သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟောင်း Thaksin ဘုရင်မိသားစုအပေါ် ဝေဖန်မှုနဲ့ အရေးယူခံရဖွယ်ရှိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ သူ့ရဲ့ သမီးဖြစ်သူ ပေထုံထရမ်ရှင်နာဝပ် (ယာ)တို့ ထောက်ခံသူတွေကို နှုန်ဆက်နေစဉ် (ဩဂုတ် ၂၂၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ သူ့ရဲ့ သမီးဖြစ်သူ ပေထုံထရမ်ရှင်နာဝပ် (ယာ)တို့ ထောက်ခံသူတွေကို နှုန်ဆက်နေစဉ် (ဩဂုတ် ၂၂၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုတွေအပေါ် ဝေဖန်ပြောဆိုခွင့်မရှိဘူးဆိုတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို တရားစွဲဖို့ ပြင်ဆင်နေကြောင်း အစိုးရရှေ့နေတွေက ပြောလိုက်ပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin အနေနဲ့ သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေကို လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ တရားရုံးမှာ လာရောက် ထွက်ဆိုရမယ်လို့ ရှေ့နေချုပ်ရုံးက အရာရှိတွေက ဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ပြောပါတယ်။ မစ္စတာ Thaksin ဟာ လက်ရှိမှာ ကိုဗစ်ရောဂါ ကူးစက်နေတဲ့အတွက် ဒီကနေ့ ရုံးချိန်းကို မလာနိုင်ခဲ့ဘူးလို့ သူ့ရှေ့နေက ပြောပါတယ်။

၂၀၁၅ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားသတင်းထောက်တွေနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း သူပြောဆိုခဲ့တဲ့အချက်တွေကြောင့် မစ္စတာ Thaksin အပေါ် စွဲချက်တင်လိုက်တာပါ။ Les Majeste လို့ခေါ်တဲ့ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုအပေါ် ဝေဖန် ပြောဆိုခြင်း တားမြစ် ပိတ်ပင်ထားတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ လူပေါင်း ၂၇၀ လောက် စွဲချက်တင်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

ဒီအမှုအပြင် ဝန်ကြီးချုပ်ဟောင်း Thaksin အနေနဲ့ ကွန်ပြူတာရာဇဝတ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့လည်း စွဲချက်တင်ခံထားရတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

သူ့အပေါ်တင်ထားတဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်တွေကို တိမ်းရှောင်ပြီး ဝန်ကြီးချုပ်ဟောင်း Thaksin ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ နေထိုင်ခဲ့ရာက မနှစ်ဩဂုတ်လက ထိုင်းနိုင်ငံကို ပြန်လာပြီး အဖမ်းခံခဲ့ပါတယ်။ ဒါပေမယ့် သူကျခံရမယ့် ၈ နှစ်အတွက် လအနည်းငယ်သာ ထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် ဘုရင် Maha Vajiralongkorn က ပြစ်ဒဏ်ကို တနှစ်သာ ကျခံစေဖို့ လျှော့ချပေးခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Thaksin ဘုရင်မိသားစုအပေါ် ဝေဖန်မှုနဲ့ အရေးယူခံရဖွယ်ရှိ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG