သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း တင္းမာမႈေလွ်ာ့ခ်ၿပီး ဖမ္းထားသူေတြျပန္လႊတ္ဖို႔ ထုိင္းႏုိင္ငံေတာင္းဆို


ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Tanee Sangrat။ (မတ္ ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းအၿပီး အၾကမ္းဖက္မႈေတြ ျပင္းထန္လာတာကို အထူးစိုးရိမ္တႀကီးနဲ႔ အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ထိုင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရက ဆိုလိုက္ပါတယ္။

အိမ္နီးခ်င္း ျမန္မာႏိ္ုင္ငံတြင္းက တင္းမာေနတဲ့အေျခအေနေတြကို ေလွ်ာ့ခ်ႏိုင္အာင္ၾကိဳးပမ္းဖို႔နဲ႔ ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုလိုက္တယ္လို႔လည္း ထိ္ုင္းႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာခြင့္ရ Tanee Sangrat က ဒီေန႔ ေျပာလိုက္ပါတယ္။

သူက ဆက္ၿပီး ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ အရွည္ႀကီးကပ္တည္ရွိေနတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္ၾကၿပီး ထိုင္းျပည္သူေတြအေနနဲ႔လည္း ျမန္မာနဲ႔ အေတာ္မ်ားမ်ား နီးနီးကပ္ကပ္ဆက္ဆံေရးရွိတာေၾကာင့္ ျမန္မာႏိုင္ငံထဲျဖစ္ပ်က္ေနတာေတြအေပၚ အခုလိုစိုးရိမ္ႀကီးစြာ ေစာင့္ၾကည့္ေနရတာပါလို႔ ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏို္ငံထဲမွာ အၾကမ္းဖက္မႈေတြ ျမင့္တက္လာတာေၾကာင့္ လူ႔အသက္ေတြ ဆံုးရံႈးေနရတာနဲ႔ ဒုကၡခံစားေနရတာအတြက္လည္း အျခားႏိုင္ငံေတြနဲအတူ အထူးစိတ္မေကာင္းျဖစ္ေနရတယ္လို႔ ထိုင္းႏိုင္ငံျခားေရးေျပာခြင့္ရ Tanee က ဆက္ေျပာပါတယ္။

ေျပာခြင့္ရ Tanee ကပဲ ျမန္မာႏိုင္ငံထဲ သက္ဆိုင္ရာဘက္အားလံုးက အတတ္ႏိ္ုင္ဆံုး ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းနဲ႔ ထိန္းထိန္းသိ္မ္းသိမ္း ေဆာင္ရြက္ၾကၿပီး အျပဳသေဘာေဆာင္ ေဆြးေႏြးႏိုင္မယ့္လမ္းေၾကာင္းအားလံုးကို သံုးၿပီး ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ေရး ႀကိဳးပမ္းသြားၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ျမန္မာစစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပပြဲေတြထဲ လံုျခံဳေရးတပ္ဖြဲ႔ေတြက ပစ္ခတ္ ႏွိမ္နင္းေနတာေတြကို ေတြ႕ခဲ့ရတဲ့အေပၚလည္း အင္မတန္ ၀မ္းနည္းစိတ္မေကာင္း ျဖစ္ရပါတယ္လို႔ ထိုင္းႏိုင္ငံျခားေရးဌာ ေျပာခြင့္ရက ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံတွင်း တင်းမာမှုလျှော့ချပြီး ဖမ်းထားသူတွေပြန်လွှတ်ဖို့ ထိုင်းနိုင်ငံတောင်းဆို

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး အကြမ်းဖက်မှုတွေ ပြင်းထန်လာတာကို အထူးစိုးရိမ်တကြီးနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုလိုက်ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံတွင်းက တင်းမာနေတဲ့အခြေအနေတွေကို လျှော့ချနိုင်အာင်ကြိုးပမ်းဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Tanee Sangrat က ဒီနေ့ ပြောလိုက်ပါတယ်။

သူက ဆက်ပြီး မြန်မာနိုင်ငံနဲ့ နယ်စပ် အရှည်ကြီးကပ်တည်ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး ထိုင်းပြည်သူတွေအနေနဲ့လည်း မြန်မာနဲ့ အတော်များများ နီးနီးကပ်ကပ်ဆက်ဆံရေးရှိတာကြောင့် မြန်မာနိုင်ငံထဲဖြစ်ပျက်နေတာတွေအပေါ် အခုလိုစိုးရိမ်ကြီးစွာ စောင့်ကြည့်နေရတာပါလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုငံထဲမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် လူ့အသက်တွေ ဆုံးရှုံးနေရတာနဲ့ ဒုက္ခခံစားနေရတာအတွက်လည်း အခြားနိုင်ငံတွေနဲအတူ အထူးစိတ်မကောင်းဖြစ်နေရတယ်လို့ ထိုင်းနိုင်ငံခြားရေးပြောခွင့်ရ Tanee က ဆက်ပြောပါတယ်။

ပြောခွင့်ရ Tanee ကပဲ မြန်မာနိုင်ငံထဲ သက်ဆိုင်ရာဘက်အားလုံးက အတတ်နိုင်ဆုံး ပျော့ပျော့ပြောင်းပြောင်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြပြီး အပြုသဘောဆောင် ဆွေးနွေးနိုင်မယ့်လမ်းကြောင်းအားလုံးကို သုံးပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေထဲ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းနေတာတွေကို တွေ့ခဲ့ရတဲ့အပေါ်လည်း အင်မတန် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာ ပြောခွင့်ရက ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG