သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူစုံမက်သူချင်း လက်ထပ်ခွင့်ဥပဒေ ထိုင်းဘုရင်လက်မှတ်ထိုးအတည်ပြု


ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က အစိုးရလွှတ်တော်မှာ အထက်လွှတ်တော်က လိင်တူလက်ထပ်ခွင့်ကို တခဲနက်အတည်ပြုပေးပြီးတဲ့နောက် မီးရှူးမီးပန်းတွေ ပစ်ဖောက်ကြစဥ်။ (ဇွန် ၁၈၊ ၂၀၂၄)
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က အစိုးရလွှတ်တော်မှာ အထက်လွှတ်တော်က လိင်တူလက်ထပ်ခွင့်ကို တခဲနက်အတည်ပြုပေးပြီးတဲ့နောက် မီးရှူးမီးပန်းတွေ ပစ်ဖောက်ကြစဥ်။ (ဇွန် ၁၈၊ ၂၀၂၄)

ထိုင်းနိုင်ငံတွင်း လိင်တူတွေ တရားဝင်လက်ထပ်ခွင့်ရှိတဲ့ဥပဒေကြမ်းဟာ အင်္ဂါနေ့က တရားဝင်ဥပဒေအတည်ဖြစ်လာပြီးလာမယ့် ဇန်နဝါရီလကစလို့ လိင်တူစုံမက်သူတွေ တရားဝင် ထိမ်းမြားလက်ထပ်ခွင့်ရှိတော့မှာပါ။ ဒီ ဥပဒေကြမ်းကို ထိုင်းဘုရင် မဟာဝိဇိယ လောင်ကွမ်းကအတည်ပြပြီးနောက် ရက် ၁၂၀ အတွင်း ဥပဒေအသက်ဝင်မှာဖြစ်ပါတယ်။ ဒါဟာဆိုရင်ထိုင်ဝမ်၊ နီပေါ နိုင်ငံပြီးရင် ထိုင်းဟာ လိင်တူ တရားဝင်လက်ထပ်ခွင့်ရှိတဲ့ အာရှဒေသ တတိယမြောက်နိုင်ငံဖြစ်လာမှာပါ။

ထိုင်းနိုင်ငံဟာ LGPTQ+ လိင်အယူအဆကွဲပြားမှုလက်ခံတဲ့ နိုင်ငံတခုအဖြစ်သိကြပေမယ့်လို့ တရားဝင်လက်ထပ်ခွင့်ရဖို့ဆယ်စုနှစ်နဲ့ချီ ရုန်းကန်ခဲ့ကြရတာပါ။ လိင်တူ လိင်ကွဲ ဘယ်သူနဲ့မဆို တရားဝင်လက်ထပ်ခွင့်၊ ငွေကြေးနဲ့ ကျန်းမာရေးအခွင့်အရေးရရှိခွင့်တွေကို အာမခံတဲ့ ဒီဥပဒေကြမ်းကို ထိုင်းအောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တွေမှာ ပြီးခဲ့တဲ့ဧပြီလနဲ့ ဇွန်လအတွင်းက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပတ်ထုံတန်ရှင်နဝပ်ကတော့ ဒီ ဥပဒေကြမ်းအတည်ဖြစ်တဲ့အတွက် X လူမှုကွန်ယက်ပေါ်မှာ #Love Wins ဆိုပြီး ချစ်ခြင်း တရားကို ဂုဏ်ပြုခဲ့ပါတယ်။ ဥပဒေအတည်ဖြစ်ပြီဆိုတာနဲ့ လိင်တူချင်းလက်ထပ်နိုင်ဖို့ မြို့တော်တာဝန်ရှိသူတွေ အသင့်ပြင်ထားတယ်လို့ ဘန်ကောက် ဒု မြို့တော်ဝန် ဆန်နွန် ဝမ်စရန်ဘွန်း က ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။Pheu Thai ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ အဓိက ရည်မှန်းချက်တွေထဲ တန်းတူလက်ထပ်ခွင့်ဆိုတာ တချက် အပါအဝင်ဖြစ်ပါတယ်။

လိင်တူစုံမက်သူချင်း လက်ထပ်ခွင့်ဥပဒေ ထိုင်းဘုရင်လက်မှတ်ထိုးအတည်ပြု
 
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG