သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီဇာသက်တမ်း တိုးပေးဖို့နဲ့ သတ်မှတ်ချက်တွေ လျှော့ပေးဖို့ ထိုင်းအစိုးရ အတည်ပြု


ထိုင်းနိုင်ငံဘန်ကောက်မြို့ ခရီးသွားဧည့်သည်တွေစည်ကားရာ မြစ်ကမ်းဘေး
ထိုင်းနိုင်ငံဘန်ကောက်မြို့ ခရီးသွားဧည့်သည်တွေစည်ကားရာ မြစ်ကမ်းဘေး

ထိုင်းနိုင်ငံစီးပွားရေးအတွက် အဓိကကျတဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ခရီးသွားတွေ၊ ဘွဲ့လွန်ကျောင်းသားတွေ၊ အဝေးကနေ အလုပ်လုပ်တဲ့သူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း တိုးပေးပြီး၊ အငြိမ်းစားတွေအတွက်လည်း ပိုပြီးအဆင်ပြေစေမယ့် ဗီဇာတွေထုတ်ပေးဖို့ ထိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။

လာမယ့် ဇွန်လကနေစပြီး ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံကနေ ၉၃ နိုင်ငံအထိ တိုးပေးမှာဖြစ်သလို၊ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမယ့်နိုင်ငံတွေကိုလည်း ထပ်တိုးသွားမယ်လို့ ထိုင်းအစိုးရပြောခွင့်ရ Chai Wacharonke က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောပါတယ်။

အငြိမ်းစားယူနေထိုင်လိုတဲ့ နိုင်ငံခြားသားတွေအတွက် အာမခံလိုအပ်ချက်တွေကို ဖြေလျှော့ပေးမှာဖြစ်သလို၊ နိုင်ငံရပ်ခြားကနေ ကျောင်းလာတက်တဲ့ ကျောင်းသားတွေကိုလည်း ဘွဲ့ရပြီးပါက တနှစ် ထပ်မံနေထိုင်ခွင့်ပြုမယ်လို့လည်း ပြောပါတယ်။ ခရီးသွားလုပ်ငန်းဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။

ဆိုက်ရောက်ဗီဇာအတွက် ရက်ပေါင်း ၃၀ ကနေ ရက်ပေါင်း ၆၀ အထိ နေထိုင်ခွင့်သက်တမ်း တိုးပေးလိုက်တာကလည်း ခရီးသွားဧည့်သည် တိုးရရေးနဲ့ ဈေးကွက်ကို အလျင်အမြန်ကြီးထွားလာနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် ပညာရှင်တွေနဲ့ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက် အရင်က ရက်ပေါင်း ၆၀ မှာတခါ သက်တမ်းတိုးရပြီး ၅နှစ်အထိ နေထိုင်ခွင့်ရှိတဲ့ ဗီဇာကို အခုအခါမှာ ရက်ပေါင်း ၁၈၀ မှာတခါ သက်တမ်းတိုးရမှာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဒီနှစ် ဇန်နဝါရီကနေ မေလ ၂၆ ရက်အထိ ကမ္ဘာလှည့်ခရီးသွား ၁၄ ဒသမ ၃ သန်း ဝင်ရောက်ခဲ့ပြီး တနှစ်တာအတွင်း နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်မှု သန်း ၄၀ အထိ စံချိန်တင် ဝင်ရောက်ဖို့ရည်မှန်းထားပြီး၊ ဝင်ငွေ ဘတ် ၃ ဒသမ ၅ ထရီလီယံ (ဒေါ်လာအားဖြင့် ၉၅ ဒသမ ၇၃ ဘီလီယံ) ရဖို့လည်း ရည်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG