဲ့ ကလေးတွေကို ကယ်ဆယ်ရင်းနဲ့ ဇူလိုင်လ ၆ရက်နေ့ကတော့ ရေတပ်တပ်ကြပ်ကြီးတဦး ဟာရေငုတ်ရင်းနဲ့ အသက်ရှူရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံတကာ ရေငုတ်သမားတွေ အပါအဝင်ထိုင်ရေတပ်ကနေ ရေငုတ်ပြီးကလေးတွေကို ကယ်ဆယ်မူလုပ်ခဲ့တာ ဒုတိယနေ့ မှာလည်းကလေးတွေကိုအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG