သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖရိက၀က္တုပ္ေကြး ထိုင္းႀကိဳတင္ကာကြယ္


အာဖရိက ဝက္တုပ္ေကြးေရာဂါ ျဖစ္ပြါးလာႏုိင္ေျခရွိတဲ့အတြက္ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ဝက္ အေကာင္ေရ ၂၀၀ ေက်ာ္ကို သုတ္သင္ခဲ့တယ္လို႔ ထိုင္းအာဏာပိုင္ေတြက အဂၤါေန႔မွာ အတည္ျပဳပါတယ္။

ထိုင္းႏိုင္ငံမွာ ဝက္တုပ္ေကြးေရာဂါ ျဖစ္ပြါးမႈ ရွိမရွိ အတိအက် မသိရေသးေပမယ့္ အိမ္နီးခ်င္း ျမန္မာ၊ လာအိုန႔ဲ ကေမာၻဒီးယား ႏုိင္ငံေတြမွာ ဝက္တုပ္ေကြးနဲ႔ ေသဆံုးမႈ ရွိေၾကာင္း အတည္ျပဳခ်က္ေတြ ရထားတာေၾကာင့္ အခု ထိုင္းအာဏာပိုင္ေတြက ပထမဆံုး အျဖစ္ အေရးယူ ေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံကေန ၁၂ မိုင္ခြဲေလာက္အကြာမွာ ရွိတဲ့ ထိုင္းေျမာက္ပိုင္းက ခ်င္းရိုင္ခရိုင္မွာ ဝက္ ၂ ေကာင္ ထူးဆန္းစြာ ေသဆံုးခဲ့တဲ့ေနာက္ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ အခုလို ဝက္ေတြကို သုတ္သင္ခဲ့တာ ျဖစ္ေၾကာင္း ထုိင္းေမြးျမဴေရးဆိုင္ရာ ဌာနက ေျပာပါတယ္။ အခု သုတ္သင္ခဲ့တဲ ဝက္ေတြဟာ ဖ်ားနာၿပီး ေသဆံုးသြားတဲ ဝက္ ၂ ေကာင္ ရွိတဲ့ ေနရာကေန မို္င္ဝက္ အတြင္းမွာ ေမြးထားတဲ့ ဝက္ေတြ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေသဆံုးတဲ့ ဝက္ေတြရဲ့ ေသြးနဲ႔ တစ္သွ်ဴး နမူနာေတြကို ဓါတ္ခြဲခန္းေတြ ေပးပို႔ စစ္ေဆးထားတာ ျဖစ္ၿပီး ဓါတ္ခြဲခန္း ရလဒ္က ၁၄ ရက္ေလာက္ ၾကာႏုိင္တာ ျဖစ္ပါတယ္။

အာဖရိက ဝက္တုပ္ေကြး ေရာဂါဟာ ၿပီးခဲ႔တဲ႔ ၾသဂုတ္လထဲမွာ တရုတ္ႏုိင္ငံမွာ ေတြ႔ရွိခဲ့တာ ျဖစ္ၿပီး တရုတ္ႏုိင္ငံက ဝက္အားလံုးရဲ့ ရာခိုင္ႏႈန္း ၄၀ ေလာက္ကို သုတ္သင္ပစ္ခဲ့ရတာပါ။ အဲဒီအခ်ိန္ကစၿပီး အာရွ တလႊားအျပင္ မြန္ဂိုလီယား၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ လာအို၊ ျမန္မာ၊ ဖိလစ္ပိုင္နဲ႔ ေတာင္ကိုရီးယား ႏိုင္ငံ ေတြကို ျပန္႔သြားခဲ့ပါတယ္။

(ယူနီကုဒ္)

အာဖရိကဝက်တုပ်ကွေး ထိုင်းကြိုတင်ကာကွယ်

အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွါးလာနိုင်ခြေရှိတဲ့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဝက် အကောင်ရေ ၂၀၀ ကျော်ကို သုတ်သင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက အင်္ဂါနေ့မှာ အတည်ပြုပါတယ်။
ထိုင်းနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွါးမှု ရှိမရှိ အတိအကျ မသိရသေးပေမယ့် အိမ်နီးချင်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ ဝက်တုပ်ကွေးနဲ့ သေဆုံးမှု ရှိကြောင်း အတည်ပြုချက်တွေ ရထားတာကြောင့် အခု ထိုင်းအာဏာပိုင်တွေက ပထမဆုံး အဖြစ် အရေးယူ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ၁၂ မိုင်ခွဲလောက်အကွာမှာ ရှိတဲ့ ထိုင်းမြောက်ပိုင်းကချင်းရိုင်ခရိုင်မှာ ဝက် ၂ ကောင် ထူးဆန်းစွာ သေဆုံးခဲ့တဲ့နောက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို ဝက်တွေကို သုတ်သင်ခဲ့တာ ဖြစ်ကြောင်း ထိုင်းမွေးမြူရေးဆိုင်ရာ ဌာနက ပြောပါတယ်။ အခု သုတ်သင်ခဲ့တဲ ဝက်တွေဟာ ဖျားနာပြီး သေဆုံးသွားတဲ ဝက် ၂ ကောင် ရှိတဲ့ နေရာကနေ မိုင်ဝက် အတွင်းမှာ မွေးထားတဲ့ ဝက်တွေ ဖြစ်ကြောင်းလည်း ပြောပါတယ်။
သေဆုံးတဲ့ ဝက်တွေရဲ့ သွေးနဲ့ တစ်သျှူး နမူနာတွေကို ဓါတ်ခွဲခန်းတွေ ပေးပို့စစ်ဆေးထားတာ ဖြစ်ပြီး ဓါတ်ခွဲခန်း ရလဒ်က ၁၄ ရက်လောက် ကြာနိုင်တာ ဖြစ်ပါတယ်။
အာဖရိက ဝက်တုပ်ကွေး ရောဂါဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ တရုတ်နိုင်ငံမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံက ဝက်အားလုံးရဲ့ ရာခိုင်နှုန်း ၄၀ လောက်ကို သုတ်သင်ပစ်ခဲ့ရတာပါ။ အဲဒီအချိန်ကစပြီး အာရှ တလွှားအပြင် မွန်ဂိုလီယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယား နိုင်ငံ တွေကို ပြန့်သွားခဲ့ပါတယ်။

အာဖရိက၀က္တုပ္ေကြး ထိုင္းႀကိဳတင္ကာကြယ္
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG